- NAING NAING SANAY MYANMAR NEWS
Headlines News :

Thursday, June 21, 2012


စစ်တွေတက္ကသိုလ်ဟောင်းအနီးမီးလောင်မှုဖြစ်ပွား။
 From : YMP

 စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက် ဦးအောင်ထွန်းဦးလမ်း နှင့် မင်းဘာကြီးလမ်းကြား စစ်တွေတက္ကသိုလ်ဟောင်း အနီးတွင် မီးလောင်မှုတစ်ခုကို ယနေ့ ည ၁၀ နာရီခန့်က ဖြစ်ပွားလျက်ရှိကြောင်း ကို စစ်တွေမြို့ တွင် ရောက်ရှိနေသော ရန်ကုန်မီဒီယာဂရုပ် မှ သတင်းထောက်၏ တိုက်ရိုက်ပေးပို့ချက်အရ သိရသည်။

ယခုအခါ မီးလောင်မှုဖြစ်ပွားရာနေရာသို့ မီးသတ်တပ်ဖွဲ့များရောက်ရှိလာပြီး လာရောက်ငြိမ်းသတ်လျက်ရှိကြောင်းသိရသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားလျက်ရှိသော အိမ်သည် ဘင်္ဂါလီလူမျိုး အိမ်ဖြစ်ကြောင်း သိရသည်။ယင်းအိမ်တွင် လူများနေထိုင်မှု မရှိတော့ကြောင်း လည်းသိရ သည်။ မီးလောင်မှုဖြစ်ပွားရာအိမ်နှင့် ကပ်လျက်တွင် ရခိုင်တိုင်းရင်းသား များ နေအိမ်(တိုက်ခံအိမ်)များ ရှိကြောင်းနှင့် အဆိုပါအိမ်တွင်နေထို င်သော မောင်နှမ နှစ်ဦးမှာ မနေရဲကြသဖြင့် အိုးတန်းရပ်ကွက်တွင် သွားရောက်နေ ထိုင်ကြကြောင်း သိရသည်။

"ဒီရပ်ကွက်က ပင်စင်စားတွေနေတဲ့ရပ်ကွက်ဖြစ်တယ် ၊ ရဲဝန်ထမ်းတွေရော ၊ဟိုတယ်ဝန်ထမ်းတွေရော ပင်စင်စားဝန်ထ မ်းတွေနေကြတဲ့ အိမ်တွေ ဖြစ်ပါတယ် " ဟု ဟော်တယ်ဝန်ထမ်း ပင်စင်စား တစ်ဦးဖြစ်သူ အဆိုပါရပ်ကွက်တွင်နေထိုင်သူ တစ်ဦးကပြောကြားသည်။

မီးလောင်မှုကို ယခုအခါထိန်းချုပ်နိုင်ပြီဖြစ်သဖြင့် ဘင်္ဂါလီလူမျိုးအိမ်တစ်အိမ် အပါအ၀င် ဘေးအိမ်အချို့ပျက်စီး သွားကြောင်း သိရသည်။

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template