ကုက္ကိုင်းဗလီ မပျက်စီးပါ။(သတင်းအမှန်မှာ)
ယခုအခါ အင်တနက် သတင်းများတွင် ကုက္ကိုင်းဗလီဖျက်ဆီးခံရသည့် သတင်းများ ပြန့်နှံ့လျက်ရှိရာ သက်ဆိုင်ရာများသို့ မေးမြန်းခဲ့ရာ အောက်ပါ အတိုင်း သိရှိရသည်-
၁၆-၆-၂၀၁၂ ရက်နေ့ ၀၂၃၀ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်း မြို့နယ် ရွှေတောင်ကြားရပ်ကွက် ကမ္ဘာအေးစေတီလမ်းပေါ်ရှိ ကုက္ကိုင်းဗလီအား အမည်မသိ အမျိုးသား ၈ ဦးခန့် ရောက်ရှိလာပြီး အုတ်ခဲ ကျိုးရေ အလုံး ၄၀ ခန့် ဗလီအတွင်းသို့ ပစ်ပေါက်ခဲ့သည်။
ထိုသို့ အဝေးမှ ပစ်ပေါက်မှုကြောင့် ဆိုင်းဘုတ်များ၊ မှန်အချို့ ပျက်စီး သွားခဲ့ကြောင်း သိရှိရသည်။
ဗလီအနီးရှိ အစ္စလာမ်ဘာသာဝင် တစ်ဦး ပိုင်ဆိုင်သော ရှေးဟောင်းပစ္စည်း အရောင်းဆိုင်အတွင်းရှိ ပစ္စည်းများကိုလည်း ရိုက်နှက်ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
ပြည်သူများအကြားတွင် မလိုလားအပ်သော ဆူပူအုံကြွမှုများ ဖြစ်ပေါ်လာစေရန်လည်းကောင်း၊ ဘာသာရေးကို ခုတုံးလုပ်၍လည်းကောင်း လှုံ့ဆော်မှုများ ရှိလာနိုင်သဖြင့် သတိဖြင့် ဆင်ခြင်ကာ ထိန်းသိမ်းကြပါရန် သက်ဆိုင်ရာက နှိုးဆော်ထားကြောင်း သိရှိရသည်။
Myanmar Express

No comments:
Post a Comment