- NAING NAING SANAY MYANMAR NEWS
Headlines News :

Tuesday, June 19, 2012

ရခိုင်ပြည်နယ်အတွက် Boder Guard Forces ဖွဲစည်းပေးသင့်။(အပိုင်း-1)

Tuesday, June 19, 2012

 

အစိုးရသည်ရခိုင့်အရေးကို - လက်ရှိအမြင်ပြောရလျှင် - အုပ်ချုပ်ရေး (administrative/ law and order issue) ပြဿနာအဆင့်ထားကာပြည် ထောင်စုအစိုးရအဖွဲ့ ကသာကိုင်တွယ်ဖြေရှင်းနေဟန်ရှိသည်။

သို့ သော်ပြည်သူလူထုကမူ အမျိုးသားအရေး (a national concern) အဖြစ် မြင်နေကြသည်။
ထို့ ကြောင့် 7 Day News ဂျာနယ်ကလွှတ်တော်ကိုမတင် ဘူးလားဟုအစိုးရအာဏာရပြည်ခိုင်ဖြိုး ပါတီ၏ခေါင်းဆောင်တစ်ဦးဖြစ်သူဦး ဌေးဦးကိုမေးခွန်းထုတ်ခဲ့သည်။ဦးသိန်းညွန့် စသောပြည်သူ့ 

လွှတ်တော်ကိုယ်စားလှယ်တို့ ကလည်းလွှတ်တော်သို့ တင်သွင်းရန်အသံမြည်လာကြပြီ။

အမျိုးသားအရေးဟုသတ်မှတ်သူများအနက်တတ်နိုင်သူများကအလှုငွေသိန်းထောင်နှင့်ချီ၍အပြိုင်အဆိုင်
လှုဒါန်းကြယုံမကဒုက္ခသည်များထံသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်စောင့်ရှောက်နေကြပြီဖြစ်သည်။ [ဧရာဝတီတိုင်း၌နာဂစ်မုန်တိုင်းဖျက်ဆီးပြီးချိန်ကာလကိုပြန်သတိရစရာပင်။] 


ရခိုင်အရေးနှင့်ပါတ်သက်၍တစ်ဦးချင်းခံစားချက်(emotions) များကိုအချိန်အတိုင်းအတာ တစ်ခုအထိခွင့်ပြုပေးခဲ့ကြပြီးပါပြီ။ရှေ့ ခရီးအတွက်အလုံးစုံပါဝင်သောချဉ်းကပ်နည်း (comprehensive approach) ဖြင့်အကောင်းဆုံးဟုမဆိုနိုင်သော်လည်းလက်တွေ့ အကောင်အထည်ဖေါ်ယူနိုင်မည့်
(realistic and feasible solution) အဖြေကိုစဉ်းစားကြရမည်ဖြစ်ပါသည်။

ယခုတင်ပြချက်တွင်ရိုဟင်ဂျာတွေအယ်ခိုက်ဒါနှင့်အဆက်အသွယ်ရှိကြောင်း
မြန်မာ့နယ်မြေတစ်စိပ်တစ်ပိုင်းကိုအရယူ၍နိုင်ငံထူထောင်ရန်စီမံကိန်းရှိတာတွေ
ကိုထည့်မပြောတော့ပါ။ ပြောနေစရာမလိုတော့သောကြောင့်ဖြစ်သည်။

ဘင်္ဂလားဒက်ရှ်အစိုးရနိုင်ငံခြားရေးဌာနနှင့်ဘင်္ဂလားဒက်ရှင်္မီဒီယာတို့ ကယခုကိစ္စ
၏နောက်ခံအကြောင်းသည် Jamaat -e- Islam လက်ချက်ဖြစ်ကြောင်းပြောကြသဖြင့် ကြိုတင်ကြံစည်မှုတွေပါကြောင်းခိုင်လုံသောလက်ဆုပ်လက်ကိုင်တွေရှိနေပြီ။ 

 
ပြီးခဲ့သောအဓိကရုဏ်းတွင်ဘင်္ဂလီခေါ်တောများကတနေရာတွင်လောင်ချာနှင့်ပစ်သည်ဟုခိုင်မာသော
သတင်းထွက်လာသည်။ဝှက်ထားသောသေနတ်တလက်စ၊နှစ်လက်စနှင့်ပစ်ခြင်းသည်
လက်နက်ပုန်း ပြဿနာလောက်သာဖြစ်သည်။ လက်နက်ခဲယမ်းများသေတ္တာလိုက်ဖမ်းမိခြင်း၊
RPG အသုံးပြုခြင်းတို့ ပါဝင်လာသောအခါမူလ immigration issue သည် national security issue အဖြစ်နောက်တဆင့်တက်သွားပြီဖြစ်သည်။

ယခုတဖန် national security issue သည်လူဦးရေဆက်တိုးနေသည်နှင့်အမျှလူသားချင်းစာနာရမည့်
မျက်နှာစာဘက် (humanitarian dimension) ပါကြီးထွားလာပြီးပို၍ဖြေရှင်းရခက်လာတော့မည်။ 

ယ္ခုပင်လှေများဖြင့်ထွက်ပြေးသွားကြသောအမျိုးသမီးနှင့်ခလေးများကိုဘင်္ဂလားဒက်ရှ်ဘက်က
လက်မခံဟူသည့်သတင်းကြောင့်ပြဿနာကိုဘယ်ဘက်ကစလိုက်သည်ဆိုသည့်အချက်အား
သတင်းဖတ်ပရိဿတ်ကလျှော့တွက် (discount) တာခံရလာနိုင်သည်။

ဤပြဿနာသည်သက်တမ်းရှည်လာသည်နှင့်အမျှ ‘တရားဝင်သောအရေးဆိုမှုတစ်ခု’
(a legitimate cause) ဖြစ်နေသလိုလို၊ ‘အမျိုးသားလွတ်မြောက်ရေးကျိုးပမ်းမှု’တစ်ခု

(a national liberation movement) လိုလိုကမ္ဘာ့ပရိဿတ်၏အဝေးမြင်တွင်
ထင်မြင်လာနိုင်သည်။ ထိုအခါပို၍ရှင်းရခက်လာလိမ့်မည်။

ပြောရမည်ဆိုလျှင်ပြည်ထောင်စုအစိုးရသည်မဝေးကွာလှသေးသောမိမိ၏စစ်အာဏာရှင်
အရိပ်မည်းကြောင့်နိုင်ငံတကာကသံသယမျက်လုံးများဖြင့်စောင့်ကြည့်
အကဲခပ်နေကြမည်ကိုအလေးအနက်ထည့်တွက်နေရပုံရသည်။

၎င်းအပြင်စီးပွားရေးဆန်ရှင်အပြီးတိုင်ရုပ်သိမ်းပေးရေး၊ အကူအညီအထောက်အပံ့တွေရရေး၊ E Visa စသည်ဖြင့်အစွမ်းကုန်ပြင်ဆင်ထားသောသောကမ္ဘာ လှည့်ဧည့်သည်လုပ်ငန်းအောင်မြင်ရေး တို့ သည်မြန်မာနိုင်ငံ၏ဖြစ်တည်ခါစ ပြရုပ်ကောင်း (positive image) ပေါ်တွင်မူတည်နေသည်။ ဤအချက်များကလည်းဦးသိန်းစိန်အစိုးရကိုတုပ်နှောင်ထားသလိုဖြစ်နေပုံရသည်။
 
 
တဘက်တွင်လည်းရခိုင်ပြည်သူတွေကမိမိတို့ ကိုပြည်ထောင်စုအစိုးရကလုံလောက်သော
အကာအကွယ်မပေးနိုင်၊ ပေးချင်စိတ်မရှိဟုခံစားမိသွားကြလျှင်ပြည်ထောင်စုကြီးပြိုကွဲရေးကို
ရှေးရှုသွားမည့်အချက်ဖြစ်သည်ကိုလည်းဤ cost-benefit analysis ထည်းတွင်ထည့်တွက် သင့်သည်ဟုယူဆသည်။

အခြေအနေမှာလောလောဆယ်ထိမ်းချုပ်ထားနိုင်သည်ဆိုစေကာမူအချိန်မရွေးပြန်ပေါက်ကွဲမည့်အနေ
အထားဖြစ်ကြောင်းယခုရသေ့တောင်တွင်ရခိုင် ၁၁ ဦး ထပ်၍အသတ်ခံရသည်အဖြစ်ကလှစ်ပြနေသည်။

အဘယ့်ကြောင့်ဆိုသော်၎င်း၏မူလအကြောင်းတရားကအပွန်းအပဲ့မရှိနဂိုအတိုင်းရှိနေ၍ဖြစ်သည်။ 

ခိုးဝင်လာသူများကသူတို့ သည်တိုင်းရင်းသားတစ်မျိုးဖြစ်ပါသည်ဟုနိုင်ငံတကာမျက်နှာစာတွင်နှစ်ပေါင်း ၂၀ ကျော် lobby လုပ်ထားသည်။ လက်တွေ့ အရလည်းဒီလူတွေမြန်မာ့မြေပေါ်မှာနေလာတာ ဆယ်စုနှစ်ပေါင်းများစွာရှိနေခဲ့သည့်အတွက်နှစ်တွေကြာလေသူတို့ ၏ claim ကိုကမ္ဘာ့ပရိဿတ်က ဟုတ်သယောင်ယောင်ထင်လာနိုင်လေလေဖြစ်မည်။

၎င်းအထင်ကိုမြန်မာအစိုးရကထိထိရောက်ရောက်မချေဖျက်နိုင်ပါ။
[လ၀က၀န်ကြီးဦးခင်ရီကပြည်တွင်းမီဒီယာကိုခရီးသွားဟန်လွှဲတစ်ခွန်းမျှဖြေယုံမျှဖြင့်မလုံလောက်ပါ။]

ရခိုင်ပြည်တွင်ဒေသခံများ(အထူးသဖြင့်သံဃာတော်များကို)အလစ်ချောင်း၍တစ်ဦးချင်းလုပ်ကြံသတ်ဖြတ်ခြင်း၊ မိန်းခလေးများကိုစော်ကားပြီးအလွန်လူမဆန်သောနည်းများဖြင့်သတ်ဖြတ်ခြင်းတို့ သည်ယခုမှဖြစ်သည်မဟုတ်။

အဓိကရုဏ်းကာလအတွင်းရေတွင်းရေကန်တို့ ကိုအဆိပ်ခပ်သည်ဟူသောသတင်းများကြားရသည်။ [ဤအလုပ်မျိုးလုပ်သူများသည်မိမိအလိုကိုမလိုက်သောမိန်းခလေးများ၏မျက်နှာကိုအက်ဆစ်နှင့်ပက်သော
ယဉ်ကျေးမှုအဆင့်အတန်းမှဖြစ်ကြသည်။ မျက်နှာကိုအက်ဆစ်နှင့်ပက်ခံရသောဘင်္ဂလားဒက်ရှ်မှ မိန်းခလေးများအားကနေဒါ၌ပလပ်စတစ်ဆာဂျရီလုပ်အခမဲ့ဆေးကုပြုပြင်ပေးနေပုံကနေဒီယံ TV Program များတွင်ကြည့်ရဘူးသည်။ အမျိုးတူဘာသာတူများအပေါ်၌ပင်ကမ်းကုန်အောင်ရက်စက်သူများဖြစ်သည်။
 
 ထိုသို့ ဆိုသဖြင့်ကျွန်ုပ်တို့ သည်ထိုသူများကိုကိုင်တွယ်ရာ၌တန်းတူရည်တူလူမဆန်သောနည်းများဖြင့်
လက်တုန့် ပြန်ရမည်ဟုမဆိုလိုပါ။

မကောင်းဆိုးဝါးကိုနှိမ်နင်းရင်းကျွန်ုပ်တို့ ကိုယ်တိုင်မကောင်းဆိုးဝါးများဖြစ်မသွားရန်သတိရှိရမည်။
(In fighting monsters, we ourselves should not become monsters.) 

သို့ သော်ရှေ့ ဆက်၍ပြော့စိစိလုပ်နေလို့ လည်းမဖြစ်ပါ။ 

မြန်မာပြည်တွင်း၌ “ရိုဟင်ဂျာ” ၂ သန်းခန့် အထိရှိနိုင်သည်ဟုအိန္ဒိယနှင့်ဘင်္ဂလားဒက်ရှ် 
၂နိုင်ငံစလုံးကခန့်  မှန်းသည်။ မြန်မာအာဏာပိုင်များဘက်ကမူ ရှစ်သိန်းဟုခန့် မှန်းသည်။ 

သူတို့ နှင့်ဒေသခံများပဋိပက္ခဖြစ်တိုင်းတိုင်းပြည်၏အခြားအစိပ်အပိုင်းများနေနှစ်ဘက်ဘာသာတူ
အခြားလူများအကြားမအီမလည်ဖြစ်ရသည်မှာဒီတကြိမ်သာမဟုတ်တော့။ 

ကိုးကွယ်သောဘာသာချင်းတူပေမင့်“ရိုဟင်ဂျာ”ဆိုသူတွေနှင့်မြန်မာမူဆလင်တွေယဉ်ကျေးမှုအဆင့်
အတန်းချင်းကွာခြားသည်။ မြန်မာမူဆလင်များနှင့်သာမက၊မလေးရှား၊အင်ဒိုနီးရှားတို့ ကဘာသာတူ
သူများနှင့်အများကြီးကွာခြားသည်။ပို၍ချမ်းသာသော ဘရူနိုင်း၊ ဘာရိမ်း၊ ကာတာ၊ ယူအေအီး၊ ဆော်ဒီ၊ တူရကီတို့ ကိုထည့်ပြောစရာပင်မလို။

[မလေးရှားနိုင်ငံသည် ဘော့စနီးယား၊ ကိုဆိုဗို စသည့်အရှေ့ ဥရောပမှမူဆလင် ဒုက္ခသည်များကိုလျောလျောရှုရှုလက်ခံသည်။ ဘင်္ဂလီများကိုလက်မခံလို။]

ပထမဆုံးလုပ်သင့်သည်မှာလူတွေထပ်ခိုးဝင်မလာနိုင်အောင်ထိထိရောက်ရောက်တားရေးဖြစ်မည်။ 
လာဘ်စားသောပြည်ထောင်စုအစိုးရအရာရှိများထက်ပို၍၀ံသာနုရက္ခိတဖြစ်မည့်ပြည်နယ်အစိုးရကို လုပ်ပိုင်ခွင့်ပေးသင့်သည်။

အိန္ဒိယနိုင်ငံကမူသူ့ ဘက်ခိုးဝင်လာသောဘင်္ဂလီများကိုတံတိုင်းခတ်၍ဆီးတားယုံမကသေနတ်နှင့် အသေပစ်ခတ်၍တားဆီး (shoot at sight policy) ရာအတော်အတန်ခရီးရောက်သည်။
အိန္ဒိယနှင့်စာလျှင်မြန်မာနှင့်နိုင်ငံတကာနယ်နမိတ်သည် ၁၇၅ မိုင်သာရှိရာထိုခြံစည်းရိုးကာ ထား၍ဖြတ်ကျော်လာသူကိုပစ်ခတ်နည်းကိုအတုယူသင့်ကယူရမည်။
  
တရားမ၀င်ခိုးဝင်လာသူများကိုအမေရိကန်ပြည်ထောင်စုမှာပင်ထိုနည်းကိုသုံး၍
တစိပ်တစ်ပိုင်းအားဖြင့်ဖြေရှင်းနေသည်။ Texas နှင့် New Mexico ပြည်နယ်များတွင်ဒေသခံ အမေရိကန်လူထုထည်းမှတက်ကြွသူများက Heavy Duty Truck များ high power rifle များသုံး၍ခိုးဝင်လာသူမက္ကဆီကန်များ ကိုယ်တိုင်စောင့်ကြပ်ဖမ်းဆီးပေးနေသည်။ 
ဤနည်းဖြင့် Immigration Dept. ကိုကူညီသည်။ Narcotics threat ကြောင့်လည်းဖြစ်သည်။

ထိုင်းနိုင်ငံတောင်ပိုင်းတွင်လည်းကျောင်းဆရာများ၊ ကျမ္မာရေးဝန်ထမ်းများ၊ ဆွမ်းခံကြွနေသော ရဟန်းတော်များကိုချောင်းမြောင်းသတ်ဖြတ်နေသောမူဆလင်သူပုန်များအန္တရယ်မှကာကွယ်ရန်
ထိုဝန်ထမ်းများကိုလက်နက်တပ်ဆင် ပေးထားသည်။ 
 မြန်မာအစိုးရသည်ပြည်ထောင်စု၏အခြားအစိပ်အပိုင်းများရှိလူမျိုးစုလက်နက်ကိုင်အဖွဲ့ 
အစည်းများကိုနယ်ခြားစောင့်တပ်ဖွဲ့ များ (Border Guard Forces) ဖွဲ့ ပေး၍လခရိက္ခာ
များပေးခြင်းလေ့ကျင့်သင် ကြားပေးခြင်းများပြုလုပ်ထားပါသည်။

ယခုထိုတပ်ဖွဲ့ မျိုးများအမှန်တကယ်အရေးတကြီးလိုအပ်နေသည်မှာရခိုင်ပြည်နယ်တွင်ဖြစ်သည်။ 
ပြည်ထောင်စုအစိုးရနှင့်အပစ်အခတ်ရပ်စဲရေးရထားသောရခိုင်အဖွဲ့ အစည်းရှိလျှင်လည်းတခြားပြည်နယ်
တွေမှာလိုသူတို့ ကိုဦးစားပေး၍ BGF ဖွဲ့ ပေး၊ လေ့ကျင့်သင်ကြားပေး၊စည်းကမ်းသတ်မှတ်၍တာဝန်ပေးပါ။
၎င်းအဖွဲ့ များကိုပြည်ထောင်စုအစိုးရကအုပ်ချုပ်နိုင်သော်လည်းပြည်နယ်အစိုးရကလိုအပ်လျှင်လိုအပ်သလို အနီးကပ်ကြီးကြပ်တာဝန်ပေးခွင့်ပြုပါ။

အကြောင်းမှာယခုလိုအချိန်မျိုးမှာပင်ပြည်မကလာသောလုံခြုံရေးတပ်ဖွဲ့ များသည်တဘက်မှ
တန်စိုးလက်ဆောင်များယူနေသည်ဟုဒေသခံရခိုင်များကစွပ်စွဲနေကြသည့်အတွက်ဖြစ်သည်။

ရခိုင်တွင် BGF ဖွဲ့ ပေးလျှင် "ရခိုင်တွေလက်ထဲသေနတ်ရောက်သွားပြီးကုလားတွေပစ်သတ်မှာပေါ့"
ဟုအပေါ်ယံမတွေးစေလိုပါ။တဘက်သတ်လက်နက်တပ်ဆင်ပေးတာမျိုးဖြစ်လျှင်ပိုဆိုးမည်ကိုသိပါသည်။
ဤအချက်ကိုကောင်းစွာသတိပြု၍ပင်လူခိုးဝင်မှုတစ်ခုတည်းကိုတားဆီးရန်သာကန့် သတ်တာဝန်ဖြင့်
ဖွဲ့ စည်းရန်ကိုဆိုလိုပါသည်။ BGF ကိုနိုင်ငံသားများဖြင့်ဖွဲ့ စည်း၍ရခိုင်ပြည်နယ်နေလူမျိုးမရွေး၊
ဘာသာမခွဲခြားအလုပ်နှင့် 'သင့်တော်သူ' အားလုံးကိုရွေးချယ်တာဝန်ပေးရန်ဖြစ်သည်။


အကယ်၍ရခိုင်ပြည်နယ်အတွက် BGF အဖွဲ့ များကိုချက်ချင်းမဖွဲ့ နိုင်သေးဘူးဆိုလျှင်လည်း လက်ငင်းလိုအပ်ချက်ကိုဖြေရှင်းရန်ပြည်ထောင်စု၏အခြားပြည်နယ်များတွင်ဖွဲ့ စည်းပြီးသား BGF အဖွဲ့ များကိုတနှစ်တန်သည် ၂နှစ်တန်သည်အကူအညီတောင်း၍ပို့ လွှတ်သင့်သည်။ ဥပမာကရင်ပြည်နယ်က DKBA နှင့်ရှမ်း၊ ကချင်ပြည်နယ်များက BGF များ။

ဤသို့ ဆိုလျှင်ပြည်ထောင်စုကြီး၏ဘေးရန်အသွယ်သွယ်ကိုကာကွယ်ရန်တိုင်းရင်းသားညီအစ်ကိုတော်များ
က၀ိုင်းဝန်း၍တာဝန်ယူကြသည်ဆိုသောနိုင်ငံရေးအနှစ်သာရကို highlight လုပ်ပေးရာလည်းရောက်မည်။
 

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template