“အခု အဲဒီမော်တော်ဘုတ် ၄၂စီးဟာ
စစ်တွေမြို့နဲ့ ငါးမိုင်အကွာမှာ ရပ်တန့်ထားကြပါတယ်၊ စစ်တွေရေတပ်က
ကမ်းကပ်ခွင့်မပေးဘူး။ ကမ်းကပ်ခွင့်မပေးတာက သူတို့ဘုတ်တွေမှာ ဘာတွေပါလည်း
သွားရောက်စစ်ဆေးဖို့ကလည်း ရေတပ်သင်္ဘော တစ်စီးဘဲရှိတယ်။ နောက်တစ်ခုက
ညာဥ့်အချိန်မတော်ဖြစ်နေတော့ လုံခြုံရေးအရလည်း စိုးရိမ်ရတဲ့အခြေအနေမှာ
ရှိနေတယ်။”ဟု Essar Projectမှ လုံခြုံရေးယူနေသူတစ်ဦးက ပြောပြသည်။
သံတော်လီဘက်မှ ဘင်္ဂလီမူဆလင်များနှင့်
ယင်းမော်တော်ဘုတ်များမှ ဘင်္ဂလီမူဆလင်များမှာ စစ်တွေမြို့တွင်
ဆက်လက်အကြမ်းဖက်ရန်ရှိကြောင်း စစ်တပ်မှ သတင်းရရှိသဖြင့် ရခိုင်ပြည်နယ်
တိုင်းမှူးကိုယ်တိုင် စစ်တွေ လုံခြုံရေးကို စစ်ဆေးကွပ်ကဲလျက်ရှိပြီး
စစ်တွေရေတပ်မှလည်း ယင်းမော်တော်ဘုတ် ၄၂စီးအား ကမ်းကပ်ခွင့်မပေးခဲ့ကြောင်း
သိရှိရသည်။
No comments:
Post a Comment