- NAING NAING SANAY MYANMAR NEWS
Headlines News :

Wednesday, August 15, 2012

"တိရစ္ဆာန်အသေကောင်များ တွေ့နေရသည့် စားအုန်းဆီသိုလှောင်မှု စီးပွားကူးသန်း အထူးကိုင်တွယ်မည်" 

 

စားအုန်းဆီ သိုလှောင်ကန် များအတွင်း မြွေ၊ ကြွက်နှင့် ဖားအသေများ ကိုတွေ့ရှိနေရကြောင်း ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ် ဦးကျော်ထူး က ပြောသည်။ ''ကျွန်တော်တို့ သွားစစ်ေ ဆးတော့ ဆီသိုလှောင်ကန်တွေအပြင် ဈေးကွက်ကို ဖြန့်ဖြူးတော့ ထည့်မယ့် ပီပါ ပုံးတွေ ကလည်း ဆေးကြောသန့်စင်ခြင်းမရှိဘဲ ထည့်သွင်း ဖြန့်ဖြူးနေ တာတွေ့ရှိခဲ့ရတယ်''ဟု ၄င်းက ပြောသည်။ ထိုအတွက်ကြောင့် နယ်စပ် ဂိတ်များနှင့် ပင်လယ်လမ်းများမှ ဝင်ရောက်လာသည့် စားအုန်းဆီများ တင်သွင်း ရောင်းချဖြန့်ဖြူးခြင်းကိစ္စအပေါ် စီးပွား/ကူးသန်းဝန်ကြီး ဌာနမှ ကြပ်မတ်တော့မည်ဟု သိရသည်။
စားသုံးသူတို့အား ကာကွယ်ပေးမှုဆိုင်ရာ သတ်မှတ်ချက်များနှင့် အညီ ဆောင်ရွက်ခြင်းဖြစ်သည်ဟု စီးပွား/ ကူး သန်း ပြည်ထောင်စုဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ် ဒေါက်တာ မောင်အောင် က ပြောသည်။ စီးပွား/ကူးသန်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ယနေ့အချိန်တွင် နယ်စပ်ဂိတ်ပေါက်များမှ စားသုံးရန်မသင့်သော ဆီအတု များ ဝင်လာနေသည့်အပြင် ပင်လယ်ရေကြောင်းမှ တင်သွင်းလာသည့် ဆီများတွင်လည်း ရောနှောမှုအချို့ ပါဝင်နေခြင်းနှင့် သိုလှောင်မှုစနစ် အားနည်းမှု၊ ဖြန့်ဖြူးသည့်ပီပါအချို့သန့် ရှင်းမှု မရှိသည် တို့ကို ကြပ်မတ် သွားမည်ဟု ပြောသည်။ စီးပွား/ကူးသန်း ပြည်ထောင်စု ဝန်ကြီးဦးဝင်းမြင့်က ယနေ့အချိန်တွင် နယ်စပ်ဂိတ်ပေါက်များမှ စားသုံးရန်မသင့်သော ဆီအတု များ ဝင်လာနေသည့်အပြင် ပင်လယ်ရေကြောင်းမှ တင်သွင်းလာသည့် ဆီများတွင်လည်း ရောနှောမှုအချို့ ပါဝင်နေခြင်းနှင့် သိုလှောင်မှုစနစ် အားနည်းမှု၊ ဖြန့်ဖြူးသည့် ပီပါအချို့သန့်ရှင်းမှု မရှိသည် တို့ကို ကြပ်မတ်သွား မည်ဟု ပြောသည်။


"FDA က ဒီအပိုင်းမှာ တော်တော်လေး အားနည်းနေပါတယ်။ ဒါက ကျွန်တော် ဝန်ကြီးဌာကို တိုက်ခိုက်ပြီး ပြောတာမဟုတ်ပါဘူး၊ စစ်ဆေး တာတွေ ကြန့်ကြာနေပါ တယ်။ နောက်ပြီး ဆီဆိုင်တွေ စစ်ဆေးဖို့ ပြည် ထဲရေးကိုလည်း အကြောင်းကြားပါတယ်။ ဒါပေမဲ့ ပူးပေါင်းဆောင်ရွက်မှု အားနည်းပါတယ်''ဟု ပြည်ထောင်စု ဝန်ကြီး က ပြောသည်။ ပြီးခဲ့သည့် ဇွန်လ ၃ ရက်နေ့ က မန္တလေး ကုန်သွယ်လယ်ယာ ရုံးတွင် သက်ဆိုင်ရာ တာဝန်ရှိသူ တို့က နယ်စပ်မှ တစ်ဆင့်တရားမဝင် ဝင်ရောက်လာသော ဆီကိစ္စနှင့် ပတ် သက်ကာ အရေးပေါ် အစည်းအဝေး ပြုလုပ်ခဲ့သည့်အပြင် ဇွန်လ ၂၁ ရက်နေ့က ကျန်းမာရေးဝန်ကြီး ဌာနကပါ ထိုဆီများကို မည်သည့် စားအုန်းဆီမျိုးနှင့်မျှ ကိုက်ညီခြင်း မရှိ ကြောင်းနှင့် အသုံးပြုပြီး ဆီရောများ ကို ပြန်လည်ပြုပြင်ထားသည်ဟု တရားဝင် ထုတ်ပြန်ခဲ့သည်။ နယ်စပ်မှ တရားမဝင် ဆီများ ကြောင့် ပြည်တွင်းဆီ ထုတ်လုပ်သည့် လုပ်ငန်းများ အပေါ် ဈေးကွက် ပျက်လုနီးပါးရိုက်ခတ်မှုရှိပြီး အာဏာ ပိုင်အဆင့်ဆင့်တို့က ထိရောက်စွာ အရေးယူအပြစ်ပေးရန် အားနည်း နေသည်ဟု ဆီထုတ်လုပ်သူ လုပ် ငန်းရှင်များကို ထောက်ပြကြသည်။ မန္တလေးမှ ဆီလုပ်ငန်းရှင်တစ်ဦးက '' အရေးယူမယ် အရေးယူ မယ်နဲ့ ဘာမှဖြစ်မလာတော့ လုပ်တဲ့ သူကလုပ်နေ တာပေါ့''ဟုပြောသည်။ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က အမျိုးသား အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနအား ၄င်း အနေဖြင့် စီးပွား/ ကူးသန်းဝန်ကြီး ဌာနအောက်တွင် ဖြစ်နိုင်ပါက ထားရှိလိုပြီး အချိန်နှင့် တစ်ပြေးညီ စစ် ဆေးကြပ်မတ်နိုင်ရန်အတွက် ဖြစ်သည်ဟု ပြောသည်။
''အရင်တုန်းက ဆီကို ကိုယ် စားလှယ်အနေနဲ့ ပေးတုန်းက ၃၃၆ဝ ဦးရှိ တယ်။ အဲဒီထဲက မရောမနှော နဲ့ မှန်မှန်ကန်ကန်လုပ်တာ ၃ဝ တောင် မရှိဘူး။ နောက်ပြီး ပင်လယ် ရေကြောင်းက ဝင်လာတယ်။

ပင်လယ်ရေ တွေ ရောကြတယ်။ ပြီးတော့ ဆီထည့်တဲ့ ပီပါခွံ အဟောင်းတွေ၊ ဒါတွေကိုလည်း မယုံဘူး၊ အားလုံးစနစ်တကျနဲ့ပဲ လုပ်စေချင်တယ်'' ဟု ပြည်ထောင်စု ဝန်ကြီးက ဆက်ပြောသည်။ ရန်ကုန်တိုင်းဒေသကြီး စီမံကိန်း နှင့် စီးပွားရေး ဝန်ကြီး ဦးသန်းမြင့်က တရုတ်နယ်စပ်မှ မန္တလေး သို့ဝင် လာသည့် ဆီများ စီးပွားရေးမြို့တော် ရန်ကုန်သို့ ဝင်မလာစေရန် ကြိုတင် အသိပေးနှိုးဆော်ထားခြင်းဖြင့် ဟန့် တားထားပြီး ဝင်ရောက်လာ ပါက ဖော်ထုတ်၍ ထိထိရောက်ရောက် အရေးယူသွား မည်ဟု ပြောသည်။ ကျန်းမာရေးဝန်ကြီးဌာနမှ တာ ဝန်ရှိသူတစ်ဦးက နယ်စပ်စခန်းများ တွင် စစ်ဆေးကြပ်မတ်မှုများ ပြုလုပ် နိုင်ရန် FDA စခန်းဖွင့်လှစ်သွားရန် စီစဉ်နေ ပါကြောင်း ပြောသည်။ ယခင်က စားအုန်းဆီတင်သွင်းမှုကို တစ်ဦး တစ် ယောက်ကပင် ချုပ် ကိုင်ခွင့်ရသော်လည်း အစိုးရသစ် တက်ပြီးမှ စတင်ကာ တန်ချိန် ၃ဝဝဝ ထက်မနည်းတင်သွင်းနိုင်သူ မည်သူ့ကိုမဆို တင်သွင်းခွင့် ပြုခဲ့ရာ လက်ရှိတွင် တစ်လလျှင် မလေးရှား မှ ဆီတန်ချိန် ၃ဝဝဝဝ ကျော်တင် သွင်းနေပြီး ပြည်တွင်းတွင်မူ ဆီခတ်ရုံများ၏ အခြေ အနေမှာ ဆိုး ရွားစွာ ကျဆင်းနေကြောင်း စုံစမ်း သိရှိရသည်။ သြဂုတ် လ ၁၁ ရက်နေ့တွင် ရန်ကုန်မြို့ ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနတွင် ကျင်း ပခဲ့သော ဆန်စပါးကဏ္ဍ၊ ပဲမျိုးစုံကဏ္ဍ၊ ဆီထွက် သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုး တက်ရေးနှင့် မြန်မာ့ဆန်စက် လုပ်ငန်းပြပွဲ ၂ဝ၁၂ ကျင်းပရေး ညှိနှိုင်းအစည်း အဝေးတွင် စားသုံးဆီများရေးရာ ကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြခြင်း ဖြစ် သည်။
From -ပေါ်ပြူလာဂျာနယ်

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template