အင်ဒိုနီးရှားနိုင်ငံတွင်ပြုလုပ်လေ့ရှိသောလူသေပြုစုပွဲ။
လူမျိုးတမျိုးနဲ့တမျိုးဟာမတူကွဲပြားကြတာတွေ၊ကိုးကွယ်ယုံကြည်မှုကွဲပြားကြတာတွေရှိတယ်ဆိုတာကို
လက်ခံယုံကြည်ရမှာဖြစ်ပါတယ်။
တရုတ်တွေဟာသေဆုံးသူရဲ့ရုပ်အလောင်းကိုသစ်သားအခေါင်းထဲမှာထည့်ပြီးတော့မြှုပ်လေ့ရှိတဲ့အလေ့
အထရှိတာကိုတွေ့ရသလို။
အောက်ပြည်အောက်ရွာမှာလည်းလူသေဆုံးပြီးပါကအိမ်မှာသုံးရက်လောက်ထားပြီးမှမီးသင်္ဂြိုတာတို့မြှုပ်
နှံတို့ပြုလုပ်တာတွေရှိသလို။
ပြည်ခရိုင်ကံမမြို့မှာလည်းသေဆုံးပြီးသူရုပ်အလောင်းကိုမိမိအိမ်ခြံဝင်းအတွင်းမြှုပ်နှံခွင့်ရှိတာကိုထူးဆန်းစွာ
တွေ့ရမှာဖြစ်ပါတယ်။
အခုလည်းအင်ဒိုနီးရှားနိုင်ငံတွင် လူသေပြုစုပွဲ (Ma’ Nene festival) ကျင်းပနေမှုအား ယခုကဲ့သို့ တွေ့မြင်ရသည်။ ယင်းပွဲသည် သေဆုံး သွားပြီဖြစ်သော မိမိဆွေးမျိုးသားချင်း များကို ပြန်လည်တူးဖော်ပြီး အဝတ်အစား သစ်များ ဝတ်ပေးခြင်း၊ အစားအသောက်များ ပူဇော်ပသ ပေးခြင်း တို့ကို ပြုလုပ်သောပွဲဖြစ်သည်။
ထိုကဲ့သို့ ပွဲကို သုံးနှစ်တစ်ကြိမ်ကျင်းပပြီး အလောင်းပြန် တူးဖော်ခွင့်ရရှိကြသည်။ အလောင်းပြန်တူးဖော်ခွင့် ရသော မိသားစုများမှ ၎င်းတို့ မိဘ၊ ဘိုးဘွား၊ သားသမီး၊ ဇနီးခင်ပွန်း အစရှိသဖြင့် ဆွေမျိုးရင်းချာတို့ အလောင်း ကို သန့်စင်ပေးပြီး အဝတ်အစားသစ်များဝတ်ပေးသည်။ အစားအသောက်များ ပူဇော်ပေးပြီး မြေနေရာ သို့ ပြန် လည် မြှုပ်နှံပေးသည်။ ယင်းကဲ့သို့ ပွဲတော် Ma’ Nene festival သည် အင်ဒိုနီးရှား တို့၏ ကမ္ဘာကျော် ရိုးရာပွဲ တစ်ခုအဖြစ် တည်ရှိနေကြောင်း သိရသည်။
ပထမဆုံးသေဆုံးပြီးသောသူဆွေတော်မျိုးတော်အုတ်ဂူကိုအခုကဲ့သို့ဖေါ်ထုတ်ပါတယ်။
ဖေါ်ထုတ်ပြီးတော့ဆွေတော်မျိုးတော်များရဲ့အခေါင်းထုတ်များကိုအခုလိုစီပါတယ်။
ဆွေတော်မျိုးတော်များကိုအခုလိုသေတာထဲကနေပြီးတော့ဖြည်းညှင်းစွာထုတ်ယူပါတယ်။
အခုလိုလှပလာအောင်မေ့ကပ်ဆရာကမေ့ကပ်လိမ်းပေးရပါတယ်။
အောက်ပိုင်းလှအောင်လည်းလုပ်ပေးရပါသေးတယ်။
ဖွားဖွားပြီးတော့အခုလိုဖိုးဖိုးကိုလည်းဖြည်းညှင်းစွာယူထုတ်ရပါတယ်။
ဖိုးဖိုးကိုလည်းအထပ်ပါနည်းအတိုင်းအ၀တ်စားလှလှလေးပေးဝတ်လိုက်ပီလေ။
အ၀တ်အစားသစ်သစ်လွင်လွင်ပေးဝတ်၊လမ်းတွေလျောက်ခိုင်း၊ပြီးရင်အစာတွေဘာတွေကြွေးအားလုံးပြီး
ရင်တော့အခုလိုသေတာထဲကိုပြန်ထည့်လိုက်ပြီးတော့ဂူပြန်သွင်းလိုက်ကြပါတယ်။နောက်သုံးနှစ်ကြာရင်
တခါဆုံတွေ့အုံးမယ်လေ။
ပျော်ပျော်ပါးပါးပေါ့..................................................................................။

No comments:
Post a Comment