စနစ်တကျ စည်းကမ်းဖြင့် မလုပ်ဆောင်က ရှေ့လျှောက် NLD ပါတီအလားအလာမကောင်းနိုင်ဟုဆို - NAING NAING SANAY MYANMAR NEWS
Headlines News :

Tuesday, October 2, 2012

စနစ်တကျ စည်းကမ်းဖြင့် မလုပ်ဆောင်က ရှေ့လျှောက် NLD ပါတီအလားအလာမကောင်းနိုင်ဟုဆို


လက်ရှိ မြန်မာနိုင်ငံတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ြီူပါတီမှာနာမည်ကြီးပါတီဖြစ် နေပြီး ပါတီတွင်းဖြစ်ပျက်နေ သည်များကို စနစ်တကျ စည်း ကမ်းဖြင့် လုပ်ဆောင်နိုင်ခြင်း မရှိ ပါက နောင်လာမည့် ကာလများ တွင် NLD ပါတီမှာ အလား အလာမကောင်းနိုင်ဟု ဒဂုံမြို့ သစ်တောင်ပိုင်းမြို့နယ် အမျိုးသား  ဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်ညီ လာခံကျင်းပရေးကော်မရှင်ဥက္ကဋ္ဌ ဦးကြည်လင်းက ၂၀၁၂ခုနှစ်၊ စက်တင်ဘာ (၂၈)ရက်နေ့ မြို့ နယ် အစည်းအဝေးတွင် ပြော ကြားခဲ့သည်။

ယခုကာလတွင် ဖြစ်နေ သော NLD ပါတီ၏ အောက် ခြေနှင့်အလယ်ပိုင်းရှိ အကျင့်ပျက် နေမှုများနှင့်ပါတီဝင်အချင်းချင်း စိတ်ဝမ်းကွဲမှုများလည်းရှိနေပြီး၊ ထိုကဲ့သို့ ဖြစ်ပျက်နေသည်မှာ လည်းပါတီ၏ မူဝါဒနှင့်မဆိုင်ဘဲ လူပုဂ္ဂိုလ်များကြောင့်သာဖြစ် ကြောင်း ဦးကြည်လင်းက ပြော သည်။
““ဒီကနေ့ NLD ပါတီက ပေါ်ပြူလာပါတီဖြစ်နေတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီမှာရှိနေတဲ့ ခေါင်းဆောင်ကြီး တွေရဲ့ နိုင်ငံရေးသြဇာညောင်း မှုနဲ့ အရှိန်အ၀ါကြီးမှုအပေါ်မှာ လူထုရဲ့ လေးစားထောက်ခံမှု အရပါတီက နာမည်ကြီးနေတယ်။


ဒါပေမဲ့ ပါတီဝင်တွေကိုစနစ်  တကျ အင်အားစုစည်းထားတာ မဟုတ်တဲ့အတွက်ကြောင့်ပါတီ အောက်ခြေမှာ ပရမ်းပတာဖြစ် နေတာကိုတွေ့ရတယ်။ ဒီပုံစံနဲ့ဆို ရင် ၂၀၁၅ရွေးကောက်ပွဲမှာ မှန်း ချက်နဲ့ နှမ်းထွက်နည်းသွားနိုင် တယ်၊ ဆိုလိုတာက နိုင်မယ် ထင် သလောက်အနိုင်ရမှာ မဟုတ် ဘူး။ ပါတီရဲ့မူဝါဒပိုင်း တွေမှန် တယ်၊ လုပ်နည်းမမှန်တာ တွေက လူပုဂ်္ဂိုလ်ပိုင်းတွေကို  ပြုပြင် ပြောင်းလဲရေး  လုပ်ယူရမယ်။ အဲဒီလိုမလုပ်နိုင်ဘူးဆိုရင်တော့ နောက်ပိုင်း ပါတီက ထင်သ လောက်အခြေအနေကောင်းမှာ မဟုတ်ဘူး””ဟု အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် မြို့နယ်ညီလာခံ ကျင်းပရေးကော်မရှင် ဥက္ကဋ္ဌ ဦးကြည်လင်းက ပြောကြားခဲ့ သည်။


လွန်ခဲ့သည့် ၂၀၁၀ ကြား ဖြတ်ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ မှ ၄၄ နေရာ အနိုင်ရရှိခဲ့ပြီး လူထု ၏ လေးစားထောက်ခံမှုရရှိခဲ့ သော အင်အားကြီးပါတီတစ်ခု အဖြစ် ရပ်တည်ခဲ့ပြီးဖြစ်သော် လည်း၊ လက်ရှိအောက်ခြေနှင့် အလယ်ပိုင်းတွင်ဖြစ်နေသော ပါ တီတွင်း ပြဿနာများကို စနစ် တကျဖြေရှင်းနိုင်ခြင်းမရှိပါက နောင်လာမည့် ကာလများတွင် လူထု၏ လေးစားကြည်ညိုမှု လျော့နည်းသွားနိုင်ကြောင်း ၀ါ ရင့်နိုင်ငံရေးသမားများက သုံးသပ် ပြောဆိုကြသည်။

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template