- NAING NAING SANAY MYANMAR NEWS
Headlines News :

Thursday, June 21, 2012

ဒေါက်တာချက်ကြီးဆိုတာဘယ်သူလည်းဆိုတာပေါ်ပြီဟုဆို
သတင်း၊မလေးရှား



ဒေါက်တာချက်ကြီးဆိုတာ ဘုနုးကြီးတစ်ပါးဖြစ်ကြောင်း ဖော်ထုတ်လိုက်ပြီ................

ဒကာတော်ဟာ ပြီးခဲ့တဲ့ မတ်လထဲတုန်းက ကိစ္စတစ်ခုနဲ့ မလေးရှားနိုင်ငံကို ရောက်ရှိသွားခဲ့ပြီး ဘလက်ကောင်းမှာရှိတဲ့ ဘုန်းကြီးကျောင်းကို သူငယ်ချင်း တစ်ယောက်ရဲ့ အကူညီနဲ့ အမှတ်မထင်ရောက်ရှိသွားခဲ့ပါတယ်...


ကျောင်းရောက်တော့ ကျောင်းထိုင်ဆရာတော်ကို ရှိခိုး ကန်တော့ချင်လို့ဆိုပီး ဆရာတော်အခန်းထဲကို တံခါးဖွင့်ပြီး ၀င်ရောက်ရာမှာ မမျှော်လင့်ဘဲ သံသယ တစ်ခုကို တွေ့ရှိခဲ့ပါတယ်..ဘာလဲဆိုတော့ ဒကာတော် အခန်းထဲရောက်ရောက်ချင်းဘဲ ဆရာတော်ဟာ အခန်းပြင်ကို ထွက်သွားပြီး သူ့ကပ္ပိယကျောင်းသားတွေကို ဆူပူကြိမ်းမောင်းနေတာကို တွေရှိရပြီး မကြာခင်မှာဘဲ အခန်းထဲကို ပြန်ဝင်လာကာ ဒကာလေးကဘယ်ကနေ လာတာတုန်းဆိုပီး မေးကာ နောက်တစ်ခါ ကျောင်းလာရင် အခုလို အခန်းထဲကိုဝင်လာစရာ မလိုဘူး အပြင်ကနေဘဲ စောင့်နေပါလို့ မိန့်ကာ သူ့ကွန်ပျူတာ ဖွင့်လိုက်တာကိုအကဲခတ်ကြည့်တော့ ဒေါက်တာချက်ကြီးဆိုတဲ့ ဘလော့နာမည်ကို မျက်ဝါထင်ထင် တွေ့ရှိလိုက်ရပြီး စိတ်ထဲမှာ တစ်မျိုးဖြစ်သွားပါတော့တယ်...အော် ဒါဟာ ဘလော့ကို ပို့စ်တင်နေတာပါလားလို့ အတွေးပေါက်ပြီး ကောက်ချက်ချမိတာကတော့ ဒေါက်တာချက်ကြီးဆိုတာ ဒီဘုန်းကြီးဖြစ်လိမ့်လို့စိတ်ထဲမှာ ဆုံးဖြတ်ချက်ချကာ ဘုန်းကြီးအခန်းထဲကနေ ကန်တော့ပြီး ပြန်ထွက်လာခဲ့ပါတယ်၊။ တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို ဘုန်းကြီးကျောင်းမှာနေတဲ့ ကျောင်းသားရဲ့ ကင်မရာကိုဒကာတော်အိပ်ရာဘေးမှာ တွေ့ရှိလို့ ကင်မရာကို ဖွင့်ကြည့်လိုက်တဲ့အခါ ဒေါက်တာချက်ကြီးဘလော့မှာ တင်ထားတဲ့ ဗီဒီယို ဓာတ်ပုံအများစုကို တွေ့ရှိခဲ့ပါတော့တယ်.. အင်း ..ဒါဆိုရင်တော့ သေချာပီ ဒေါက်တာ ချက်ကြီးဆိုတာ အခြားမဟုတ်.. ဘုန်းကြီးတစ်ပါးဆိုတာဒကာတော်ဟာ မျက်ဝါးထင်ထင် တွေ့မြင်ခဲ့လို့ ဘုန်းကြီးကျောင်းမှာ ရှိတဲ့ မှတ်တမ်းဓာတ်ပုံအယ်လဘမ်ထဲကနေ ဦးညာဏသာရတစ်ပါးတည်းရိုက်ထားတဲ့ ဓာတ်ပုံကို မသိအောင် ယူလာခဲ့ပြီး သူ့ရဲ့အကြောင်းကို သိသမျှလေ့လာစုံစမ်းကာဒေါက်တာချက်ကြီးဟာ
ဘုန်းကြီးတစ်ပါးဖြစ်ကြောင်းဓာတ်ပုံသက်သေ သာဓကတစ်ခုနဲ့ကြေငြာမောင်း
ခတ်လိုက်ရပါသည်။ ဘာသာရေး သာသနာရေးအတွက် ဆောင်ရွက်သယ်ပိုး နေကြသည့် ဆရာတော် သံဃာတော်များကို တောင်းပန်ရးင် ဤစာကို ရေးသားပေးပို့လိုက်ရပါသည်ဘုရား....

ရိုသေလေးစားစွာဖြင့်

ပြည်ပရောက်ဒကာတော်လေး
(မှတ်ချက်)မိမိမေးထဲသို့ ပေးပို့လာသော လူတစ်ဦး၏စာကို မူရင်းအတိုင်း ဖော်ပြပေးလိုက်ပါတယ်။
http://guidingstarsofburma.blogspot.com

ဦးဇင်းညာဏသာရခေါ် ဒေါက်တာချက်ကြီးသို့ အထူးလျှောက်ထားချက်


ရိုသေစွာ ခြေတော်ဦးခိုက် ရှိခိုးလျှောက်ထားအပ်ပါသည် ဦးဇင်းညာဏသာရဘုရား.......

( ၁၊ ) ဦးဇင်းညာဏသာရဟာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ဘလက်ကောင်းရှိ
ညာဏရောင်ခြည် ဓမ္မ၀ိဟာရကျောင်းတွင် သီတင်းသုံးနေထိုင်လျှက်ရှိကြောင်း
တပည့်တော်တို့ မလေးရောက် ဒကာ ဒကာမများက သိရှိနေကြပါပြီဘုရား.....

(၂) ပုထုဇဉ်ရဟန်းတော်တို့ သဘာဝမို့ တစ်ခါတစ်ရံ မှားတတ်ကြစမြဲမို့
တပည့်တော်တို့ အနေနဲ့ အပြစ်လို့ မယူဆဘဲ ခွင့်လွှတ်သီးခံနိုင်ကြပါတယ်ဘုရား၊
သို့သော်လည်း အပြစ်ကို အပြစ်လို့ ဦးဇင်းချက်ကြီး ကိုယ်တိုင် ၀န်ခံသိရှိပြီး အခုလို
ဘုန်းကြီးဘ၀နဲ့တော့ Sexy Blog ဖွင့်တာကို အချိန်မှီရပ်တန့်လိုက်မယ်ဆိုရင်
တပည့်တော်တို့ အနေနဲ့ အထူးဝမ်းသာကြမှာ အသေချာပဲလို့ လျှောက်ထားရဲပါ
တယ်ဘုရား......

(၃) ပွင့်ပွင့်လင်းလင်း လျှောက်ထားရသော် ပထမတုန်းက ဒီဘလော့ဟာ ဘုန်းကြီး
တစ်ပါးဖွင့်တယ်ဆိုတာ မထင်ခဲ့မိပါဘူး..ဘလော့သက်တမ်း အချိန်ကြာလာသည်နှင့်အမျှ
နီးစပ်ရာ သူငယ်ချင်း အပေါင်းသင်းများက ''ချက်ကြီး ဘလော့ကို ဖွင့်တာက တို့မလေးရှား
မှာ ကျောင်းထိုင်နေထိုင်တဲ့ ဘုန်းကြီးတစ်ပါး'' လို့ ပြောဖန်များလာလို့ နီးစပ်ရာ အဆက်သွယ်
တွေနဲ့ လိုက်လံမေးမြန်း စုံစမ်းကြည့်ရာမှာတော့ ကွာလာလမ်ပူ ဘလက်ကောင်းမှာရှိတဲ့
ညာဏရောင်ခြည် ဓမ္မ၀ိဟာရကျောင်းက ဦးဇင်းညာဏသာရ ဆိုတာ အခုလို သိရှိခဲ့ရလို့
အရမ်းကို စိတ်မကောင်းခြင်းများစွာ ဖြစ်ခဲ့မိတာအမှန်ပါဘုရား......

(၄) ဦးဇင်းညာဏသာရလို့ သိရှိပြီးပြီးချင်းမှာမှာပင် ဦးဇင်းမေးထဲသို့ ဒီဘလော့ကို
အချိန်မှီ ပိတ်ပေးဘို့ အကြိမ်ကြိမ် သတိပေး လျှောက်ထားခဲ့သော်လည်း ဦးချက်ကြီးဟာ
မသိချင်ယောင်ဆောင်ကာ ဆက်ဖွင့်နေတာကြောင့် အခုလို လူသိရှင်ကြား လျှောက်ထားရတဲ့
အတွက် ဘာသာ သာသနာအတွက် အားနာမှု စိတ်မကောင်းမှုများစွာ ဖြစ်မိပါသည်ဘုရား....

(၅) နောက်ဆုံးအနေနဲ့ ဦးညာဏသာရကို တောင်းပန်လျှောက်ထားလိုသည်မှာ
သာသာနာ ဘာသာမျက်နှာကို ငဲ့ကွက်သောအားဖြင့် အခုလက်ရှိ ဖွင့်နေဆဲဘလော့ကို
တတ်နိုင်သမျှ မြန်ုမြန်ရပ်တန့်ပေးဘို့ မလေးရောက် ရွှေမြန်မာ လူမျိုးတွေရဲ့ ကိုယ်စား
တပည့်တော်က သနားခံ လျှောက်ထားရင်း တပည့်တော်ရဲ့ လျောက်ထားချက်ကို
အဆုံးသတ်လိုက်ရပါသည်ဘုရား....

ရိုသေလေးစားစွာဖြင့်

ဒကာတော်(ခေတ္တ-မလေးရှားနိုင်ငံ)

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template