မောင်းသူမဲ့လေယာဉ်များ သန္ဓေတည်လာခြင်း - အပိုင်း (၄)
တရုတ်ပြည်သူ့သမ္မတနိုင်ငံ CMIEC Company မှ ၀ယ်ယူခဲ့သော Sky 02 UAV
၄၀။ ၂.၄.၂၀၀၇ ရက်နေ့မှ ၁၁.၄.၂၀၀၇ ရက်နေ့အထိ ပုသိမ်လေတပ်စခန်းဌာနချုပ်၌ လုပ်ငန်းများအား အဖွဲ့ (၃) ဖွဲ့ခွဲ့ပြီး နိုင်ငံခြားသား ပညာရှင်များမှ ဗိုလ်ကြီးအာကာကျော် (မြေပြင် ထိန်းချုပ်ရေး Ground Control Statation Controller)၊ ဗိုလ်ကြီး လင်းနိုင်ထွန်း (မျက်မြင်ပျံသန်းရေး လေသူရဲ Visual Pilot) နှင့် ဗိုလ်ကြီး နောင်တေဇ (မျက်မြင် ပျံသန်းရေး လေသူရဲ Visual Pilot) တို့အား လွှဲပြောင်း သင်တန်းများပို့ချပေးခဲ့ပါသည်။
၄၁။ ၉.၁၁.၂၀၀၇ ရက်နေ့မှ ၁၁.၁၁.၂၀၀၇ ရက်နေ့အထိ ပုသိမ်လေတပ်စခန်းဌာနချုပ်တွင် သွားရောက် လေ့ကျင့် ပျံသန်းခဲ့ပါသည်။ လေယာဉ်အမှတ် YC – 052 သည် ပျံသန်းချိန် (၀၀း၃၃) နာရီ ရရှိခဲ့ပြီး လေယာဉ်အမှတ် YC- 053 သည် ပျံသန်းချိန် (၀၀း၁၉) နာရီ ရရှိခဲ့ပါသည်။
၄၂။ ၂၂.၂.၂၀၀၈ ရက်နေ့မှ ၂၆.၈.၂၀၀၈ ရက်နေ့အထိ ပုသိမ်လေတပ်စခန်းဌာနချုပ်တွင် Yellow CAT လေယာဉ်များအား လေ့ကျင့်ပျံသန်းမှုများ ပြုလုပ်ခဲ့ရာတွင် လေယာဉ် နှစ်စီးလုံးအား ပုသိမ်လေတပ်ဌာနချုပ်မှ ကီလိုမီတာ ၁၈ ကီလိုမီတာ အကွာအဝေးရှိ ပြန်ရဲကျော် ကျေးရွာအထိ ခရီးဝေး ပျံသန်းလေ့ကျင့်ခဲ့မှုအား အောင်မြင်စွာ ဆောင်ရွက်ခဲ့ပါသည်။
၄၃။ UAV စမ်းသပ်မှုများ အထိုက်အလျောက် လုပ်ငန်းအတွေ့အကြုံ ရှိလာပြီး ဖြစ်၍ အသုံးပြုနိုင် သည့် အဆင့်ကို တက်မလှမ်းနိုင်ရေးအတွက် ကကွယ်ရေး ဦးစီးချုပ်ရုံး (လေ) မှ ကြေးနန်းအမှတ် ၁ ဦး ၇/၂၇၁၃၀၀ (ဖေ) ဖြင့် မင်္ဂလာဒုံ လေတပ်စခန်းဌာနချုပ်မှ ဒုတိယ လေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးကြီး သိန်းနိုင်မှ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ မောင်းသူမဲ့ လေယာဉ် လုပ်ငန်းများအား ဆက်လက် ဆောင်ရွက်ခဲ့ပါသည်။
၄၄။ တပ်မတော် (လေ) UAV သုတေသန အဖွဲ့သည် ၅.၃.၂၀၀၈ ရက်နေ့တွင် အစည်းအဝေး ခေါ်ယူ ကျင်းပပြီး ရှေ့လုပ်ငန်းစဉ်များ ချမှတ်၍ UAV နည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက် ဆောင်ရွက်လျက် ရှိပါသည်။
၄၅။ လေးလပတ်တွင် UAV လေယာဉ်များ စမ်းသပ်၊ လေ့ကျင့်၊ သရုပ်ပြ ပျံသန်းရန်အတွက် ၂၀၀၈ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့မှ သြဂုတ်လ ၄ ရက်နေ့အထိ လေကြောင်း အတတ်သင် လေတပ်စခန်းတွင် စမ်းသပ်ပျံသန်းမှုများအား ဆောင်ရွက်ခဲ့ရာတွင် ရေဒီယို အဝေးထိန်း လေယာဉ်များဖြင့် လက်နွှေးပျံသန်းခြင်းများ၊ မောင်းသူမဲ့ လေယာဉ် လေ့ကျင့် ပျံသန်းခြင်းများ ပြုလုပ်ခဲ့ပြီး မောင်းသူမဲ့ လေယာဉ် ပျံသန်း သရုပ်ပြသမှုအား ကာကွယ်ရေး ဦးစီးချုပ် (လေ) နှင့် တပ်မတော် (လေ) မှ အရာရှိကြီးများ ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ဒုတိယအကြိမ် ၀ယ်ယူအသုံးပြုခဲ့သော မောင်းသူမဲ့ လေယာဉ်များ
၄၆။ ဒုတိယအကြိမ် ၀ယ်ယူခဲ့သော မောင်းသူမဲ့ လေယာဉ်မှာ တရုတ်နိုင်ငံ CMIEC Company မှ Sky 02 UAV လေယာဉ်ဖြစ်ပြီး တရုတ် ပညာရှင်များသည် ၂၀၀၈ ခုနှစ် နိုဝင်ဘာလတွင် လေကြောင်း အတတ်သင် လေတပ်စခန်း၌ သရုပ်ပြ ပျံသန်းမှုများ လာရောက် ပြုလုပ်ခဲ့သော လေယာဉ်ဖြစ်ပါသည်။
၄၇။ ဒုတိယမြောက် ၀ယ်ယူခဲ့သော မောင်းသူမဲ့ လေယာဉ် Skyp 02 UAV လွှဲပြောင်း သင်တန်း ပို့ချခြင်းအား လေကြောင်း အတတ်သင် လေတပ်စခန်း၌ ၇.၅.၂၀၀၉ ရက်နေ့မှ ၂.၇.၂၀၀၉ ရက်နေ့အထိ တရုတ်ပညာရှင်များက ဗိုလ်ကြီး အာကာကျော် (မြေပြင် ထိန်းချုပ်ရေး) Ground Control Station Controller နှင့် ဗိုလ်ကြီး နောင်တေဇ (မျက်မြင်ပျံသန်းရေး Visual Pilot) တို့အား လွှဲပြောင်း သင်တန်း ပို့ချပေးခဲ့ပါသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ CMIEC Company မှ ၀ယ်ယူခဲ့သော Sky 02 UAV
လက်ရှိ အသုံးပြုလျက် ရှိသော မြန်မာပြည်ရှိ မောင်းသူမဲ့ လေယာဉ်များ၏ စွမ်းပကားများ
၄၈။ Sky 02 UAV လေယာဉ် အချက်အလက်များနှင့် စွမ်းဆောင်ရည်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
- တောင်ပံအလျား = ၄.၈ မီတာ
- တောင်ပံဧရိယာ = ၁.၉ စတုရန်းမီတာ
- လေယာဉ်အလျား = ၂.၈၆ မီတာ
- လေယာဉ်အမြင့် = ၀.၈ မီတာ
- အင်ဂျင် = 3W-150CC
- ပျံတက်နိုင်သည့် အများဆုံး အလေးချိန် = ၇၀ ကီလိုဂရမ်
- တင်ဆောင်နိုင်သည့် ၀န်အား = ၂၅ ကီလိုဂရမ်
- အမြင့်ဆုံး တက်ရောက်ပျံသန်းနိုင်မှု = ၃၀၀၀ မီတာ
- လေထဲတွင် ပျံသန်းနိုင်သည့်အချိန် = ၃ နာရီ (အပိုဆီတိုင်ကီပါလျှင် ၄ နာရီ)
- ပုံမှန် ပျံသန်းနှုန်း = တစ်နာရီလျှင် ၉၀ မှ ၁၂၀ ကီလိုမီတာနှုန်း
- အမြန်ဆုံး ပျံသန်းနှုန်း = တစ်နာရီလျှင် ၁၄၀ ကီလိုမီတာနှုန်း
- ထိန်းချုပ် ပျံသန်းနိုင်သည့် အကွာအဝေး = ၁၀၀ ကီလိုမီတာ
- လိုအပ်သည့် ပြေးလမ်း = ၁၀၀ မီတာ
၄၉။ မြေပြင် ထိန်းချုပ်မှု စနစ် Ground Control Station GCS တွင် ထိန်းချုပ်မှု စနစ် ကွန်ပြူတာ (၂) လုံး ပါဝင်ပါသည်။ ထိန်းချုပ်မှု စနစ် ကွန်ပြူတာ တစ်လုံးသည် လေယာဉ် ပျံသန်းရာ နယ်မြေ၏ မြေပုံ ပျံသန်းမှု လမ်းကြောင်း၊ ပျံသန်းမှု ဆိုင်ရာ အချက်အလက်များ၊ လေယာဉ်အခြေအနေပြ အချက်အလက်များနှင့် ပျံသန်းမှု လမ်းကြောင်း အစီအစဉ်ပြုလုပ်ခြင်းတို့အတွက် အသုံးပြုသွားပြီး အခြားထိန်းချုပ်မှု စနစ် ကွန်ပြူတာ တစ်လုံးသည် လေယာဉ်မှ ရိုက်ကူးပေးပို့သည့် ဗွီဒီယို ပုံရိပ်များအား တိုက်ရိုက်ပြသပေးပြီး စုဆောင်းပေးသွားပါသည်။
မြေပြင် ထိန်းချုပ်မှု စနစ် Ground Control Station GCS
မြေပြင်ထိန်းချုပ်မှုစနစ် ကွန်ပြူတာ နှစ်လုံး Ground Control Station GCS Computers
၅၀။ 'SKY-02 UAV 'နှင့် ‘SKY – 02A UAV’ တို့တွင် အောက်ပါကင်မရာများအား တပ်ဆင် အသုံးပြုနိုင်ပါကြောင်း စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ် www.photayokeking.org မှ တင်ပြလိုက်ရပါသည်-
- (က) Color CCD Video Camera
- (ခ) Infra Red Video Camera
မောင်းသူမဲ့လေယာဉ်တွင် တပ်ဆင် အသုံးပြုသောကင်မရာ
အပိုင်း (၅) အား နောက်ရက်တွေမှာ ဆက်လက် တင်ဆက်သွားပါမည်။Ref: http://www.photayokeking.org/policylaw/research/963-starting-to-born-uav-4
No comments:
Post a Comment