- NAING NAING SANAY MYANMAR NEWS
Headlines News :

Saturday, June 16, 2012

ဘင်္ဂလားဒေ့ရှ် အစ္စလာမ်မစ်ပါတီ Jamaat e-Islami က ရိုဟင်ဂျာများကို လက်နက်တပ်ဆင်ကာ မြန်မာနိုင်ငံတွင် မငြိမ်မသက်မှု ဖြစ်စေရန် လှုံ့ဆော်ပေးခဲ့သည့်ဟု မြန်မာအစိုးရက ပူပန်နေကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ပြောကြား၊ ရိုဟင်ဂျာများနှင့် Jaamat အကြားခိုင်မာသော ချိတ်ဆက်မှုရှိနေကြောင်း ၀န်ခံ 
 Weekly eleven News:

ဘင်္ဂလားဒေ့ရှ် အစ္စလာမ်မစ် ပါတီ Jamaat e-Islami နှင့် အချို့သော အဖွဲ့အစည်းများက ရိုဟင်ဂျာများကို လက်နက်တပ်ဆင်ကာ မြန်မာနိုင်ငံတွင် မငြိမ်မသက်မှုဖြစ်ပြီး လူမျိုးရေး အဓိကရုဏ်းများ ဖြစ်လာစေရေး လှုံ့ဆော်ပေးခဲ့သည်ဟု ယူဆရမှုအပါအ၀င် မြန်မာအစိုးရ၏ ပူပန်နေရသည့်ကိစ္စများကို မြန်မာနိုင်ငံရှိ ဘင်္ဂလားဒေ့ရှ် သံရုံးသို့ ဆက်သွယ်အသိပေးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ၀န်ကြီး ဒီပူမိုနီက ဇွန်လ ၁၄ ရက် နေ့တွင် ပြောကြားခဲ့သည်။
"Jamaat နဲ့ ရိုဟင်ဂျာတွေကြားမှာ ခိုင်မာတဲ့ ချိတ်ဆက်မှုရှိနေပါတယ်။ Jamaat ရဲ့ ထောက်ပံ့မှုနဲ့ မြန်မာနိုင်ငံတွင်းမှာ ရိုအင်ဂျာအုပ်စု အချို့လှုပ်ရှားနေကြတာပါ။ ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ဒီကိစ္စကို အရမ်း အရေးကြီးတဲ့ ကိစ္စအဖြစ် မှတ်ယူထားပါတယ်"ဟု မိုနီက ဖြည့်စွက်ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာများ ထပ်မံဝင်ရောက်မှုကို လက်ခံရန် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းများနှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး က ဖိအားပေးနေသော်လည်း လက်မခံနိုင်ရခြင်းနှင့် ပတ်သက်ပြီးလည်း မိုနီက ဖြေရှင်းပြောကြားခဲ့သည်။
"စစ်ဖြစ်နေတဲ့ အခြေအနေမျိုး မရှိပါဘူး။ သူတို့ (ရိုဟင်ဂျာ)တွေမှာ သွားစရာနေရာမရှိတာလည်း မဟုတ်ပါဘူး။ (မြန်မာ)အစိုးရက သူတို့ကို နှင်ထုတ်နေတာလည်း မဟုတ်ပါဘူး။ ဒီပြဿနာကို ပြေလည်အောင်ပဲ ဖြေရှင်းပေးနေတာပါ" ဟု မိုနီကသုံးသပ်ခဲ့သည်။
"ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေကို လက်ခံပေးရမယ်ဆိုတဲ့ ဘယ်နိုင်ငံတကာ သဘောတူညီချက်ကိုမှ လက်မှတ်မထိုးထားပါဘူး။ ဒါကြောင့် ရိုဟင်ဂျာတွေကို အမိုးအကာပေးဖို့ ကျွန်မတို့မှာ တာဝန်ရှိတယ်ဆိုတာမျိုး မဟုတ်ပါဘူး"ဟု မိုနီ ကပြောကြားခဲ့သည်။
"အပြည်ပြည်ဆိုင်ရာ ဥပဒေတွေအရ မဟုတ်ပေမဲ့ ကျွန်မတို့က သူတို့ကို လူသားချင်း စာနာထောက်ထားမှုအရ နိုင်ငံထဲမှာ နေခွင့်ပေးထားတာပါ"ဟု မိုနီက ပြောကြားခဲ့ပြီး လတ်တလောအချိန်တွင် ရိုဟင်ဂျာ ၂၅၀၀၀ ခန့်ကို အကူအညီပေးထားပြီး တရားမ၀င် နေထိုင်သူ ငါးသိန်းနီးပါးအထိ ဘင်္ဂလားဒေ့ရှ် တွင် လက်ခံပေးထားရပြီးဖြစ်ကြောင်း မိုနီက အောက်လွှတ်တော်တွင် စာရင်းဇယားများ တင်ပြခဲ့သည်။
"ရိုဟင်ဂျာတွေကြောင့် ဘင်္ဂလားဒေ့ရှ်မှာ လူမှုရေး၊နိုင်ငံရေး၊ ပတ်ဝန်းကျင်ရေးရာနဲ့ တရားဥပဒေ စိုးမိုးမှုဆိုင်ရာ ပြဿနာတွေ အမြောက်အမြားကို ရင်ဆိုင်နေရပါတယ်"ဟု မိုနီက ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ ကျူးကျော်ဝင်ရောက်ခဲ့သော ရိုဟင်ဂျာအချို့သည် ယခင်(ဘင်္ဂလားဒေ့ရှ်) အစိုးရ လက်ထက်က အကူအညီရပြီး ပြည်ပသို့ထွက်ခွာရန် စီမံနိုင်ခဲ့မှုများရှိခဲ့ကြောင်း၊ ဘင်္ဂလားဒေ့ရှ် ပတ်စ်ပို့ကိုင်ပြီး ပြည်ပတွင် ရာဇ၀တ်မှုများ ကျူးလွန်ရာ၌ ပါဝင်ပတ်သက်နေသည့် ရိုဟင်ဂျာများရှိကြောင်း မိုနီက ပြောကြားခဲ့သည်။

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template