OIC စစ်တွေနှင့် ရန်ကုန်တွင် ရုံးစိုက်မည် - NAING NAING SANAY MYANMAR NEWS
Headlines News :

Friday, October 12, 2012

OIC စစ်တွေနှင့် ရန်ကုန်တွင် ရုံးစိုက်မည်


ရခိုင်တိုင်းရင်းသားများ အပါအ၀င် မြန်မာနိုင်ငံသား အချို့ OIC ပြည်တွင်းတွင် ရုံးမစိုက်ရေးနှင့် ပြည်တွင်းအရေးကို ၀င်ရောက်မစွက်ဖက်ရေးအတွက် ကန့်ကွက် ဆန္ဒပြမှုများ နေ့တိုင်း
သဖွယ်ပေါ်ပေါက်နေသော်လည်း OIC ရုံးများကို ရန်ကုန်နှင့် စစ်တွေတွင် မကြာခင် ရုံးစိုက်သွားမည်ဖြစ်ကြောင်း OIC အကြီးအကဲ မစ္စဒီနာ မန်ဒနီ၏ ပြောကြားချက်ကို ကိုးကားကာ ဘီဘီစီ သတင်းဌာနတွင် ဖော်ပြသည်။

ရန်ကုန်ရုံးကို ဗီဇာကိစ္စ အပါအ၀င် ထောက်ပံ့ရေး ကိစ္စများအတွက် ဖွင့်လှစ်မည်ဖြစ်ပြီး စစ်တွေရုံးကို ထောက်ပံ့ရေး ကိစ္စများအတွက် ဖွင့်လှစ်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် OIC ကို ကန့်ကွက်နေကြခြင်းမှာ ပြည်သူလူထုရဲ့ သဘောထားသာဖြစ်သည့် အတွက် တစ်စုံတစ်ရာ ပြောကြားလိုခြင်း မရှိကြောင်း၊ ၄င်းတို့ အနေဖြင့် အစိုးရပူး လက်တွဲလုပ်ဆောင်သွားမည်ဖြစ်ပြီး မွတ်ဆလင်ဘာသာဝင်များကိုသာမက ဗုဒ္ဓဘာသာများကိုပါ ကူညီထောက်ပံ့သွားမည်ဖြစ်ကြောင်း ယင်းဖော်ပြချက်တွင် ပါရှိသည်။

OIC ပြည်တွင်းတွင် ၀င်ရောက်ရုံးစိုက်မည့် သတင်းများထွက်ပေါ်လာပြီးနောက်ပိုင်းတွင် OIC ကို ကန့်ကွက်ဆန္ဒပြမှုများ ဆက်တိုက် ဖြစ်ပေါ်ခဲ့သည်။

“OIC လို့ ကြားလိုက်တိုင်း အသဲကို အပ်နဲ့ ဆွနေသလို ခံစားရတယ်။ OIC ရခိုင်မှာ ရုံးစိုက်မယ်ဆိုတာ ရခိုင်တစ်မျိုးသားလုံးကို သွေးဆူအောင်လုပ်တာပဲ“ ဟု ယခုစစ်တွေမြို့ဆန္ဒဖော်ထုတ်မှုတွင် ပါဝင်နေသော ရခိုင် အမျိုးသမီးတစ်ဦး၏ ပြောကြားချက်ကို The Voice Weekly တွင် ဖော်ပြထားသည်။

“ no OIC ၊ OIC stop“ စာတမ်းပါဝင်သော အင်္ကျီများကို ၀တ်ဆင်ကာ ရခိုင် အမျိုးသမီး ၄၀၀၀ ခန့် ယနေ့ စစ်တွေမြို့တွင် ဆန္ဒဖော်ထုတ်နေကြသည်။

OIC ပြည်တွင်းတွင် ၀င်ရောက်ရုံးစိုက်ရန် OIC နှင့် နယ်စပ်ရေးရာဝန်ကြိးဌာနနှင့် သဘောတူညီလက်မှတ်ရေးထိုးထားသည်။

ရန်ကုန်တွင် သံဃာတော်များ ဆန္ဒဖော်ထုတ်စဉ်။


No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template