ဖားကန့် ဂွေခါမော်မှာ တိုက်ပွဲဖြစ်၊ KIA (၃) ယောက်ကျ ဗမာတပ် တစ်ယောက်ဒဏ်ရာရ - NAING NAING SANAY MYANMAR NEWS
Headlines News :

Saturday, October 6, 2012

ဖားကန့် ဂွေခါမော်မှာ တိုက်ပွဲဖြစ်၊ KIA (၃) ယောက်ကျ ဗမာတပ် တစ်ယောက်ဒဏ်ရာရ





KIA တပ်မဟာ (၂) တပ်ရင်း(၆) တပ်တွေနဲ့ ဗမာစစ်တပ်တို့ ဖားကန့် ဒေသ ဂွေခါမော်မှာ မနေ့က (အောက်တိုဘာ(၅)ရက်) မနက်ပိုင်းမှာ တိုက်ပွဲဖြစ်တယ်လို့ သိရပါတယ်။ ဗမာတပ်များ တက်လာစဉ်တွင် KIA တပ်တွေနဲ့ တွေ့ဆုံ တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်ပြီး မနက် (၇) နာရီလောက်မှာ စပြီးတိုက်ပွဲဖြစ်တယ်လို့ သိရပါတယ်။ တိုက်ပွဲမှာ နှစ်ဘက်တပ်တွေဟာ လက်နက်ကြီး၊ လက်နက်ငယ်များနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နာရီဝက်လောက်ကြာသောအခါ KIA ဘက်ကရှောင်ထွက်သွားတယ်လို့ သိရပါတယ်။


တိုက်ပွဲပြီးချိန်မှာ ဗမာတပ်က တစ်ယောက်ကိုထမ်းစင်နဲ့ သယ်သွားတာကိုတွေ့လိုက်ရကြောင်းနဲ့ တိုက်ပွဲဖြစ်တဲ့နေရာမှာ KIA အလောင်း (၃) လောင်းကျန်ခဲ့တယ်လို့ ဒေသခံနှစ်ယောက်က KDN ကိုပြောပါတယ်။ 
“KIA တပ်တွေ ဖြတ်သွားပြီးမကြာခင်ပဲ ဗမာတပ်တွေ သွားကတည်းက တိုက်ပွဲ ဖြစ်တော့မယ်လို့ ထင်တာနဲ့ ပုန်းနေရတယ်။ ထင်တဲ့အတိုင်းပဲ တိုက်ပွဲဖြစ်တာ KIA ကလမ်းဟိုဘက်မှာ ဗမာတပ်တွေက ဒီဘက်ခြမ်းမှာ စဖြစ်တာနဲ့ လက်နက်ကြီးတွေ အတော်များများ သုံးတယ်ထင်တယ် အသံတွေ ဆူညံနေတာပဲ ။
 တိုက်ပွဲကနာရီဝက်လောက်ပဲကြာပေမယ့် KIA  ဘက်ခြမ်းမှာ သစ်ကိုင်းတွေတော်တော်ကျိုးကျေနေတယ်။ နေ့လည်က ကျွန်တော်တို့ သွားကြည့်တာ KIA ဘက်ခြမ်းမှာ မြေပုံ (၃) ပုံတွေ့တယ်။ မြေပုံပေါ်ကဒုတ်တိုင်မှာ KIA ဦးထုပ်လေးတွေတင်လို့ ။ ဗမာတပ်တွေမြုပ်ပေးသွားပုံရတယ်။ အနားမှာလည်း သွေးတွေပေနေတဲ့ KIA ပြောက်ကျား အကီင်္ျပြဲတွေ တွေ့ရတယ် လက်နက်ကြီးမှန်တာဖြစ်မယ် ” ဟု တိုက်ပွဲဖြစ်တဲ့နေရာနာက တောင်ယာတဲမှာရှိတဲ့ ဒေသခံနှစ်ယောက်ကပြောပါတယ်။
ဖားကန့်ဒေသမှာ KIA က စက်တင်ဘာလ (၂၅) ရက်တွင်လမ်းတွေပိတ်ထားလိုက်ချိန်က တိုက်ပွဲအနည်းငယ် ဖြစ်ပွားခဲ့ သော်လည်း အောက်တိုဘာလဆန်းပိုင်း တွင် လမ်းတွေပြန်ဖွင့်ပြီး တိုက်ပွဲဖြစ်ပွားမှု အနည်းငယ် လျော့နည်းလာခဲ့ပေမယ့်လည်း ဒေသ အချို့မှာတော့တိုက်ပွဲဖြစ်တာတွေ ရှိနေဆဲ ဖြစ်ပါတယ်။ အဆိုပါ ဒေသမှာ ဗမာစစ်တပ်ရော KIA တပ်တွေပါ လှုပ်ရှားသွားလာ နေကြသဖြင့် မကြာခဏ တိုက်ပွဲဖြစ်ပွား နေသောကြောင့် တိမ်းရှောင်ရသူ စစ်ပြေးဒုက္ခသည် အရေအတွက်ဟာလည်း တဖြည်းဖြည်း တိုးတက်လာလျက်ရှိပါတယ်။

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template