- NAING NAING SANAY MYANMAR NEWS
Headlines News :

Sunday, June 17, 2012

ရန်ကုန်မြို့အတွင်း သဘာဝဘေးအန္တရာယ် ကျရောက်ပါက ရဟပ်ယာဉ်များဖြင့်ကယ်ဆယ်ပေးတော့မည်။




ရန်ကုန်မြို့အတွင်းမီးလောင်မှု အပါအဝင် သဘာဝဘေးအန္တရာယ် အမျိုးမျိုး ကျရောက်ပါက အချိန်မီ ရှာဖွေ ကယ်ဆယ်နိုင်ရန်အတွက် ရဟတ်ယာဉ် များအသုံးပြုသွားရန် စီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။ ထိုသို့ရဟတ်ယာဉ်အသုံးပြု၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အား ဆောင်ရွက်ရခြင်းမှာ အထပ် မြင့်တိုက်များတွင် မီးလောင်မှုဖြစ် ပွားခြင်း၊ ရေကြီးရေလျှံမှုကြောင့် ဘေးဒုက္ခရောက်နေသူများအား ရဟတ်ယာဉ် များဖြင့် သာ အချိန်မီ ကာကွယ်ကယ်ဆယ်မှုပေးနိုင်သည့် အတွက်ဖြစ်ကြောင်း၊ ဒေသတွင်း အခြားနိုင်ငံများ၌လည်း ရဟတ် ယာဉ်အသုံးပြု၍ ကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်နေသည် မှာ ကြာမြင့်ပြီဖြစ်သော်လည်း မြန်မာနိုင်ငံတွင်မူ ယခုမှသာ စတင် နိုင်ခြင်းဖြစ်ကြောင်း မီးသတ်ဦးစီး ဌာနမှအကြီးတန်းအရာရှိကြီးတစ်ဦးက ပြောသည်။ (CH-47D)အမျိုးအစား ရဟတ် ယာဉ် နှစ်စင်းကို ထူးဂရု(ပ်)ကုမ္ပဏီ ကနေ အရေးပေါ်ရှာဖွေ ကယ်ဆယ် ရေးလုပ်ငန်းတွေမှာအသုံးပြုဖို့ အကူ အညီတောင်းထားခဲ့တာ။ သူတို့က လည်း ကူညီတယ်။ ဒီရဟတ် ယာဉ်တွေက ရန်ကုန်မြို့တွင်းမှာ မီးလောင်ရင်ပဲဖြစ်ဖြစ်၊ အခြားဘေး အန္တရာယ်တစ်ခုခုကြောင့်ပဲဖြစ်ဖြစ် ဘေးဒုက္ခရောက်နေသူတွေကို ကယ်ဆယ်နိုင်တဲ့အပြင် မီးငြှိမ်းသတ်ရေး လုပ်ငန်းတွေပါတွဲပြီး လုပ်နိုင်တယ်''ဟု ၄င်းကဆိုသည်။ ယခုအခါ ထိုရဟတ် ယာဉ် များရန်ကုန်မြို့တွင်းပျံသန်းခွင့် ရရှိ ရေးအတွက် ပို့ဆောင်ရေး ဝန်ကြီး ဌာန၏ ခွင့်ပြုချက် နှုတ်မိန့်ရရှိပြီး ဖြစ်သော်လည်း ရန်ကုန်မြို့တွင်း မြို့ပြင် အရေးပေါ် ပျံသန်း ဆင်း/ တက်နိုင်ရေးအတွက် ပို့ဆောင်ရေး ဝန်ကြီးဌာနထံ ခွင့်ပြုချက်တောင်းခံ ထားကြောင်း သိရသည်။

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template