- NAING NAING SANAY MYANMAR NEWS
Headlines News :

Tuesday, August 21, 2012

အီဂျစ် နိုင်ငံရှိ မြန်မာ သံရုံး မှ လွင့်ထူထားသော မြန်မာနိုင်ငံတော်အလံကို အစ္စလာမ်အစွမ်းရောက်များမှ တတ်ရောက်ဖြုတ်ယူပြီး မီးရှို့


Article 31. The host nation may not enter the consular premises, and must protect the premises from intrusion or damage.(Vienna Convention on Consular Relations)

ဗီယင်နာသဘောတူညီမှုအရ လက်မှတ်ထိုးထားသောနိုင်ငံတိုင်းသည် ထိုတိုင်းပြည်အတွင်းရှိ သံရုံးအတွင်းသို့ဝင်ရောက်ခွင့်မရှိ။

ထို့ပြင် မည်သည့်အခြေအနေတွင်မဆို ဖျက်ဆီးခြင်း
၊ တိုက်ခိုက်ခြင်းမှ ကာကွယ်ပေးရမည်။ (အပိုဒ်း ၃၁)

"တိုင်းပြည်တစ်ပြည်သည် သူ့နိုင်ငံအခြေစိုက်သံရုံးကို ကာကွယ်ပေးရန်တာဝန်ရှိသည်။ ယနေ့ တွင် အီဂျစ်ရှိမြန်မာသံရုံးအလံအား ဖြုတ်ချကာ မီးတင်ရှို့ခဲ့သည်။

ထိုသို့သော အရေးအခင်းသည်လည်း အီရန်နိုင်ငံတွေ ဖြစ်ပွားခဲ့သည်။ အီရန်တွင်ဖြစ်သည်က ဗြိတိသျှသံရုံးအား ဝင်ရောက်စီးနင်းကာ ဗြိတိန်ဘုရင်မပုံကို မီးနှင့်ရှို့၍ ဗြိတိန်အလံအား ဆုတ်ဖြဲမီးရှို့ခဲ့ခြင်းဖြစ်သည်။

ထိုကိစ္စအတွက ဗြိတိန်အစိုးရက အီရန်မှ တာဝန်ရှိသူများအာားလုံးကို 48 နာရီအတွင်း ဗြိတိန်နိုင်ငံအတွင်းမှ ထွက်ခွာသွားရန် အမိန့်ထုတ်ခဲ့သည်။

ထိုကဲ့သို့ ပြတ်သားသော အရေးယူမှုမျိုးမလုပ်နိုင်ပါက မြန်မာ့သိက္ခာသည် ကမ္ဘာ့အလယ်တွင် ထားဖွယ်မမြင်တော့ချေ။

အီဂျစ်သံရုံးလိပ်စာမှာ အမှတ်(၈၁) ပြည်ထောင်စုရိပ်သာလမ်း၊ ရန်ကုန်မြို့
ဖုန်း-(00951)222886 - 222887 - Dir 222296 ဖြစ်သည်။

မြန်မာအစိုးရအဖွဲ့ ကိုယ့်သံတမန် ထိုကဲ့သို့အစော်ကားခံရသည်ကို မည်ကဲ့သို့တုန့်ပြန်မည်နည်းဟု စောင့်ကြည့်နေပါသည်။

Myanmar Express

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template