- NAING NAING SANAY MYANMAR NEWS
Headlines News :

Tuesday, June 19, 2012

မည်သည့်ဖုန်းဖြစ်မဆိုနိုင်ငံတကာသို့တိုက်ရိုက်ခေါ်ဆိုသည့်စနစ်တခုဇူလိုင်လတွင်စတင်မည်။




မည်သည့်ဖုန်းဖြင့်မဆို နိုင်ငံတကာသို့ တိုက်ရိုက် ဖုန်းခေါ်ဆိုမှု စနစ်ကို ဇူလိုင်တွင် စတင်မည်ဖြစ်ကြောင်း Blue Ocean Operating Management ကုမ္ပဏီလီမိတက်မှ သိရသည်။ ယင်းသို့ ဖုန်းခေါ်ဆိုခြင်းကို မိုဘိုင်းဖုန်း သို့မဟုတ် လိုင်းဖုန်းတွင်ပါ အသုံးပြုနိုင်မည်ဖြစ်ပြီး 1877 သို့ ဖုန်းဆက်သွယ်ရုံဖြင့် မိမိခေါ်ဆိုလိုသည့် နိုင်ငံသို့ တိုက်ရိုက် ဖုန်းပြောဆိုနိုင်မည်ဖြစ်ကြောင်း သိရသည်။ “ဒီစနစ်က အင်တာနက်ရှိဖို့ မလိုအပ်ပါဘူး။ Call Center ကနေ ၂၄ နာရီ ဝန်ဆောင်မှုပေးမှာပါ။ ဖုန်းခေါ်ဆုခကိုတော့ ဖုန်းထဲကနေပဲ ဖြတ်သွားမှာပါ။ ကျသင့်ငွေကို မိနစ်အလိုက် ကောက်ခံသွားမှာပါ။ Y talk Service ကို Call Center နဲ့ ပူးပေါင်းလိုက်ခြင်းပါပဲ။ နိုင်ငံတကာနဲ့ ဖုန်းခေါ်ဆိုခကိုတော့ အတိအကျ မသတ်မှတ်ရသေးပါဘူး။ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းနေဆဲပါ” ဟု Blue Ocean အုပ်ချုပ်မှု ဒါရိုက်တာ ဦးထွန်းထွန်းနိုင်က ပြောသည်။ ယင်းစနစ်ဖြင့် စင်ကာပူ၊ ထိုင်း၊ မလေးရှား၊ အမေရိကန် အစရှိသည့် နိုင်ငံများသို့ ဖုန်းခေါ်ဆိုနိုင်မည်ဖြစ်ကြောင်း သိရသည်။ ယင်းဖုန်းခေါ်ဆိုခြင်းနှင့်ပတ်သက်၍ ကုမ္ပဏီဝန်ထမ်းကို အောင်အောင်က “ဒီစနစ်လုပ်ပေးတာ ကောင်းပါတယ်။ ဈေးနှုန်းကတော့ ဘယ်လိုဖြစ်ဦးမလဲ မသိဘူး။ ဆက်သွယ်ရေးကနေ နိုင်ငံခြားကို ဖုန်းခေါ်ဆိုရတာလဲ အဆင်မပြေတာတွေ ရှိတယ်လေ။ အဓိကက ဈေးနှုန်းသက်သာဖို့ပါပဲ” ဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template