- NAING NAING SANAY MYANMAR NEWS
Headlines News :

Tuesday, June 19, 2012

မိုဘိုင်းဖုန်းများအင်တာနက်လျောက်ထားရန်မလိုပဲအီးမေးလ်အသုံးပြုနိုင်မည်။

From : အင်တာနက်

အင်တာနက်လိုင်း လျှောက်ထားရန်မလိုဘဲ မိုဘိုင်းဖုန်းများတွင် အီးမေးလ် အသုံးပြုနိုင်ရန်အတွက် ဝန်ဆောင်မှု ပေးမည်ဖြစ်ကြောင်း ရတနာပုံ Call Center မှ သိရသည်။ မိုဘိုင်းဖုန်းမှ တစ်ဆင့် အီးမေးလ်လက်ခံခြင်းနှင့် ပေးပို့ ခြင်းများ (Mobile Email Service) ကို နေ့စဉ် အသုံးပြုနိုင်ပြီး ယင်းဝန်ဆောင်မှုကို တစ်ရက်လျှင် ကျပ် ၂၀၀ ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။ “ဝိုင်ယာလက်ပါတဲ့ ဘယ်မိုဘိုင်းဖုန်းမဆို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ကျပ် ၂၀၀ တည်းနဲ့ စာအဝင်အထွက် ကြိုက်သလောက် အသုံးပြုနိုင်ပါတယ်” ဟု Blue Ocean Operating Management Co.,Ltd.မှ မန်နေဂျင်းဒါရိုက်တာ ဦးထွန်းထွန်းနိုင်က ပြောသည်။ ယင်းဝန်ဆောင်မှုကို အသုံးပြုလိုသူများအနေဖြင့် ဖုန်း 1876 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပြီး မိမိအီးမေးလ်လုံခြုံမှုအတွက်ကိုလည်း အဓိကထား ဆောင်ရွက်ပေးထားကြောင်း သိရသည်။ အဆိုပါ Mobile Email Service အသုံးပြုမှုကို နှစ်ပတ်တာ အခမဲ့ အသုံးပြုခွင့် ပေးသွားမည်ဖြစ်ပြီး ယင်းကာလကျော်လွန်ပါက ဝန်ဆောင်ခ စတင်ကောက်ခံမည်ဖြစ်ကြောင်း သိရှိရသည်။

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template