- NAING NAING SANAY MYANMAR NEWS
Headlines News :

Sunday, July 8, 2012

မောင်းသူမဲ့လေယာဉ်များ သန္ဓေတည်လာခြင်း - အပိုင်း (၂) 

 လေယာဉ် ထုတ်လုပ် ပြင်ဆင်ရေး ဌာနချုပ်တွင် ယခင် နိုင်ငံတော်အကြီးအကဲများမှ စစ်ဆေး ကြည့်ရှုခဲ့စဉ်

 ပြည်တွင်းတွင် တည်ဆောက်ခဲ့ပြီး စမ်းသပ်အောင်မြင်ခဲ့သော အဝေးထိန်း လေယာဉ်များ

ပေးပို့သူ - ဝေဟင် (ပြည်တွင်းမှ လက်ရှိ တာဝန်ထမ်းဆောင်ဆဲ လေတပ် အရာရှိ တစ်ဦး)
၁၂။ (၁၉.၄.၂ဝဝ၃) ရက်နေ့မှ စတင်တည်ဆောက်ခဲ့သော UAV UX-1 ကို (၈.၉.၂ဝဝ၄) ရက်နေ့တွင် ပြီးစီးခဲ့ပါသည်။ လေယာဉ်၏ အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-



တတိယမြောက် ပြည်တွင်း၌ တည်ဆောက်ခဲ့သော UAV UX-1

  • WING SPAN - 9.31 Feets
  • LENGTH - 8 Feets
  • HEIGHT - 2 Feets
  • ENGINE TYPE - OS 91 fs (Two strokes)
  • ENGINE POWER - 2.8 HpS
  • FUEL - METHANOL + CASTOR OIL
  • PROPELLER - 12 _ 6 inches
  • WEIGHT - 25 Lbs
  • PAYLOAD - 5 Lbs
  • ENDURANCE - 45 mins
  • AIRSPEED - 60 Mph
  • CONTROL - PCM PULSE CODE MODULATION 8 CHANNELS/ PCL 1024
၁၃။ UAV အား လေထဲသို့ စမ်းသပ်ပျံသန်းခြင်းမပြုလုပ်မီ အောက်ပါအတိုင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါသည်-
  • (က) (၉.၉.၂ဝဝ၄) ရက်နေ့တွင် မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်၌ စက်နှိုးစမ်းသပ်ခြင်း၊ Taxi Check ပြုလုပ်ခဲ့ပါသည်။
  • (ခ) (၁၈.၉.၂ဝဝ၄) ရက်နေ့တွင် လေယာဉ်ထုတ်လုပ်ပြင်ဆင်ရေးဌာနချုပ်(မှော်ဘီ)တွင် Taxi Check ပြုလုပ်ခဲ့ပါသည်။
  • (ဂ) (၈.၁ဝ.၂ဝဝ၄) ရက်နေ့တွင် စမ်းသပ်ပျံသန်းနိုင်သည့် အဆင့်သို့ ရောက်ရှိ ခဲ့ပါသည်။
၁၄။ (၂၄.၁ဝ.၂ဝဝ၄) ရက်နေ့တွင် ပုသိမ်လေယာဉ်ကွင်း၌ စတင်စမ်းသပ်ရာ (၅ဝ%) ကျော် ပျက်စီး ခဲ့ပါသည်။
၁၅။ (၃) လ ကြာမွမ်းမံပြင်ဆင်ပြီး (၂.၂.၂ဝဝ၅) ရက်နေ့တွင် မြေပြင်အတတ်သင် လေတပ် စခန်း၌ စမ်းသပ်ပျံသန်းခဲ့ရာ အောင်မြင်မှုများ ရရှိခဲ့သော်လည်း ဆင်းသက်ချိန်တွင် Tail Boom နှစ်ခု ပြုတ်ထွက်ခဲ့ပါသည်။
၁၆။ UAV အား ပြင်ဆင်ပြီး (၄.၂.၂ဝဝ၅) ရက်နေ့တွင် လေကြောင်း အတတ်သင် လေတပ် စခန်း၌ ထပ်မံစမ်းသပ် ပျံသန်းရာ ကောင်းမွန်စွာထိန်းချုပ်မရဘဲ ထိုးကျပျက်စီးခဲ့ပါသည်။
၁၇။ ထိုသို့ပျက်စီးရခြင်း၏ အကြောင်းအရင်းမှာ အင်ဂျင်စွမ်းအားနည်းခြင်းကြောင့်ဖြစ်၍ 2.8 Hps, OS 91 Engine အစား 3.7 Hps, OS 91 Engine ကို ပြောင်းလဲ တပ်ဆင်ခဲ့ပါသည်။ လေယာဉ်၏ အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
  • WING SPAN - 11 Feets, 3.5 inches
  • LENGTH - 8 Feets, 2 inches
  • HEIGHT - 2 Feets, 2 inches
  • ENGINE TYPE - OS 160 fs (Two strokes)
  • ENGINE POWER - 3.7 HpS
  • FUEL - METHANOL + CASTOR OIL
  • PROPELLER - 15 inches
  • WEIGHT - 32 Lbs
  • PAYLOAD - 5 Lbs
  • ENDURANCE - 1 HRs
  • AIRSPEED - 90 Mph
  • CONTROL - PCM PULSE CODE MODULATION 8 CHANNELS/ PCM 1024
၁၈။ ထို UAV ကို UAV UX-2 အဖြစ် (၂၁.၂.၂ဝဝ၅)ရက်နေ့တွင် စတင်ပြုပြင်ပြီး (၂၄.၅.၂ဝဝ၅) ရက်နေ့တွင် Ground Run and Taxi Check ပြုလုပ်ခဲ့ရာ ကောင်းမွန်ကြောင်း တွေ့ရှိခဲ့ပါသည်။



၁၉။ UAV UX-2M အား ပုသိမ်လေတပ်စခန်းဌာနချုပ်တွင် အောက်ပါအတိုင်း စမ်းသပ်ပျံသန်းမှု ပြုလုပ်ခဲ့ပါသည်-

 စတုထ္တမြောက် ပြည်တွင်း၌ တည်ဆောက်ခဲ့သော UAV UX-2M
  • (က) ပျံသန်းသည့်ရက်။ ၆.၆.၂ဝဝ၅
  •        (၁) နေရာ။ ပလခ
  •        (၂) ပျံသန်းမှုနှုန်း။ တစ်နာရီ မိုင် ၄ဝ နှုန်း
  •        (၃) အမြင့်ပေ။ ပေ ၅ဝဝ ခန့်
  •        (၄) ပထမအကြိမ်ပျံသန်းမှုကြာမြင့်ချိန်။ ၁ဝ မိနစ်
  •        (၅) ဒုတိယအကြိမ်ပျံသန်းမှုကြာမြင့်ချိန်။ ၅ မိနစ်
  •        (၆) တတိယအကြိမ်ပျံသန်းမှုကြာမြင့်ချိန်။ ၅ မိနစ်

  • (ခ) ပျံသန်းသည့်ရက်။ ၇.၆.၂ဝဝ၅
  •      (၁) နေရာ။ ပလခ။
  •      (၂) ပျံသန်းမှုနှုန်း။ တစ်နာရီ ၄၅ မိုင်နှုန်း
  •      (၃) အမြင့်ပေ။ ပေ ၆ဝဝ ခန့်
  •      (၄) ကြာမြင့်ချိန်။ ၁၂ မိနစ်
၂၀။ ၄င်း UAV UX-2 ကို ၂ဝဝ၆ ခုနှစ်၊ မေလ (၈)ရက်နေ့တွင် လေယာဉ် ထုတ်လုပ် ပြင်ဆင်ရေး ဌာနချုပ်၌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား တင်ပြနိုင်ခဲ့ပါသည်။
၂၁။ UAV အား ပုသိမ်လေတပ်စခန်းဌာနချုပ်တွင် အောက်ပါအတိုင်း စမ်းသပ်ပျံသန်းမှုများ ပြုလုပ်ခဲ့ပါသည်-
  • (က) ပျံသန်းသည့်ရက်။ ၅.၆.၂ဝဝ၆
  •        (၁) နေရာ။ ပလခ
  •        (၂) အမြင့်ပေ။ ပေ ၅ဝဝ ခန့်
  •        (၃) ပထမအကြိမ်ပျံသန်းမှုကြာမြင့်ချိန်။ ၄ မိနစ်(ဝ၈ဝဝ-ဝ၈ဝ၄)။
  •        (၄) ဒုတိယအကြိမ်ပျံသန်းမှုကြာမြင့်ချိန်။ ၆ မိနစ်(ဝ၈၁၉-ဝ၈၂၅)။

  • (ခ) ပျံသန်းသည့်ရက်။ ၆.၆.၂ဝဝ၆
  •      (၁) နေရာ။ ပလခ။
  •      (၂) အမြင့်ပေ။ ပေ ၅ဝဝ ခန့်
  •      (၃) ပထမအကြိမ်ပျံသန်းမှုကြာမြင့်ချိန်။ ၇ မိနစ်(ဝ၆၅၃-ဝ၇ဝဝ)။
  •      (၄) ဒုတိယအကြိမ်ပျံသန်းမှုကြာမြင့်ချိန်။ ၁ဝ မိနစ်(ဝ၇၅၂-ဝ၈ဝ၃)။
၂၂။ UAV UX-2 အား စမ်းသပ်ပျံသန်းရာတွင် အထိုက်အလျောက် အောင်မြင်၍ ပိုမို ကောင်းမွန်အောင်တည်ဆောက်ရေး၊ အသုံးပြုမည့် Payload များ ဝယ်ယူထည့်သွင်းနိုင်ရေးနှင့် UAV လုပ်ငန်းစဉ်ဆက်မပြတ် သုတေသန ပြုလုပ်ဆောင်ရွက်နိုင်ရေးအတွက် (၁ဝ.၆.၂ဝဝ၅) ရက်နေ့တွင် လထခ၌ တတိယအကြိမ်မြောက် ကျင်းပသော လေကြောင်းနှင့် အာကာသဆိုင်ရာ နည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အစည်းအဝေးမှ အအောက်ဖော်ပြပါ Working Committee အား ဖွဲ့စည်းပေးခဲ့ပါသည်-
  • (က) လေ ၁၇၁၈ ဗိုလ်မှူးချုပ် ဇင်ယော် နာယက။
  • (ခ) လေ ၂၃၂၆ ဗိုလ်မှူး အောင်ကျော်ဦး ဥက္ကဌ။
  • (ဂ) လေ ၂၂၉၂၇ တပ်ကြပ်ကြီး သောင်းထွဋ် အဖွဲ့ဝင်။
  • (ဃ) လေ ၂၆၇၇၁ တပ်ကြပ် ဝင်းထွန်းဦး အဖွဲ့ဝင်။
  • (င) လေ ၁၇၄၁၈ အုပ်ခွဲတပ်ကြပ်ကြီး မင်းဆွေ အတွင်းရေးမှူး။
၂၃။ ထို့အပြင် အစည်းအဝေးမှာပင် စမ်းသပ်ထုတ်လုပ်သည့် UAV အား စမ်းသပ် ပျံသန်း ပေးနိုင်မည့် လေသူရဲများ လေ့ကျင့်ရေးနှင့် UAV Control System နည်းပညာများ ရှာဖွေ လေ့လာရေးအတွက် မင်္ဂလာဒုံ လေတပ် စခန်းဌာနချုပ်သုတေသနဌာနတွင် အောက်ဖော်ပြပါ အရာရှိများအား တွဲဘက်ခဲ့ပါသည်-
  • (က) လေ ၂၃၇၈ ဗိုလ်ကြီး အာကာကျော်။
  • (ခ) လေ ၂၄၃၈ ဗိုလ်ကြီး ဟန်ထွန်း။
  • (ဂ) လေ ၂၉၁၂ ဗိုလ်ကြီး အောင်သာမိုး။
၂၄။ UAV သုတေသန အဖွဲ့သည် UAV UX-2 လေယာဉ်အား UAV UX-2M အဖြစ် မွမ်းမံ တည်ဆောက်ရာတွင် အလိုအလျောက်တည်ငြိမ်စွာ ပျံသန်းနိုင်ရန်အတွက် Light Sensing Autostabilizar နှင့် Real Time Information များရရှိရန် အောက်ဖော်ပြပါ Real Time Image System အား တပ်ဆင်စမ်းသပ်ခဲ့ပါသည် -
  • (က) Model - AAR 14
  • (ခ) Range - 1.45 Miles
  • (ဂ) Power Output - 100 Mw
  • (ဃ) Frequency - 2.434 GHz & 2.411 GHz
၂၅။ UAV UX-2M လေယာဉ်အား အောက်ပါအတိုင်း စတင်စမ်းသပ်ပျံသန်းခဲ့ပါသည်-
  • (က) ပျံသန်းသည့်ရက်။ ၁.၈.၂ဝဝ၆
  •      (၁) နေရာ။ လကသ။
  •      (၂) ပျံသန်းမှုနှုန်း။ တစ်နာရီ ၇၁ မိုင်နှုန်း။
  •      (၃) အမြင့်ပေ။ ၃၈၃ ပေ။
  •      (၄) ကြာမြင့်ချိန်။ ၁ဝ မိနစ်။

  • (ခ) ပျံသန်းသည့်ရက်။ ၂.၈.၂ဝဝ၆
  •      (၁) နေရာ။ လကသ။
  •      (၂) ပျံသန်းမှုနှုန်း။ တစ်နာရီ ၇၁ မိုင်နှုန်း။
  •      (၃) အမြင့်ပေ။ ၄၆၃ ပေ။
  •      (၄) ကြာမြင့်ချိန်။ ၇ မိနစ်။
၂၆။ (၁ဝ.၈.၂ဝဝ၆)ရက်နေ့တွင် လေကြောင်း အတတ်သင်လေတပ်စခန်း၌ UAV စမ်းသပ် ပျံသန်းမှုကို တပ်မတော် (ကြည်း/ရေ/လေ) ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး သူရရွှေမန်း လာရောက်စစ်ဆေးခဲ့ပါကြောင်း စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ် www.photayokeking.org မှ တင်ပြလိုက်ရပါသည်။
အပိုင်း (၃) အား နောက်ရက်တွေမှာ ဆက်လက် တင်ဆက်ပေးပါမည်။
Bookmark and Share

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template