- NAING NAING SANAY MYANMAR NEWS
Headlines News :
Tuesday, June 19, 2012
ရခိုင်ပြည်နယ်အတွက် Boder Guard Forces ဖွဲစည်းပေးသင့်။(အပိုင်း-2)
 လူပြောများနေသောလ-၀-က၊ န-စ-ကထည်းမှအမျိုးသားရေးကိုသစ္စာဖေါက်၍ကိုယ်ကျိုးရှာနေသော သူများကိုရှင်းလင်းပေးပါ။ခန္ဓာကိုယ်မှမကောင်းသောခြေမလက်မများကိုဖြတ်ထုတ်ရန်အချိန်တန်ပါပြီ။
နောက်ဆုံးအားဖြင့်ကျောင်းဆရာ/ဆရာမများ၊ကျမ္မာရေးဝန်ထမ်းများအား ထိုင်းနိုင်ငံတောင်ပိုင်းပြည်နယ်များမှာလိုအခြေခံစစ်ပညာသင်ပေးပြီးလက် နက်များထုတ်ပေးထားဖို့ ၊သံဃာတော်များခရီးသွားလျှင်လိုက်လံစောင့်ရှောက်ဖို့ လိုအပ်နေပြီ။  
ထိုင်းနိုင်ငံတွင် cellphones နှင့်မော်တော်ဆိုင်ကယ်လူတိုင်းမှာရှိကြပြီးဖြစ်သဖြင့် အစိုးရတာဝန်မဟုတ်သော်လည်းရခိုင်တွင်ထိုအရာများကိုပါတပ်ဆင်ပေးသင့်ကပေးရမည်။
မြန်မာနိုင်ငံအတွင်းသို့ ဆယ်စုနှစ်ပေါင်းအတန်ကြာကပင်ရောက်နေပြီး
အခြေတကျဖြစ်နေပြီးသားသူများအတွက်ကားနောက်တမျိုးစီစဉ်ရန်ဖြစ်သည်။
ပထမအချက်အဖြစ်တည်ဆဲရခိုင်နှင့်ဘင်္ဂလီလူဦးရေအချိုးအဆလက်ရှိထက်ပို၍တဘက်စောင်းနင်း
မဖြစ်ရန်အစိုးရကထိမ်းညှိပေးပါ။တလင်တမယားစံနစ်မကျင့်သုံးသောဘင်္ဂလီတို့ ၏လူဦးရေတိုးနှုံးက
ရခိုင်ထက်များနေသည်။ ထို့ ကြောင့် UN နှင့်ညှိနှိုင်း၍ယခုတနည်းတဖုံအားဖြင့်စမ်းသပ်နေသည့် Two children ပေါ်လစီကိုထိထိရောက်ရောက်လုပ်ပေးပါ။ (တရုပ်ပြည်တွင် One Child Policy
အောင်မြင်နေသည်။) မြန်မာပြည်တွင်လူဦးရေတိုးနှုံးမြင့်အုပ်စုများကို 
Two Children Policy နည်းဖြင့်ထိမ်းချုပ်မည်ဆိုလျှင်လက္ခံနိုင်ရပေမည်။)
လက်တွေ့ နိုင်ငံတကာစံဖြစ်သောတလင်တမယားစံနစ်ကိုမလိုက်နာသောမိသားစုဖြစ်နေလျှင်
Two children ပေါ်လစီသည်ပင်မလုံလောက် ပါ။ ထိုမိသားစုမျိုး (polygamous families)
တွင်သားသမီးနှစ်ယောက်ရှိ ပြီးဖခင်တိုင်းကို bio-engineering (voluntary or enforced neutering) လုပ်ပေးရန်လိုအပ်မည်ဖြစ်သည်။ 
သို့ မှသာ၎င်းတို့ ၏ပညာရေးနှင့်ယဉ်ကျေးမှုအဆင့်အတန်းသည်ပြည်ထောင်စုတွင်းရှိမြန် မာမူဆလင်များ၏အဆင့်အတန်းနှင့်ညီမျှလာမည်။ အခြားသူများကိုအန္တရယ်ပြုမည့်လူဆိုး များဖြစ်လာကြမည့်ဘ၀မျိုးမှလမ်းလွှဲယူနိုင်မည်၊အကြမ်းဖက်သမားတို့ ၏စည်းရုံးရေး သြဇာအောက်မှဆွဲထုတ်နိုင်မည်ဖြစ်သည်။ 
ဤနည်းများဖြင့်တဖက်တလမ်းကရခိုင်အပေါ်ဘင်္ဂလီလူဦးရေဖိအားလျှော့ပေးရာကျမည်။
တတိယနိုင်ငံများမှအစိုးရများကဒုက္ခသည်များ (refugees) အဖြစ်နှင့်မျှဝေယူလာကြစေရန် လည်းမြန်မာအစိုးရက UNHCR နှင့်ယခုထက်ပို၍ပူးပေါင်းဆောင်ရွက်သင့်ပါသည်။
သို့ သော်ရခိုင်ရှိဘင်္ဂလီတွေကိုအကုန်လုံးပြန်မောင်းထုတ်ပစ်ရန်-သို့ မဟုတ်လက်စတုံး (ethnic cleansing) ပစ်ရန်မဖြစ်နိုင်။ ထည့်စဉ်းစားရန်ပင်မထိုက်။ဤသို့ ဆိုလျှင်၎င်းတို့ ကိုတနည်းနည်းဖြင့်
(accommodate them by somehow) ပေးမှလက်တွေ့ ကျမည်ဖြစ်ပါသည်။
 မည်သည့်ခြေလှမ်းကိုမျှမလှမ်းမီဤသန်းချီ၍ရှိသောလူအုပ်ကြီးကိုတစ်ဦးချင်းစာရင်းကောက်၍ သိုးနှင့်ဆိပ်ခွဲခြား(လူကောင်းနှင့်လူဆိုး)သည့်အလုပ်ကိုနိုင်နိုင်နင်းနင်းကြိုတင်လုပ်ထားရလိမ့်မည်။ 
[ယခုလက်ရှိလူရှစ်သိန်းအနက်လေးသိန်းကိုနိုင်ငံသားစီစစ်ရေးကပ်ပြား
ထုတ်ပေးပြီးဖြစ်ကြောင်းသိရသည်။ ကျန်လူများကိုယာယီကပ်ပြား (အဖြူရောင်ကဒ်)ပေးထားပြီးခရီးသွားလာ ခွင့်ကန့် သတ်ထားသည်ဟုဆိုသည်။]
လွန်ခဲ့သည့်အပါတ်ကအမေရိကန်ပြည်ထောင်စုတွင် - အိုဘားမားအစိုးရက - မိဘများနှင့်အတူ (ခိုးဝင်၍) ရောက်လာစေကာမူ-အသက်၁၆နှစ်မတိုင်မီကရောက်တာဖြစ်ပြီး-တဆက်တည်းနေသက် ငါးနှစ်ထက်မနည်းရှိနေသူ-လက်ရှိအသက်သုံးဆယ်အောက်ဖြစ်ကာကျောင်း၊ကောလိပ်၊ တက္ကသိုလ်တစ်ခုခုမှာ ပညာသင်ကြားနေသူ-ရာဇ၀တ်ပြစ်မှုကင်းရှင်းသော-မက္ကဆီကန်လူငယ်များ ကိုအမေရိကန်ပြည်ထောင်စုတွင်ယာယီတရားဝင်ဆက်လက်နေထိုင်ခွင့်အစီအမံတစ်ခုကိုတီထွင်ခဲ့သည်။
ထိုမှတဆင့်အမေရိကန်နိုင်ငံသားဖြစ်လာနိုင်မည့်အစီအစဉ်တစ်ခုဆက်လက်ဖန်တီးပေးရန်လည်းအလားအလာရှိသည်။ 
(အိုဘားမားသည်ရွေးကောက်ပွဲနီးလာသဖြင့်ဦးနုလုပ်ခဲ့သလို election politics လုပ်တာလဲဖြစ်ကောင်းဖြစ်မည်။) 
ရခိုင်ရောက်ဘင်္ဂလီများကိစ္စတွင်နောက်ဆုံးပေါ်အမေရိကန်နည်းကို carbon copy 
ကူးရန်မတိုက်တွန်းပါ။ အမေရိကန်များနှင့်မက္ကဆီကန်များအကြားမှာဘာသာရေးတံတိုင်းမရှိ။
မြန်မာနိုင်ငံသားတွေထိုင်းနိုင်ငံမှာနေသလိုမျိုးဖြစ်သည်။သို့ သော်ရခိုင်ရှိဘင်္ဂလီတစ်သန်းလောက်က
ထိုကဲ့သို့ မဟုတ်။ ဘာဘဲ ဖြစ်ဖြစ်လက်တွေ့ ကျကျဖြေရှင်းပစ်သည့်စိတ်ထားကိုအတုယူယူသင့်သည်။
တတိယတင်ပြလိုသည့်အချက်မှာရခိုင်လူငယ်များရခိုင်ပြည်မှာနေကြရန်ဖြစ်သည်။ အလုပ်အကိုင်ရှားပါးမှုကြောင့်မြန်မာနိုင်ငံသားများတိုင်တပါးသို့ ထွက်ခွာရာတွင်ရခိုင်လူငယ်များ လည်းအများအပြားပါဝင်သည်။ တခြားပြည်နယ်များအတွက်ပြဿနာမကြီးလှသော်လည်းရခိုင်ပြည်နယ် တွင်မိမိထက်ပို၍ ဆင်းရဲသောတဘက်နိုင်ငံမှခိုးလာသူများကိုနေရာဖယ်ပေးသလိုဖြစ်နေသည်။
[ပြည်တွင်း၌အလုပ်အကိုင်ရှားပါးခြင်းသည်စီးပွားရေးပိတ်ဆို့ မှုဆန်ရှင်ကြောင့်လည်းဖြစ်ရာ ‘ဆန်ရှင်နိုင်ငံရေး’သည်ပြဿနာ၏တစိပ်တစ်ပိုင်း (part of the problem)ဖြစ်သည်ကိုပြောမနေတော့ပါ။ ယ္ခုလည်းဆန်ရှင်နောက်တနှစ်ဆက်ရှိနေဦးမည်။]
လူကိုလူတံတိုင်းဖြင့်ကာကွယ်ထားခြင်းထက်အခြားဘာအစီအမံကမှပို၍မထိရောက်။ ကမ္ဘာ့နိုင်ငံအများတွင်မဟာဗျူဟာသဘော (strategic reasons) အရတိုင်းပြည်၏အချို့ သော အစိပ်အပိုင်း၌နေထိုင်သူများကိုအစိုးရကထောက် ပံ့မှုများပံ့ပိုးပေးသည်(subsidies)။ ဥပမာအစ္စရေးတွင်သိမ်းပိုက်ထားသောနယ်မြေများတွင်အခြေချနေထိုင်သူများ၊
ကနေဒါတွင်မြောက်ဘက်ဝင်ရိုးစွန်းနားနီးဒေသများတွင်နေထိုင်သူများ။
[ဤရေခဲပြင်ကြီးအောက်တွင်ရေနံသိုက်ကြီးများရှိသည်။]
ပြည်ထောင်စုအစိုးရဤအချက်ကိုမသိ၊ ဘာမှလုပ်ကိုင်မထားသေးဟုမပြောပါ။ အစိုးရတွင်ဘဏ္ဍာရေးမလုံလောက်သည်ကိုလည်းသိပါသည်။ သို့ သော်အချို့ သောကိစ္စများ သည်စားစရာမရှိသော်လည်းလျော်စရာရှိရမည်။ ရခိုင်သည်ပြည်ထောင်စု၏အနောက် တံခါးပေါက်ဖြစ်သည်။ ယခုထို တံခါးပေါက်ကိုယခင်ကထက်ဆယ်ဆပိုဂရုစိုက်မှဖြစ်တော့မည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီမှအရွေးခံကြရသည့်ဘူးသီးတောင်မောင်တောနယ်စပ်မှလွှတ်တော်
ကိုယ်စားလှယ်များကိုဆိုလိုသည်။ (သူတို့ အထည်းကတစ်ချို့ သည်ဗြိတိသျှဝန်ကြီးချုပ် David Cameron လာတုံးကသံအမတ်ကြီးအိမ်တွင်သွားတွေ့ ကာ၊မိမိတို့ ကိုကိုယ် “ရိုဟင်ဂျာ”များအဖြစ်မိတ် ဆက်၍မြန်မာအစိုးရကဖိနှိပ်နေကြောင်းတိုင်တန်းသူများလည်းပါနေသည်ကိုသတိပြုမိသည်။)
ဤနေရာတွင်အခြားသူများနှင့်မတူသောမိမိ၏အမြင်ကိုတင်ပြလိုပါသည်။ ယခုမြန်မာကလက်ခံထားရသောသူတို့ ကိုယ်သူတို့ ရိုဟင်ဂျာများဖြစ်သည် တိုင်းရင်းသားတစ်မျိုးပါဟုပြောပြီးသီးသန့် နယ်မြေတစ်ခု (၀လူမျိုးစုအလားတူ)
တောင်းနေတာထက် - သူတို့ တစ်ဦးချင်းစီကမြန်မာနိုင်ငံသားအဖြစ်နှင့် ဖွဲ့ စည်းပုံအခြေခံဥပဒေကိုလိုက်နာပါမည်၊ကာကွယ်စောင့်ရှောက်ပါမည်ဟု ကျမ်းသစ္စာကျိမ်ဆိုနေကြခြင်းကပို၍ကောင်းပါသည်။
လူမျိုး၊ဘာသာမရွေး “ဒီနိုင်ငံမှာမွေးလျှင်” နိုင်ငံသားပြု၍နိုင်ငံသားတာဝန်ထမ်းဆောင်စေကာ အခွင့်အရေးများပါတန်းတူခံစားစေသင့်သည်မှာကနေ့ ခေတ်အတိုင်းတိုင်းအပြည်ပြည်ကကျင့်
သုံးနေသောနိုင်ငံ တကာထုံးစံဖြစ်သည်။
ဤနည်းလမ်းများဖြင့်သာတဘက်နိုင်ငံ၏ပိုင်နက်ကိုနတ်မြစ်၏ဒီဘက်ကမ်းသို့  တဘက်နိုင်ငံသားတွေနယ်ချဲ့ လာခြင်းကိုကာကွယ်နိုင်လိမ့်မည်။
“မြေကိုတလက္မမျှမပေးဘဲ(ရောက်နေသည့်)လူကိုမွေးစား”လိုက်ခြင်းဟုခေါ်
လိုကခေါ်နိုင်မည်ထင်သည်။(adoption and assimilation) သို့ ဖြစ်သောကြောင့် -
လူသစ်များထပ်ဝင်မလာနိုင်အောင်ယခင်ကထက်တင်းတင်းကျပ်ကျပ်ထိထိရောက်ရောက်တားဆီးခြင်း။   
 ရှိပြီးသားလူများ၏လူဦးရေတိုးနှုံးကိုထိရောက်စွာထိမ်းချုပ်ခြင်း။
-       
 ခလေးသူငယ်များ/အထူးသဖြင့်ဤတိုင်းပြည်မှာမွေးဖွားသောခလေးများကိုရခိုင်ပြည်နယ်ပြင်ပ
မှစေတနာရှင်များ (sponsor) အကူအညီ ဖြင့်ပြုစုပျိုးထောင်စေကာပညာရေး/ယဉ်ကျေးမှုအဆင့်မြှင့်ပေးခြင်း။
-         
“အစားထိုး”နိုင်ငံရေးရည်မှန်းချက်ပေးခြင်း - (offering alternative political ambition) ဆိုလိုသည်မှာ“တိုင်းရင်းသားတစ်ခုအဖြစ်အသိအမှတ်ပြုခံရရေး၊ကိုယ်ပိုင်နယ်မြေရရှိရေး”အစား “မြန်မာနိုင်ငံသားများအဖြစ်နှင့်ဖွဲ့ စည်းပုံအခြေခံဥပဒေပါတာဝန်နှင့်အခွင့်အရေး
များဘောင်အတွင်းသိမ်းသွင်းခြင်း” (assimilation with the existing Myanmar Muslim community) တို့ လုပ်ရမည်၏ယူဆပါသည်။
No comments:
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template