- NAING NAING SANAY MYANMAR NEWS
Headlines News :

Friday, August 31, 2012

ပြည်သူ့လွှတ်တော်နှင့် ခုံရုံးကြား အငြင်းပွားမှုကို ပြေလည်စေရန် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် နိုင်ငံတော် သမ္မတ ပြောကြား

 

ပြည်သူ့လွှတ်တော်နှင့် ခုံရုံးကြား အငြင်းပွားမှုကို ပြေလည်စေရန် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် နိုင်ငံတော် သမ္မတက ပြောကြားလိုက်သည်။ နိုင်ငံတော် သမ္မတက ပြည်သူလွှတ်တော် ဥက္ကဋ္ဌထံ သြဂုတ် ၂၀ ရက်တွင် ပြန်လည်ပေးပို့သော သဝဏ်လွှာ၌ လွှတ်တော်က စွပ်စွဲပြစ်တင်သည့် နည်းလမ်းဖြင့် ဆောင်ရွက်မည့်အစား ဖွဲ့စည်းပုံ အခြေဥပဒေအခန်း (၁၂) တွင် တရားဝင် ပေးအပ်ထားသည့် အခွင့်အရေးကို သုံးမည်ဆိုပါက မည်သူ့ကိုမျှ ထိခိုက်မှုမရှိစေဘဲ သင့်လျော် ကောင်းမွန်မည်ဟု ယူဆသည်ဟု ဖော်ပြထားသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၂)သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ခြင်းဖြစ်ပြီး ပြင်ဆင်လိုသည့် ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းရမည် ဖြစ်သည်။ ယင်းလွှတ်တော်မှ ကိုယ်စားလှယ်ရာခိုင်နှုန်း ၂၀ က တင်ပြပါက လက်ခံဆွေးနွေးမည်ဖြစ်ပြီး ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍သာ ပြင်ဆင်နိုင်မည်ဟု နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည်။ လွှတ်တော်အသီးသီး၌ ဖွဲ့စည်းထားသော ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့များသည် ပြည်ထောင်စုအဆင့် မဟုတ်ကြောင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးက ဆုံးဖြတ်ခဲ့သည့်အတွက် ပြည်သူ့လွှတ်တော်နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးကြား အငြင်းပွားမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ပြည်သူလွှတ်တော်နဲ့အမျိုးသားလွှတ်တော်အကြားဖြစ်ပွားနေသောအငြင်းပွားမှုပြသနာမှာ

မပီးဆုံးသေးပါ၊မည်ကဲ့သို့ဆက်လက်ဆောင်ရွက်မည်ကို....မကြာမှီလာမည်။ 

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template