- NAING NAING SANAY MYANMAR NEWS
Headlines News :

Saturday, June 16, 2012

နိုင်ငံတကာ မီဒီယာများမှ ရခိုင်အရေးတွင်ဖော်ပြနေမှုများနှင့် ပတ်သတ်၍ ပြည်တွင်းရှိ ပြည်သူအချို့မှ ဆန္ဒဖော်ထုတ်မှုဖြစ်ပွား။

 

 

ရခိုင်ပြည်တွင်ဖြစ်ပွားနေသော ပြဿနာများအား နိုင်ငံတကာ သတင်းဌာနများမှ ထုတ်လွှင့်ကြေညာနေမှုအပေါ်တွင်  ပြည်သူအချို့မှ ဇွန်လ ၁၄ ရက် မွန်းလွဲ ၁၀ နာရီခွဲခန့်က ကမ်းနားလမ်း ဗြိတိန်သံရုံရှေ့တွင် ဆန္ဒဖော်ထုတ်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
“ကျွန်တော်တို့က ဘယ်အဖွဲ့အစည်းကမှ မဟုတ်ပါဘူး၊ ရခိုင်ပြည်မှာ ဖြစ်နေတဲ့ပြဿနာတွေမှာ ရခိုင်ပြည်မှာရှိတဲ့ ရခိုင်တိုင်းရင်းသားတွေနဲ့ ရိုဟင်ဂျာတွေအရေးကို ပြည်ပမှဖော်ပြတဲ့ သတင်းတွေက မှားယွင်းပြီးဖော်ပြနေတဲ့အတွက် အခုလိုလာပြတာပါ” ဟု ဆန္ဒလာရောက်ထုတ်ဖော်သူ ကိုချမ်းသာအောင်ကပြောသည်။
အဆိုပါဆန္ဒလာရောက်ဖော်ထုတ်သူများသည် “နိုင်ငံတကာမီဒီယာများ ဘာသာရေးပဋိပက္ခအသွင် ဖော်ပြခြင်းများ ချက်ချင်းရပ်” “BBC Stop making this to APPEAR as RELIGIOUS CONFLTIC” “မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကိုလေးစားပါ” “၀ါဒဖြန့်မှု ချက်ချင်းရပ်”အစရှိသော စာတန်းများအပါအ၀င် အခြားစာတန်းများကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးသားဖော်ထုတ် ဆန္ဒပြုခဲ့ကြခြင်းဖြစ်သည်။
“လူသားချင်းစာနာတဲ့အနေနဲ့ အတိုင်းအတာတစ်ခုထိပေးထားပြီးသားပါ။ ပြီးခဲ့တဲလွှတ်တော်မှာလဲ ဦးခင်ရီ ကိုယ်တိုင်ရှင်းပြထားပြီးသား။ အဲဒါထက်ပိုလာတဲ့ အတိုင်းအတာကတော့ တိုင်းပြည်ရဲ့လုံးခြုံရေးအရရော မျိုးချစ်စိတ်ဓာတ်အရရော ဒါကိုမဖြစ်စေချင်တာပါ ဒါကို ဒီ့ထက်ပိုပြီးတော့ ကျယ်ပြန့်လာမှာ စိုးလို့ မဖြစ်ချင်တာပါ တခြားဘာမှ မရှိပါဘူး ဗြိတိန်သံရုံးရှေ့မှာပြတယ်ဆိုတာကတော့ အခုထွက်နေတဲ့သတင်းတွေ ခင်းဗျားတို့လဲသိတာပဲ ဒါကို ဗုဒဘာသာနဲ့ မူစလင်အရေးဖြစ်နေတယ်ဆိုတာ ပြောနေတဲ့အတွက် ဒါကို သိစေချင်လို့ လာပြတာပါ” ဟု လာရောက်ဆန္ဒဖော်ထုတ်သူ ကိုခင်ဝင်းကပြောသည်။
ထိုအပြင် ဇွန်လ ၁၄ ရက်နေ့ထုတ်  WEEKLY ELEVEN ဂျာနယ်တွင်လည်း “နိုင်ငံတကာသတင်းမီဒီယာအများစုသည် ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေသော ဆူပူအကြမ်းဖက်မှုများတွင် မြန်မာနိုင်ငံနှင့် တိုင်းရင်းသားတို့၏ ဂုဏ်သိက္ခာကို ကျဆင်းလာအောင် တစ်ဖက်စောင်းနင်းဖော်ပြကြ” ဟူသောခေါင်းစဉ်ဖြင့်လည်း ပြည်တွင်းထုတ်ဂျာနယ် တာဝန်ခံအယ်ဒီတာများနှင့် သတင်းထောက်များ၏ ပြောကြားချက်များဖြင့် ဖော်ပြခဲ့ကြောင်းလဲသိရသည်။
လူမင်းသောင်းထွန်း။
Ref Link: http://www.themyanmarpost.com/?p=12047

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template