- NAING NAING SANAY MYANMAR NEWS
Headlines News :

Thursday, June 21, 2012

ရခိုင်ဒေသအခြေအနေပြည်တွင်းစစ်ဆီသို့ဦးတည်နေ။

ရိုဟင်ဂျာ ဘင်္ဂါလီ များ ၏ ကျူး ကျော်မှု နှင့် ပတ်သက် ပြီး ရခိုင် ဒေသ တွင် အစိုးရ လုံခြုံရေး တပ်များ က ထိထိ ရောက် မဖြေရှင်း မှု သည် ပြဿနာ ပိုမို ကြီးထွား လာ နိုင် ပြီး ရခိုင် တိုင်း ရင်းသားများ က လည်း မိမိ ဒေသ လုံခြုံ ရေး အတွက် တစ် ပိုင် တစ် နိုင် ဆောင်ရွက် ကြ ရာ မှ ဒေသတွင်းစစ်ပွဲ ငယ် တစ်ခု သို့  ဦး တည် နေ ကြောင်း စစ်တွေ မြို့  မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တစ် ဦး က FNG သို့  ပြောသည်။

မငြိမ်သက် မှု စတင် ဖြစ် ပွား ခဲ့ ရာ မောင်တော မြို့  နှင့် ဘူးသီးတောင် ဒေသ များ တွင် လုံခြုံရေး တပ် ဖွဲ့  များ က အပြည့် အ၀ တာဝန်ယူ နိုင် မှု မရှိ သေး ပဲ ပြည်သူ များ မှာ စိုးရိမ် ရသည့်မလုံခြုံ မှု အနေ အထား တွင် ပင် ဆက် လက် ရှိ နေ ဆဲ ဖြစ်သည် ဟု ထို ဒေသ ရှိ ဒေသခံ တစ်ဦး က ပြောသည်။
ယခု သီတင်းပတ် အတွင်း ရသေ့ တောင် မြို့  နယ် ကူတောင် တွင် ဘင်္ဂါလီ များ က ရခိုင် တိုင်းရင်းသား ကျေးရွာ ကို မီး ရှို့ ပြီး လူ ၁၀ ဦးထက် မနည်း ကို သတ်ဖြတ် ခဲ့ သော် လည်း အစိုးရ စစ်တပ်က ရခိုင် တိုင်း ရင်းသား များ ကို သတ် ဖြတ် ခဲ့ သည့် ဘင်္ဂါလီ ကျေးရွာ များ ကို ထိထိ ရောက် ရောက်ဖြေရှင်း နိုင် မှု မရှိ ဟု သိရသည်။

စစ်တွေ မြို့  တွင် လည်း ပြည်သူများ က မိမိ ဒေသ နယ် အတွက် နေ့ ရော ၊ညပါ တစ်ပိုင် တစ်နိုင် လုံခြုံရေး ယူထား ရ ပြီး ဘင်္ဂါလီ များ က ကျူး ကျော် လာလျှင် သံ ချောင်းများခေါက် လူ စု ကာ ရပ်ရွာ ဒေသ ကာကွယ်ရေး အတွက် မိမိ ကိုယ် ကို အား ကိုး နေရ သည် ဟု စစ်တွေ မြို့ ခံ များ က ပြောသည်။

အဆိုပါ မိမိကိုယ် ကို ကာကွယ်မှု ပုံ သဏ္ဍန် နှင့် ဆက်လက် မငြိမ်မသက် မှု များ ပေါ်ပေါက် နေခြင်းသည် ရေရှည် တွင် လက်နက် ကိုင် စစ်ပွဲ ငယ် တစ်ခု သို့  ဦး တည် နေနိုင်ပြီး ၊ ပြည်နယ် တွင်းဒေသန္တ ရ စစ်ပွဲ ငယ် များ ဖြစ်လာ နိုင် သည် ဟု ခန့် မှန်း ကြသည်။

ဘင်္ဂါလီ ရိုဟင် ဂျာ များ သည် တုတ် ၊ ဓါး စသည့် လက် နက် ငယ် များ မှအစ မြှား နှင့် လုပ်သေနတ် တူမီး သေနတ် ကဲ့ သို့  လက် နက် များ အသုံး ပြု ပြီး ရခိုင် တိုင်း ရင်းသားတို့  က မူ မိမိ ဒေသ အပြည့်အ၀ လုံခြုံမှု ရှိ နေစေ ရန် အားကောင်း သော ပြည်သူ့  စစ် (သို့  မဟုတ်) နယ်ခြား စောင့် တပ် ဖွဲ့  စည်းရေးတောင်း ဆို လာကြသည်။

ဇွန်လဆန်း ပိုင်း ကတည်း က စတင် ခဲ့ သည့် ဘင်္ဂါလီ ရိုဟင် ဂျာ များ ၏ ကျူးကျော် မှု ကြောင့် လူ ပေါင်း ၈၀ ကျော် သေဆုံး ခဲ့ ပြီး အိုး မဲ့ အိမ် မဲ့ ဖြစ်ခဲ့ ရသူ များ မှာ နှစ်သောင်း ကျော် ရှိ သည်။

Photo Description / Photo : AFP

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template