- NAING NAING SANAY MYANMAR NEWS
Headlines News :

Saturday, June 16, 2012

NLD ပါတီမှပါတီဝင်လူငယ်များဗလီများတွင်လုံခြုရေးတာဝန်ယူ။


ဇွန် ၁၅ ရက်တွင် ထွက်ပေါ်နေသော ကောလာဟလသတင်းများကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီမှ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကူညီမှုအဖွဲ့များဖွဲ့စည်း၍ အစ္စလမ်ဘာသာဝင်များ၏ ၀တ်ပြုဆုတောင်းရာ နေရာများဖြစ်သော ဗလီများတွင် လုံခြုံရေးတာဝန်ယူခဲ့ကြောင်းသိရသည်။
အစ္စလမ်ဘာသာဝင် အများစုနေထိုင်သည့် မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ဗလီတစ်ခုလျှင် လုံခြုံရေးအဖွဲ့ဝင် ၁၀ ဦးခန့် တာဝန်ယူခဲ့ပြီး မနက်၈ နာရီမှ ညနေ ၃ နာရီအထိ စောင့်ကြပ်ကြည့်ရှုရကြောင်း လုံခြုံရေးအဖွဲ့ဝင်တစ်ဦးကပြောသည်။
“တစ်ခုခုဖြစ်ပြီဆိုရင် ဆက်သွယ်ရမဲ့ ဖုန်းနံပတ်တွေလဲ ပေးထားတယ်။ ဒီနေ့တော့ ဘာမှမဖြစ်ဘူး” ဟု မင်္ဂလာတောင်ညွန့်မြို့နယ် ကန်ရှေ့ရပ်ကွက် ရောင်နက်ဗလီတွင် လုံခြုံရေးတာဝန်ယူထားရသည့် ဦးအောင်မင်းကပြောသည်။
လက်တလောဖြစ်ပွားလျှက်ရှိသော ရခိုင်ပဋိပက္ခအရေးကြောင့် ရန်ကုန်မြို့၌ အစ္စလမ်ဘာသာဝင်တို့၏ အပတ်စဉ် ၀တ်ပြုဆုတောင်းနေ့ဖြစ်သော သောကြာနေ့ (ဇွန် ၁၅ ရက်)တွင် ရခိုင်အရေးနှင့်ပတ်သတ်၍ အရေးအခင်းတစ်ခုသဖွယ် ဖြစ်နိုင်သည့်ဟု ရန်ကုန်မြို့သားများအကြားတွင် ပျံနှံနေပြီး၊ အဆိုပါနေ့ နံနက်တွင် ဖုန်း မက်ဆေ့စ်များ၌ အစ္စလမ်ဘာသာဝင်များ၏ ဗလီများအား ဖျက်ဆီးရမည်ဟူသောစာများပေးပို့ခြင်းများ ဖြစ်ခဲ့ကြောင်း သိရသည်။
ဇော်မင်းနိုင်။

Ref Link: http://www.themyanmarpost.com/?p=12065

စိတ်မကောင်းဘူး။
ရခိုင်မှာသေကြေပျက်စီးနေတာအများကြီး
ဒါကိုတော့စကားတလုံးလေးမျှပင်မပြေပဲ။
အခုသတင်းကတော့လူကြားလို့မှကောင်းကြသေးရဲ့လား။

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template