ဘာသာရေးနဲ့ လူမျိုးရေး အဓိကရုဏ်းဖြစ်အောင် သွေးထိုးလှုံ့ဆော်နေသော မီဒီယာ
ရေးသားသူ - ဒဂုံတက္ကသိုလ် ဥပဒေဌာနက ဆရာတဦး
(နစ်နေမန်းဖေ့စ်ဘွတ်ခ်မှ ကူးယူဖော်ပြသည်။)
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားမှုနှင့်ပတ်သက်၍ သတင်းရရင်ပြီးရော၊ နာမည်ကြီးရင်ပြီးရော ဆိုတာထက် ပိုကျော်လွန်ပြီး ရည်ရွယ်ချက်ရှိရှိနဲ့ ဖွနေတဲ့ Eleven Media Group ဟာ ပြဿနာတွေ ကြီးထွားအောင် ဖန်တီးလှုံဆော်နေတာမို့ မရိုးသားပါ။
ဒီလိုလုပ်နေတာဟာ ပြန်ကြားရေးဝန်ကြီး ကျော်ဆန်းနဲ့အတူ နောက်ကွယ်က ဒီပြဿနာဖြစ်အောင် ဖန်တီးနေတဲ့လုပ်ရပ်ရဲ့ ဆောင်ရွက်ချက်လို့ သက်သေတခုအနေနဲ့ မီဒီယာလိုင်းကနေ အကွက်ကျကျ စီစဉ်မှုဆိုတာပါပဲ။
ဒဂုံတက္ကသိုလ် ဥပဒေဌာနက ဆရာတဦးက အောက်ဖေါ်ပြပါ ရေးသားဖော်ပြချက်ဟာ ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်မှု အစအဆုံးကို အသေးစိတ် သုံးသပ်ကြည့်ရှုနေနကြသူတွေအနေနဲ့ ဒီပြဿနာရဲ့အခြေခံဟာ ဘယ်သူတွေလဲဆိုတာ ကြည့်တတ်မြင်တတ်ကြမှာပါ။
ကျနော်က မှန်တာတွေကိုပဲ သိချင်ဖတ်ချင်လို့ EMG က ထုတ်သမျှ edition အားလုံးကို တစောင်မကျန် (ပိုက်ဆံအကုန်ခံပြီး) စောင့်ဝယ်ဖတ်ကာ Eleven အတွက်ချည်းပဲ တလကို ငွေ ၆,၅၀၀ လောက်သုံးနေတဲ့ EMG ပရိသတ် (ဘက်မလိုက်တဲ့ မြန်မာစစ်စစ်) ဒဂုံတက္ကသိုလ် ဥပဒေဌာနက ဆရာတဦးပါ။ မကြိုက်တာ ရေးမိလို့ နာမည်ပြောင်းခေါ်လဲ ဘာတတ်နိုင်မှာတုန်းဗျာ။
EMG ဟာ ဘယ်စာစောင်၊ ဘယ်ဂျာနယ်ကမှ ခဏခဏ မပြောတဲ့ စာနယ်ဇင်းကျင့်ဝတ်တွေကို ethic, ethic နဲ့ တဖွဖွပြောတဲ့ ဂျာနယ်မို့လည်း သတင်းတင်ပြရာမှာ လူမျိုး၊ ဘာသာ၊ အဖြစ်အပျက်၊ ရှုထောင့်မရွေးဘဲ အလယ်က နေခဲ့တယ်၊ နေနေတယ်၊ နေဦးမယ်လို့ အမြဲယုံကြည်ပြီး EMG ကို အားပေးခဲ့တယ်။ ဒါတွေဟာ ပြီးခဲ့တဲ့ တပတ်လောက်ကထိ EMG က ဒီလိုပဲလို့ ထင်ခဲ့တာပဲ။
“မြန်မာနိုင်ငံထဲမှာ ဖြစ်တယ်။ မြန်မာတည်ဆဲ ရာဇ၀တ်ဥပဒေနဲ့
ထိထိရောက်ရောက် ကိုင်ထည့်လိုက်ရင် ပြီးနေပြီ။ ဘာမှ ဆက်ဖြစ်စရာမရှိဘူးလေ။
ဒီဟာလေးကို EMG က စ ဖွတယ်။ အင်မတန် ထိလွယ် ရှလွယ်တာကို လွယ်လွယ်ရေးချတယ်။
မွတ်ဆလင်ကုလား usage သုံးပြီး comment တွေ ရေးခွင့်ပေးတယ်။ ဘယ်ဘာသာဝင်လို့
ရေးကတည်းက သွားပြီ။ တင်ပြတာ မမှန်တော့ဘူး။ နောက်ဆက်တွဲ ဘာဖြစ်လာမလဲ
သိသင့်တယ်။ သိသိကြီးနဲ့ လွယ်လွယ်ရေးချတယ်။ လွယ်လွယ်ဖတ်တဲ့ လူအုပ်စုတစုက
သွေးကြွတယ်။ ရပ်ရန် မဟုတ်တဲ့ ဆက်ရန်တွေ ဖြစ်လာတယ်။ Eleven က
ဘာဖြစ်စေချင်တာလဲ။ ဆက်ပြီးတော့ သတ်ကြစေချင်တော့ ...”
No comments:
Post a Comment