- NAING NAING SANAY MYANMAR NEWS
Headlines News :

Wednesday, August 22, 2012

 
 ရန်ကုန်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ငါးခုမှ မြို့နယ်အချို့တွင် လျှပ်စစ်မီး ၄ ရက် ပျက်မည်




ပဲခူးတိုင်းဒေသကြီးအတွက် ဓာတ်အားတိုးချဲ့ ဖြန့်ဖြူးနိုင်ရန် မဟာဓာတ်အားလိုင်းနှင့် ပင်မဓာတ်အားခွဲရုံ ချိတ်ဆက်ခြင်း လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်၍ ရန်ကုန်တိုင်းဒေသကြီး အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး ၅ ခုရှိ မြို့နယ်အချို့တွင် ဓာတ်အား ဖြတ်တောက်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း အမှတ်(၂) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ သြဂုတ် ၂၅ ရက် နံနက် ၆ နာရီမှ ၂၈ ရက် ညနေ ၆ နာရီအထိ ဓာတ်အားပိတ် ဆောင်ရွက်မည်ဖြစ်ရာ ထိုနေ့များတွင် မနက် ၆ နာရီမှ ည ၉ နာရီအတွင်း ဓာတ်အားပြတ်တောက်မှုများ ရှိမည်ဖြစ်ပြီး ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး၏ နေရာအချို့တွင် လျှပ်စစ်မီး ပြတ်တောက်မည် ဖြစ်ကြောင်း သတင်းရရှိသည်။ ပဲခူးတိုင်းဒေသကြီးအား ဓာတ်အားတိုးချဲ့ ဖြန့်ဖြူးပေးနိုင်ရန်နှင့် သုံးစွဲဓာတ်အား ပြည့်မီစေရန် အတွက် အမှတ်(၂) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနသည် မြန်မာ့လျှပ်စစ်ဓာတ်အား လုပ်ငန်းမှ တည်ဆောက် လျက်ရှိသည့် ၂၃၀ ကေဗွီ မင်းလှပင်မဓာတ်အားခွဲရုံအား ဓာတ်အား ပို့လွှတ်ကာ ၂၃၀ ကေဗွီ ရွှေတောင် -မြောင်းတကာ မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်ရာတွင် ဘေးအန္တရာယ် ကင်းရှင်းစွာ ဆောင်ရွက်ရန်အတွက် လျှပ်စစ်မီး ဖြတ်တောက်ရခြင်း ဖြစ်သည်ဟု အထက်ပါ တာဝန်ရှိသူက ပြောပြခဲ့ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template