- NAING NAING SANAY MYANMAR NEWS
Headlines News :

Sunday, July 8, 2012

မောင်းသူမဲ့လေယာဉ်များ သန္ဓေတည်လာခြင်း - အပိုင်း (၃) 

 

 ဒသမမြောက် ပြည်တွင်း၌ တည်ဆောက်ခဲ့သော Yellow Bird

ပေးပို့သူ - ဝေဟင် (ပြည်တွင်းမှ လက်ရှိ တာဝန်ထမ်းဆောင်ဆဲ လေတပ် အရာရှိ တစ်ဦး)
၂၇။ UAV UX-2M အား စမ်းသပ်ပျံသန်းရာတွင် အောင်မြင်၍ ယခုထက်ပို၍ Endurance နှင့် Range ပိုမိုရရှိပြီး Payload ပိုမိုတင်ဆောင်နိုင်ရေးအတွက် ကက(လေ) ၏ ကြေးနန်းအမှတ် ၁ ဦး ၇/၁၄၁၅၃ဝ (သြ) ဖြင့် Range 50 miles, Speed 50 mph, Endurance 3 Hours, Height 30000 fts ပျံသန်းနိုင်မည့် UAV တည်ဆောက်ရေးအတွက် အောက်ဖော်ပြပါ UAV အဖွဲ့ကို တာဝန်ပေးအပ်ခဲ့ပါသည်-
  • (က) လေ ၂၁၄၄ ဗိုလ်မှူး ကျော်စိုး။
  • (ခ) လေ ၂၃၂၆ ဗိုလ်မှူး အောင်ကျော်ဦး။
  • (ဂ) လေ ၂၃၃ဝ ဗိုလ်မှူး မင်းအောင်။
  • (ဃ) လေ ၃၁၉၄ ဗိုလ်ကြီး ရာဇာကိုကို။
၂၈။ ထို့အပြင် ဗိုလ်ကြီး ဟန်ထွန်းနှင့် ဗိုလ်ကြီး အောင်သာမိုး နေရာတွင် ဆက်လက် တာဝန် ထမ်းဆောင်မည့် ဗိုလ်ကြီးလင်းနိုင်ထွန်းနှင့် ဗိုလ်ကြီး နောင်တေဇ တို့အား UAV ပျံသန်းရေးနှင့် UAV Control System လေ့လာရေး အတွက် ထပ်မံတွဲဘက်ပေးခဲ့ပါသည်။
၂၉။ UAV တည်ဆောက်ရေး အဖွဲ့သည် Payload ပိုမို တင်ဆောင်နိုင်ရေးအတွက် လေယာဉ် ဒီဇိုင်း ထပ်မံ ရေးဆွဲ၍ UAV UX – 3 လေယာဉ်အား (၇.၉.၂၀၀၆) ရက်နေ့တွင် စတင် တည်ဆောက်ခဲ့ရာ (၉.၁.၂၀၀၇) ရက်နေ့တွင် ပြီးစီးခဲ့ပါသည်။ လေယာဉ်၏ အချက်အလက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
  • Wing Span - 11 ft, 2 inches
  • Length - 8 ft
  • Height - 2 ft, 5 inches
  • Engine Type - Zenoah 620 PU (Two Strokes)
  • Engine Power - 5 Hps
  • Fuel - Octane + Engine Oil
  • Propeller - 18.8 inches
  • Weight - 43 Lbs
  • Payload - 8 Lbs
  • Endurance - 3 Hrs
  • Airspeed - 100 Km/Hr
၃၀။ ထို့ကြောင့် UAV UX – 4 လေယာဉ်အား ထပ်မံ တည်ဆောက်ခဲ့ရာ (၂၃.၁.၂၀၀၇) ရက်နေ့တွင် စတင်ခဲ့ပြီး (၃၀.၁.၂၀၀၇) ရက်နေ့တွင် ပြီးစီးခဲ့ပါသည်။ (၃.၄.၂၀၀၇) ရက်နေ့တွင် ပုသိမ် လေတပ်စခန်းဌာနချုပ်၌ လေယာဉ်အား Taxi Check ပြုလုပ်ခဲ့ရာတွင် Control Line များသည် Engine, Airplane Control Surface များနှင့် တွဲသုံးရန် မသင့်တော်ကြောင်း စမ်းသပ်တွေ့ရှိခဲ့ပါသည်။
၃၁။ UAV UX – 4 ၏ အားနည်းချက်များကို ပြင်ဆင်ပြီး UAV UX – 5 အဖြစ် ထပ်မံ တည်ဆောက်ခဲ့ရာ (၁၂.၁၂.၂၀၀၇) ရက်နေ့တွင် ပြီးစီးခဲ့ပါသည်။ လေယာဉ်၏ အချက်အလက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
  • Wing Span - 12 ft, 4 inches
  • Length - 9 ft, 2 inches
  • Height - 2 ft, 5 inches
  • Engine Type - Zenoah 620 PU (Two Strokes)
  • Engine Power - 5 Hps
  • Fuel - Octane + Engine Oil
  • Propeller - 18_8 inches
  • Weight - 45 Lbs
  • Payload - 10 Lbs
  • Endurance - 3.5 Hrs
  • Airspeed - 90 Km/Hr 
 
                         သတ္တမမြောက် ပြည်တွင်း၌ တည်ဆောက်ခဲ့သော UAV UX – 4
 
၃၂။ (၂၄.၂.၂၀၀၈) ရက်နေ့တွင် ပုသိမ်လေတပ်စခန်းဌာနချုပ်၌ UAV UX – 5 အား (၁၈၀၀) နာရီမှ (၁၈၂၀) နာရီအထိ Taxi Check နှင့် Land Back Prodcedure Check ပြုလုပ်ခဲ့ပြီး စုစုပေါင်း မိနစ် (၂၀) ကြာမြင့်ခဲ့ပါသည်။

၃၃။ (၂၅.၂.၂၀၀၈) ရက်နေ့ (၀၇၀၀) နာရီတွင် UAV UX – 5 လေယာဉ်အား စမ်းသပ်ပျံသန်းရန် အတွက် ကြိုတင်ပြင်ဆင်မှုများ စတင်ဆောင်ရွက်ခဲ့ပြီး လေယာဉ် Flight Check အား (၀၇၃၀) နာရီမှ (၀၈၀၀) နာရီအထိ ပြုလုပ်ခဲ့ပါသည်။ စုစုပေါင်းပျံသန်းချိန်မိနစ် (၃၀)၊ အမြင့်ပေ (၇၀၀) ဖြစ်ပြီး လေယာဉ်ကွင်းအတက်အဆင်း (၂)ကြိမ် ပြုလုပ်ကာ Flight Check အား အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါသည်။


၃၄။ Hawk 09 UAV Trainer အား တပ်မတော် နည်းပညာ တက္ကသိုလ်မှ ဗိုလ်ကြီးအောင်ကိုမြင့် ဦးစီးအဖွဲ့ဝင် (၂) ဦးသည် မောင်းသူမဲ့ လေယာဉ် နည်းပညာ သုတေသန အဖွဲ့သို့ တွဲဖက်၍ Hawk 09 Project အား ၂၄.၁၁.၂၀၀၈ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ ၂၀၀၉ ခုနှစ် မတ်လတွင် ဆောက်လုပ် ပြီးစီးခဲ့သည်။ ၂၀၀၉ ခုနှစ် မေလ (၅) ရက်နေ့ လကသတွင် မျက်မြင်ထိန်းချုပ် ပျံသန်းရေး အရာရှိ ဗိုလ်ကြီး နောင်တေဇမှ အောင်မြင်စွာ စမ်းသပ်ပျံသန်း နိုင်ခဲ့ပါသည်။အခြားသော မျက်မြင် ပျံသန်းရေး အရာရှိများအား လေ့ကျင့်ပျံသန်းမှုများ၊ လွှဲပြောင်းသင်တန်းများ ပေးခဲ့ပါသည်။

 

 န၀မမြောက် ပြည်တွင်း၌ တည်ဆောက်ခဲ့သော UAV Hawk 09

ထို့အပြင် ၄င်းလေယာဉ်အား Autonomus Fight အဖြစ် အသွင်ကူးပြောင်းနိုင်ရန် လျာထားခဲ့ပါသည်။ ၂၀၀၉ ခုနှစ် သြဂုတ်လမှ စတင်၍ တပ်မတော် (လေ) UAV သုတေသန အဖွဲ့နှင့် ရန်ကုန်တက္ကသိုလ်များ သိပံ္ပ နည်းပညာဌာနနှင့် ပူးပေါင်းပြီး UAV အဖြစ်သို့ အဆင့်မြင့်တင်ရန် ဆက်လက် ဆောင်ရွက်လျက် ရှိပါသည်။

 

 အဌမမြောက် ပြည်တွင်း၌ တည်ဆောက်ခဲ့သော Yellow Cat Clone 

 ၃၅။ Yellow Cat Clone အား ဗိုလ်ကြီး ဇေယျာထိုက် ဦးစီးအဖွဲ့မှ ၂၀၀၈ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ပြီး လကသ၊ ရှမ်းတဲတွင်စမ်းသပ်ရာအောင်မြင်ခဲ့ပါသည်။ ထို့နောက် ဆက်လက်၍ C Clone (၂) စီး ထပ်မံ တည်ဆောက်ရန် ဆောင်ရွက်လျက် ရှိပါသည်။


၃၆။ Yellow Bird Project အား ဒုတိယဗိုလ်မှူးကြီးအောင်ကျော်ငြိမ်း ဦးစီး၍ Brushless Motor by battery ၂၀၀၈ ခုနှစ် ဇွန်လမှ စတင် တည်ဆောက်ခဲ့ပါသည်။ စမ်းသပ်မှု (၅) ကြိမ် ပြုလုပ်ခဲ့ပြီး အောင်မြင်စွာ ပျံသန်းနိုင်ပြီ ဖြစ်ပါသည်။ Yellow Bird လေယာဉ်သည် မြန်မာနိုင်ငံတွင် ပထမဆုံး ပစ်လွှတ်စင်ဖြင့် ပျံသန်းသော ခရီးတို ပျံသန်းသည့် မောင်းသူမဲ့ လေယာဉ်အမျိုးအစား ဖြစ်ပါသည်။ ၄င်း လေယာဉ်တွင် ပြည်တွင်း၌ တီထွင်ဖန်တီးထားသော အလိုအလျောက် မောင်းနှင်မှု စနစ် တပ်ဆင် စမ်းသပ်ရန် ဆောင်ရွက်လျက် ရှိပါသည်။ စမ်းသပ်တီထွင်မှု အောင်မြင်ပြီ ဆိုပါက ရှေ့တန်း စစ်မြေပြင် အကဲကြည့်အဖြစ် အများအပြား ထုတ်လုပ်နိုင်ရန် လျာထားပါသည်။

နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုအတွက် စုဆောင်းပြင်ဆင်ခြင်း
ပထမအကြိမ် ၀ယ်ယူအသုံးပြုခဲ့သော မောင်းသူမဲ့ လေယာဉ်များ
၃၇။ UAV နည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် Reverse Engineering အဖြစ် လေ့လာနိုင်ရေး အတွက် စင်ကာပူ နိုင်ငံ Tripod Company မှ Yellow Cat UAV (၂) စီး ပါဝင်သော UAV 1 Unit တစ်ခု ၀ယ်ယူခဲ့ပါသည်။ ကုမ္ပဏီမှ နိုင်ငံခြားသား ပညာရှင် (၄) ဦးသည် ၂၀၀၇ ခုနှစ် မတ်လ (၃၁) ရက်နေ့တွင် ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး ဧပြီလ (၁) ရက်နေ့တွင် မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ်၌ ၀ယ်ယူထားသော UAV များအား ဖွင့်ဖောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပါသည်။

စင်ကာပူနိုင်ငံ Tripod Company မှ ၀ယ်ယူခဲ့သော Yellow Cat UAV

၃၈။ UAV များ၏ အချက်အလက်များမှာ အောက်ပါအတိုင်း ဖြစ်ပါကြောင်း စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ် www.photayokeking.org မှ တင်ပြလိုက်ရပါသည်-
  • Wing Span - 228 cm
  • Length - 186 cm
  • Height - 2 ft
  • Engine Type - ROTO 35 VI (Two Strokes)
  • Engine Power - 35 cc
  • Fuel - Octane + Engine Oil
  • Propeller - 18_10 inches
  • Weight - 12 Kg
  • Payload - 2 Kg
  • Endurance - 1 Hrs
  • Airspeed - 100 KMPH
  • Control - Manual and Autopilot Systems
အပိုင်း (၄) အား နောက်အပတ်မှာ ဆက်လက် တင်ပြသွားပါမည်။

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template