၅၀၀ ကေဗွီ မဟာ ဓာတ်အားလိုင်း သုံးနိုင်ငံ၏ အကူအညီဖြင့် ဆောက်လုပ်မည်
အဆိုပါ စီမံကိန်းကို အပိုင်း ၃ ပိုင်းခွဲပြီး တည်ဆောက်ရာတွင် 
သပြေ၀(မိတ္ထီလာ)-တောင်ငူ ဓာတ်အားလိုင်း ၁၄၆မိုင်၊ တောင်ငူ- ကမာနတ်(ပဲခူး) 
ဓာတ်အားလိုင်း ၁၁၇ မိုင်နှင့်သပြေ၀၊ တောင်ငူ၊ ကမာနတ် ဓာတ်အားခွဲရုံ ၃ရုံ 
ဆောက်လုပ်ခြင်း လုပ်ငန်းများ ပါဝင်မည်ပြီး 
ကုန်ကျငွေ ကန်ဒေါ်လာ၂၈၂.၀၇သန်း 
ကုန်ကျမည် ဖြစ်ကြောင်း ၎င်းထံက သိရသည်။
 ရဲရွာ စီမံကိန်းကို 
အကောင်အထည်ဖော်တာနဲ့ အခု စီမံကိန်းကို တပြိုင်တည်း လုပ်ဆောင်ဖို့ အခြေအနေ 
မပေးခဲ့ဘူး၊ ဒါကြောင့် မြောက်ပိုင်းက ထုတ်တာကို တောင်ပိုင်းကို သယ်ပို့ဖို့
 အကန့်အသတ် ဖြစ်ခဲ့ရတယ်၊ အခုမှ အကောင်အထည် ဖော်ဖြစ်တယ် ဟု ဓာတ်အားလိုင်း 
တိုးချဲ့မည့် စီမံကိန်း ဖြစ်လာပုံကို ၎င်းက ဆက်လက် ပြောဆိုသည်။
 
မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အထက်ပိုင်းတွင် ဆည်တော်ကြီး၊ မုန်း၊ ရွှေလီ၁၊
 သဖန်းဆိပ်၊ ပေါင်းလောင်း၊ ရဲရွာ၊ ကင်းတား၊ ဇော်ဂျီ ၁၊ ၂၊ ကျိုင်းတောင်း၊ 
ကြီးအုံကြီးဝ ရေအား လျှပ်စစ် စက်ရုံကြီးများ၏ စက်တပ်ဆင်အားသည် ၁၇၁၄ မဂ္ဂ၀ပ် 
ရှိပြီး၊ ယင်းအတွက်၂၃၀ ကေဗွီ ဓာတ်အားလိုင်း ၈ ခုကို ယင်းစီမံကိန်း 
မလုပ်နိုင်သေးခင်က တပ်ဆင်ခဲ့ရကြောင်း၊ ယင်းထဲမှ မြန်မာနိုင်ငံ တောင်ပိုင်း 
ဒေသများသို့ ၂၃၀ ကေဗွီ ဓာတ်အားလိုင်း ၂လိုင်းဖြင့် ဓာတ်အား ပေးပို့ရာတွင် 
ယင်းလိုင်းများသည် သက်တမ်း ကြာမြင့် နေခြင်း၊ လိုင်း မိုင် 
ရှည်လျားသည့်အတွက် ဓာတ်အား ပျောက်ဆုံးမှု ရှိခြင်း တို့ကြောင့် ရောက်ရှိ 
ဓာတ်အားမှာ ၆၂၅ မဂ္ဂ၀ပ်သာ သယ်ဆောင်နိုင်ခဲ့ကြောင်း ၎င်းက ရှင်းပြသည်။



No comments:
Post a Comment