- NAING NAING SANAY MYANMAR NEWS
Headlines News :

Saturday, June 16, 2012

ရခိုင်ပြည်နယ်တွင်ဖြစ်ခဲ့သောအဓီကရုဏ်းဖြစ်စဉ်မှတ်တမ်းအပိုင်း(1)။


ဇွန်(၈) ၂ဝ၁၂
 
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှမသီတာထွေး အား မုဒိမ်းကျင့်/ သတ်ဖြတ်/ လု ယက်မှု ကျူးလွန်သူ ၃ဦးအား ကျောက်နီမော်ရဲစခန်းမှ (ပ) ၂၃/ ၂ဝ၁၂၊ ပြစ်မှုပုဒ်မ ၃ဝ၂/၃၇၆/၃၉၂ ဖြင့် ဇွန် ၈ ရက် နံနက် ၉ နာရီ ခန့်တွင် ကျောက်ဖြူခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ခရိုင်တရားရုံးမှ ရာကြီးအမှတ်၊ ၁၄/၂ဝ၁၂ ဖြင့် လက်ခံစစ်ဆေးခဲ့ကြောင်း၊ တရားခံ များက ခုခံချေပရန်အတွက် တရားခံ ရှေ့နေမငှားလိုကြောင်း လျှောက်ထား ခဲ့ကြောင်း၊ ခရိုင်တရားရုံးမှ တရား မျှတမှု ရှိစေရန် တရားရုံး လုပ်ထုံး လုပ်နည်းအရ အစိုးရရှေနေ့တစ်ဦး စီစဉ်ပေးလျက် ဆက်လက်ကြားနာ စစ်ဆေးသွားရန် ဇွန် ၁၁ ရက်သို့ ပြန်လည် ရုံးချိန်းပေးခဲ့ပြီး ယနေ့ ၉ နာရီ ၄ဝ မိနစ်တွင် တရားရုံးလုပ်ငန်း ပြီးဆုံးခဲ့ကြောင်းသိရှိရသည်။ တရားရုံး ထုတ် စစ်ဆေးစဉ် တရားရုံး၌ ရပ်ရွာ လူထု၁ဝဝခန့်တက်ရောက်နားထောင် ခဲ့ကြကြောင်းသတင်း ရရှိသည်။

၁၃း၁၅ နာရီ။ မောင်တောမြို့ (၄)ရပ် ကွက်အား အင်အား ၃ဝဝ ခန့်မှ မီးရှို့၊ သဇင်တည်းခိုခန်းနှင့် အိမ် ၄ လုံး မီးရှို့ခံရ။

၁၄း၃ဝ နာရီ။ မောင်တောမြို့ (၅)ရပ် ကွက် အင်အား ၃ဝဝ ခန့်မှ မီးရှို့၊ အိမ် ၄ လုံး မီးရှို့ခံရ။
၁၄း၃ဝ နာရီ။ လဗော်ဇားတံတား ကင်းစခန်း၊ မောင်တောမြို့သို့ ဝင်ရန် တောင်ဘက်မှ အင်အား ၇ဝဝ ခန့် ရောက်ရှိလာရာ နစကမှတားဆီးခဲ့၊ အင်အား ၄ဝဝ လှည့်ပြန်သွား၊ အင် အား ၃ဝဝ ကျန်၊ လယ်ကွင်းမှ ဖြတ်ပြီး မောင်တောမြို့တွင်းဝင်။
၁၄း၃ဝ မှ ၁၅းဝဝ ထိ ။ သရည် ကုန်းဘောင်ရွာအား အင်အား ၂ဝဝ ခန့်မှ မီးရှို့၊ အိမ် ၁ဝ၃ လုံး မီးရှို့ခံရ။
၁၅းဝဝ နာရီ။ ရွှေရင်အေး(နတလ) ရွာ၊ အင်အား ၂ဝဝ ခန့်မှ မီးရှို့၊ ပစ္စည်းလုယက်၊ အိမ်ခြေ ၆၇ လုံး မီးရှို့ခံရ။
၁၅းဝဝ နာရီ။ မောင်တောမြို့၊ညောင် ချောင်းဈေးတန်း၊ ပစ္စည်းလုယက်၊ ဈေးဆိုင်တန်း မီးရှို့၊ ဈေးဆိုင်ခန်း ၁၉ ခန်း မီးရှို့ခံရ။
၁၅းဝဝမှ ၁၆းဝဝထိ။ ခရေမြိုင် (နတလ)ရွာ၊ ဗောဓိကုန်း၊ ကင်း ချောင်းရွာ၊ ကန်သာယာရွာ၊ ကံပြင် သာစည်ရွာစသည်တို့တွင် အင်အား ၃ဝဝ ကျော်စီမှ ဝိုင်း၊ မီးရှို့၊ အိမ်ခြေ (၁ဝဝ)၊ (၂၃)၊ (၂ဝ)၊ (၄ဝ)၊ (၂ဝ)စီ မီးရှို့ခံရ။
၁၆း၃ဝ နာရီ။ အောင်ဗလရွာ၊ အင် အား ၃ဝဝ ကျော်မှဝိုင်း၊ နယ်မြေ(၆) ရဲတပ်ဖွဲ့မှ ခြောက်လှန့်ပစ်ခတ်ချိန် ထွက်ပြေးသွား။
၂ဝး၃ဝ နာရီ။ ဥဒေါင်း(နတလ)ရွာ၊ အင်အား ၃ဝဝ ခန့်မှ မီးရှို့ရန် ဝိုင်း၊ ကျားထိုး မည့်ပုံလုပ်လာသဖြင့် သေနတ်ထောင်ပြီး ပစ်ဖောက်ခဲ့ရ။
၂၂း၁ဝ နာရီ။ ပြသားရွာ၊ အင်အား ၂ဝဝ/ ၃ဝဝ မှ ဝိုင်း၊ ပြန်ဆုတ်သွား။
၂၃းဝဝ နာရီ။ ရပ်ကွက်(၅)၊ ၃ဝဝ ခန့် အနားကပ်လာ၍ ခြောက်လှန့် ပစ်ခတ်ခဲ့ရ။
၂၃းဝဝ နာရီ။ နယ်မြေ(၇) ပင်လယ် ပြင်ကမ်းခြေအနီး၊ စက်လှေ(၃)စီး ပင်လယ်ပြင်မှ ကမ်းခြေသို့ မောင်းနှင် ဆိုက်ကပ်လာ၊ ကမ်းခြေစောင့်အဖွဲ့မှ တွေ့ရှိ။
၂၃း၁၅ နာရီ။ မောရဝတီရဲကင်း၊ ရဲကင်းအား မီးရှို့။
၂၃း၁၅ နာရီ။ (၃)မိုင်စစ်ဆေးရေး စခန်းအနီး ဝေသာလီကျေးရွာ၊ အင်အား ၃ဝဝ ခန့်မှ ဝိုင်း၊ မီးတုတ် နှင့်ပစ်၊ အိမ် ၅ လုံး မီးလောင်။
၂၃း၎ဝနာရီ။ ရပ်ကွက်(၄)နှင့် ရပ်ကွက် (၅) ကြား၊ ၂ဝဝ ဦးခန့် လူစုမခွဲဘဲ ရှေ့တိုး၊အန္တရာယ်ပြုမည့်အနေအထား ပြုလုပ်၊ ရဲတပ်ဖွဲ့မှ ခြောက်လှန့်ပစ်ခတ် ခဲ့၊ ဆုတ်ခွာသွား။
မောင်တောမြို့နယ်တွင် ည မထွက်ရအမိန့် ထုတ်ပြန်ကြေညာ။
ဘူးသီးတောင်မြို့နယ်တွင်လည်း ညမထွက်ရအမိန့်ထုတ်ပြန်ကြေညာ။


 ဇွန်(၉) ၂ဝ၁၂
 
ဝ၁း၁ဝ နာရီ။ ရပ်ကွက်(၃)၊ အင်အား ၁ဝဝ ခန့် ရပ်ကွက်မှ ခဲဖြင့် ပစ်ပေါက် သဖြင့် သေနတ်မိုးပေါ်ထောင်၍ ပစ်ခတ်ခဲ့ရ။
ဝ၃းဝဝ နာရီ။ ရပ်ကွက်(၄)၊ ဗိုလ် မှူးရွာ။ အိမ်(၁)လုံး မီးရှို့ရန် ပြုလုပ်၊ မိုးပေါ်ထောင်ပစ်၊ ပြန်ထွက်သွား။
ဝ၅း၁၅ နာရီ။ ဝေသာလီရွာ၊ အင် အား ၂ဝဝ ခန့် ဝိုင်းဖို့ကြိုးစား၊ မိုးပေါ် ထောင်ပစ်၍ ပြန်ထွက်သွား။
ယမန်နေ့က ရခိုင်ပြည်နယ် မောင်တောမြို့၌ ဖြစ်ပွားပေါ်ပေါက် ခဲ့သည့်ဆူပူအကြမ်းဖက်မှုများ အပေါ် စနစ်တကျ ထိန်းသိမ်းဆောင်ရွက် နိုင်ခဲ့ပြီဖြစ်သည့်အတွက် ယနေ့နံနက် ပိုင်းမှစ၍ အခြေအနေများ မူလ အတိုင်း ပြန်လည်တည်ငြိမ်အေးချမ်း လျက်ရှိပြီဖြစ်သည်။
အဆိုပါဖြစ်စဉ်များ၌ နေအိမ်များ မီးလောင်ဆုံးရှုံးခဲ့ပြီး လတ်တလော ဒုက္ခရောက်နေကြသည့်ဒေသခံပြည်သူ များအတွက် မောင်တောမြို့တွင် ပရဟိတကျောင်း၊ အောင်မြေဗောဓိ ကျောင်း၊ ဗဟိုကျောင်းတို့၌ ကယ် ဆယ်ရေးစခန်း (၃)ခု ဖွင့်လှစ်ပြီး ကူညီ စောင့်ရှောက်မှု ပေးလျက်ရှိကြောင်း၊ အဆိုပါကယ်ဆယ်ရေးစခန်းများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန မှ ထောက်ပံ့ရေးပစ္စည်း(၃.၃)တန်နှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ ဘေထုပ် ၅ဝ (စုစုပေါင်း ၂ တန်ကျော်)ပေးပို့ ပြီးဖြစ်ကြောင်းနှင့် ထောက်ပံ့ရေး ပစ္စည်းများ ဆက်လက်ပေးပို့သွားမည် ဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် ထိခိုက် ဒဏ်ရာရသူများ နှင့် ဒေသခံပြည်သူများ၏ ကျန်းမာ ရေးစောင့်ရှောက်မှုအတွက် ကာကွယ် ရေးဝန်ကြီးဌာနမှ ဆေးဝန်ထမ်း(၃၂)ဦး နှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ အဖွဲ့ဝင် (၁ဝ)ဦးပါ ဆေးကုသရေးအဖွဲ့(၁)ဖွဲ့တို့ ယနေ့ရောက်ရှိပြီး ကျန်းမာရေး စောင့်ရှောက်မှုများ စတင်ဆောင်ရွက်ပေး နေပြီဖြစ်ကြောင်းလည်း သိရှိရသည်။
မောင်တောမြို့၏ တည်ငြိမ် အေးချမ်းမှုနှင့် တရားဥပဒေ စိုးမိုးမှု အခြေအနေကောင်းများအား ဆက် လက်ထိန်းသိမ်းဆောင်ရွက်ရန်နှင့် ဒေသခံ ပြည်သူများအား လိုအပ် သည့် ကူညီပံ့ပိုးစောင့်ရှောက်မှုများ ကြီးကြပ်ဆောင်ရွက်နိုင်ရန် အတွက် ကာကွယ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး လှမင်း၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် ကိုကိုနိုင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖုန်းဆွေတို့ မောင်တောမြို့သို့ရောက်ရှိ ကွပ်ကဲလျက်ရှိကြောင်း သတင်းရရှိသည်။
ဇွန်လ ၈ ရက် ယမန်နေ့က ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ကိစ္စရပ်များနှင့်ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် မဟာမိတ်တိုင်းရင်းသား ခေါင်းဆောင် များမှ ပူးတွဲကြေညာချက် တစ်ရပ်ကို ယနေ့ ဇွန်လ ၉ရက် မွန်းတည့် ၁၂ နာရီက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ပြုလုပ်သည့် အစည်းအဝေးဆုံးဖြတ် ချက်အရ ထုတ်ပြန်လိုက်ကြောင်း သိရသည်။
မောင်တောမြို့ တည်ငြိမ်အေး ချမ်းရေး၊ ကယ်ဆယ်ရေးနှင့်ပြန်လည် ထူထောင်ရေးဆိုင်ရာ ကြီးကြပ်ရေး အဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်လိုက် ကြောင်းသိရသည်။
မောင်တောနှင့် ဘူးသီးတောင်တို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက် တိုက်ခိုက်ခံရမှုများအတွက်ရန်ကုန်မြို့ ရှိ ရခိုင်တိုင်းရင်းသားများသည် ယနေ့ ဇွန် ၉ ရက် မွန်းလွဲပိုင်းက ရွှေတိဂုံ ဘုရားပေါ်သို့တက်ရောက်ဆုတောင်းမှု ပြုလုပ်ခဲ့ကြသည်။
ရွှေတိဂုံဘုရား အရှေ့ဘက်မုခ် အနီးရှိ ရခိုင် ဓညဝတီ စာသင်တိုက် သို့ စုဝေးရောက်ရှိလာကြသော ရခိုင်တိုင်းရင်းသား ၃ဝဝ ဝန်းကျင် ခန့်တို့သည် ကျောင်းတိုက်မှ ဆရာ တော်များနှင့် ပူးပေါင်းကာ မွန်းလွဲ ၃ နာရီခန့်က ဘုရားပေါ်သို့ တက် ရောက်ခဲ့ကြပြီး လက်ယာရစ် ၃ပတ် ပူဇော်ကာ ငြိမ်းချမ်းစွာ ဆုတောင်း ခဲ့ကြသည်။



                                                                                            ဆက်လက်ဖတ်ရူရန်........
 Myanmar Express

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template