- NAING NAING SANAY MYANMAR NEWS
skip to main  |
      skip to sidebar
          
        
          
        
ရန်ကုန်မြို့က ကုက္ကိုင်းဗလီ ဖျက်ဆီးခံရ
 ရေးသားသူ onekokoaung. ရေးသားသည်နေ့ Saturday, June 16, 2012 
ရန်ကုန်မြို့က သက်တမ်းရင့် ကုက္ကိုင်းဗလီကို ဒီမနက် ၂ နာရီခွဲလောက်မှာ 
လူတချို့က သွားပြီး ဖျက်ဆီးကြတယ်လို့ မြန်မာပို့စ်သတင်းဂျာနယ် အွန်လိုင်း http://www.themyanmarpost.com/?p=12076 မှာ ရေးထားပါတယ်။
 
 “အယောက် ၂၀ နီးပါလောက်ရှိတယ်လို့ပြောတယ်။ ကျွန်တော်တို့က ၃ နာရီလောက်မှ 
သိတာ။ အဲဒီ ဗလီနားမှာက လုံခြုံရေးတွေလည်းရှိတယ်။ အဲဒီကြားထဲက ဖျက်ဆီးခံရတာ”
 လို့ ဗလီမှာ ရှိတဲ့ အစ္စလမ်ဘာသာရေး ဆရာတစ်ဦးက ပြောပါတယ် တဲ့။
 
 ဗလီ ဆိုင်းဘုတ် နဲ့ မှန်တွေ ကွဲသွားတယ်၊ အနားမှာရှိတဲ့ ရှေးဟောင်းပစ္စည်းဆိုင်တခုလည်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
 
 ကမ္ဘာအေးဘုရားလမ်း၊ ကုက္ကိုင်းမှတ်တိုင်နားက ဒီဗလီဟာ သက်တမ်းအားဖြင့် 
နှစ်တရာနီးပါး ရှိကြောင်း၊ ၀တ်ပြုချိန်တွေမှတပါး ညဘက် လူမရှိတဲ့ 
ဗလီဖြစ်တယ်လို့ ဆိုပါတယ်။
 
 
 
 
          
      
 
  
 
 
 
  
No comments:
Post a Comment