- NAING NAING SANAY MYANMAR NEWS
Headlines News :

Monday, August 20, 2012

ကမ္ဘာတစ်ဝန်းရှိ ရာသီဥတု အဆိုးရွားဆုံး ခံစားရမည့် ထိပ်ဆုံး ၁၀ နိုင်ငံ စာရင်းတွင် မြန်မာနိုင်ငံမှာ ဒုတိယနေရာ ရောက်ရှိနေပြီး အာရှမှ ခြောက်နိုင်ငံပါဝင်

7462
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သံလွင်မြစ်ရေ မြင့်တက်ကာ ဘားအံမြို့အတွင်း ရေကြီးရေလျှံဖြစ်ပွားမှုကို
သြဂုတ်လဆန်းပိုင်းက တွေ့ရစဉ်
ကမ္ဘာတစ်ဝန်းရှိ ရာသီဥတု ဆိုးရွားမှုများကို ခံစားရမည့်နိုင်ငံများ စာရင်းတွင် မြန်မာနိုင်ငံအနေဖြင့် ဒုတိယနေရာတွင် ရပ်တည်နေကြောင်း မြန်မာ့စွမ်းအင် လိုအပ်ချက်စစ်တမ်းတွင် ဖော်ပြထားပါသည်။
သြဂုတ်လ ၁၇ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် The National Seminar Wrokshop on Energy, Enviroment and Climate Change တွင် အဆိုပါ မြန်မာ့စွမ်းအင် လိုအပ်ချက်စစ်
တမ်းကို ဆွေးနွေး  ခဲ့ကြခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။


အဆိုပါအခမ်းအနားတွင် “ဂျာမန် စောင့်ကြည့်ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုအန္တရာယ်အညွှန်းကိန်း မှ မြန်မာနိုင်ငံသည် ကမ္ဘာတစ်ဝန်းရှိ ရာသီဥတုဆိုးရွားမှုများကို ခံစားရမည့်နိုင်ငံများတွင် ထိပ်ဆုံးမှ
 သုံးနိုင်ငံ အတွင်း ပါဝင်နေသည်ဟု ဆိုပါသည်” ဟု မြန်မာ့စွမ်းအင် လိုအပ်ချက်စစ်တမ်းကို
 ပြောကြားရာတွင် ထည့်သွင်း ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

အာရှဖွံ့ဖြိုးမှုဘဏ်မှလည်း အရှေ့တောင်အာရှ ဒေသ (အထူးသဖြင့် မြန်မာနိုင်ငံ)သည် ရာသီဥတု ပြောင်းလဲခြင်းနှင့် လိုက်လျောညီထွေစွာ နေထိုင်နိုင်ရန် လိုအပ်သည့်ဒေသများ တွင် ပါဝင်ကြောင်းကိုလည်း ဖော်ပြထားသည်ဟု အဆိုပါ စစ်တမ်းတွင် ရေးသားထားသည်။

ကမ္ဘာတစ်ဝန်းရှိ ရာသီဥတုဆိုးရွားမှုများကို ခံစားရမည့်နိုင်ငံများ စာရင်းတွင် ထိပ်ဆုံး၌ ရပ်တည်နေသည့် နိုင်ငံမှာ ဘင်္ဂလားဒေ့ရှ်ဖြစ်ပြီး ဒုတိယ နေရာတွင် မြန်မာနိုင်ငံမှ ရပ်တည်နေခြင်း ဖြစ်သည်။

ရာသီဥတုဆိုးရွားမှုများကို ခံစားရမည့်ထိပ်ဆုံး ၁၀ နိုင်ငံစာရင်းတွင် အာရှမှ ခြောက်နိုင်ငံဖြင့် အများ ဆုံးပါဝင်နေပြီး အမေရိကအလယ်ပိုင်းမှ နှစ်နိုင်ငံ၊ ကာရေဘီယံကျွန်းစု မှ နှစ်နိုင်ငံပါဝင်ကြောင်း
 သိရသည်။
မြန်မာနိုင်ငံအနေဖြင့် မာလာ မုန်တိုင်း၊ နာဂစ်မုန်တိုင်းအပါအ၀င် ခံစားခဲ့ရသည့် ရာသီဥတုဖောက်ပြန် ဆိုးရွားမှုအရ ထိခိုက်ခဲ့သည့်ဖြစ်စဉ်များ နှစ်အပိုင်းအခြားလိုက်ခံစားရလျက်ရှိသည်။

 ဂျာမန်စောင့်ကြည့် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုအန္တရာယ် ညွှန်းကိန်းတွက်ချက်ရာတွင် နှစ်အလိုက်
ခံစားခဲ့ရသည့် ရာသီဥတုဘေး အန္တရာယ်များကို အခြေခံတွက်ချက် ထားခြင်းဖြစ်ကြောင်း သိရသည်။

ယခု ၂၀၁၂ ခုနှစ် မိုးစပါးစိုက် ရာသီတွင်လည်း မြန်မာနိုင်ငံအနေဖြင့် ရာသီဥတု ဖောက်ပြန်မှုဒဏ်ကို
 ပြင်းထန်စွာခံစားရသည့် အနေအထားရှိ နေကြောင်း၊ မြန်မာနိုင်ငံအထက်ပိုင်း ဒေသများဖြစ်
သည့် မန္တလေးနှင့်စစ်ကိုင်းတိုင်း ဒေသကြီးတို့တွင် ဆိုးရွားစွာ မိုးခေါင်မှုဒဏ်ကြောင့် စိုက်ပျိုးရေး လုပ်ငန်းများ ထိခိုက်လျက်ရှိပြီး မြန်မာနိုင်ငံ အောက်ပိုင်းဒေသများဖြစ်သည့် ဧရာဝတီ၊ ရန်ကုန်၊
 ပဲခူးတိုင်း ဒေသကြီးများနှင့် မွန်၊ ကရင်ပြည် နယ်တို့တွင်မူ မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းသည့် ဒဏ်ကြောင့် ရေကြီးနစ်မြုပ်မှုဒဏ်ကို ပြင်းထန်စွာခံ စားရလျက်ရှိကြောင်း သိရသည်။

ရာသီဥတု ဒဏ်အများဆုံး ခံစားရသည့် နိုင်ငံများစာရင်း
၁။       ဘင်္ဂလားဒေ့ရှ်
၂။       မြန်မာ
၃။       ဟွန်ဒူးရပ်စ်
၎။       နီကရာဂွါ
၅။       ဟေတီ
၆။       ဗီယက်နမ်
၇။       ဒိုမီနီကန်
၈။       ပါကစ္စတန်
၉။       မြောက်ကိုရီးယား
၁၀။     ဖိလစ်ပိုင်

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template