- NAING NAING SANAY MYANMAR NEWS
Headlines News :

Tuesday, August 14, 2012

စစ်ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦး တပ်မှ ဘာကြောင့်ဖယ်ရှားခဲ့ရသလဲ


From : hot news
တစ်ချိန်က မြန်မာ့တပ်မတော်၌ ဒုတိယဗိုလ်အဆင့်မှ စတင်ကာ မြန်မာ နိုင်ငံ၏ (၄)ဦးမြောက် ကာကွယ်ရေး ဦးစီး ချုပ်အထိ အဆင့်ဆင့် တာဝန်ထမ်းဆောင် ခဲ့သောလက်ရှိအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဗိုလ်ချုပ်ကြီးဟောင်း သူရတင်ဦးအနေဖြင့် ကာကွယ်ရေးဦးစီး ချုပ် တာဝန်ထမ်းဆောင်နေစဉ်အတွင်း ၁၉၇၆ခုနှစ် မတ်လ ၆ ရက် ရက်စွဲပါ နိုင်ငံတော်ကောင်စီ၏ ကြေညာချက် အမှတ်(၂၆/၇၆)အရ ကာကွယ်ရေးဦးစီး ချုပ်အဖြစ် ၆-၃-၇၆မှစတင်ကာ နှုတ် ထွက်ခွင့်ပြုကြောင်း (က-က-ထူး)၏ ၂၀ ရာထူး(၆)ဖြင့် အမိန့်ထုတ်ပြန်ခြင်းခံခဲ့ရပြီး နှုတ်ထွက်ခဲ့ရသည့်အကြောင်းအရင်းအား ထိုစဉ်က နိုင်ငံပိုင်သတင်းစာအချို့နှင့် ၁၉၉၀ နောက်ပိုင်း ထုတ်ဝေခဲ့သော တပ် မတော်ခေါင်းဆောင်များ သမိုင်းအကျဉ်း စာအုပ်၌ ““ဗိုလ်ချုပ်ကြီးတင်ဦး၏ ဇနီးဖြစ် သူ ဒေါက်တာဒေါ်တင်မိုးလွင်အနေဖြင့် လူကြီးမိသားစုလိုက်နာရမည့်စည်းမျဉ်း များကို ထိပါးမှုကြီးနှင့်စပ်လျဉ်း၍ ထိန် ချန်မှုကိုပါကျူးလွန်ခဲ့သည့်အတွက် တာ ၀န်မှ ရပ်စဲသည့်အပြင် ထောင်ဒဏ်(၇) နှစ်ပါကျခံစေရန် ချမှတ်အတည်ပြုခဲ့ ကြောင်းရေးသားပါရှိခဲ့သည်။

ဦးနေ၀င်းအစိုးရမှ ကြေညာသကဲ့သို့ ဗိုလ်ချုပ်ကြီး သူရဦးတင်ဦး၏ ဇနီးသည် လူကြီးမိသားစု လိုက်နာရမည့် မျဉ်းများ အား ထိပါးခဲ့ခြင်းရှိ မရှိ၊ ဗိုလ်ချုပ်ကြီး သူရတင်ဦးသည်လည်း နိုင်ငံတော်သစ္စာ ဖောက်ဖျက်ပုန်ကန်မှုကြီးနှင့်စပ်လျဉ်း၍ ထိန်ချန်မှုကို ကျူးလွန်ခဲ့ခြင်းရှိမရှိ သမိုင်း ဖြစ်ရပ်အမှန်များအား ဗိုလ်ချုပ်ကြီး သူရတင်ဦးအားတွေ့ဆုံမေးမြန်းခဲ့ရာ–
မေး- ဦးနေ၀င်းရဲ့ အစိုးရက ကာကွယ် ရေးဦးစီးချုပ်ရာထူးက မဖယ်ရှားခင် ဘဘနဲ့ ဦးနေ၀င်းနဲ့ကြားမှာ အဖုအထစ် တွေဘာတွေများရှိခဲ့ဖူးပါသလား။ အဲ့ဒီ အဖုအထစ်လေးတွေရှိမယ်ဆိုရင် သိပါ ရစေ။

ဖြေ- ပြောရရင် သီးသန့်အရေးအခင်း တုန်းက ဦးသန့်အလောင်းကို ဟိုကနေ ပြီး အရုပ်ကလေးလို လှလှပပလေး လုပ် ပြီး ဒီကိုပို့လာတယ်။ ဒီမှာ ကျောင်းသား တွေ၊ ပြည်သူလူထုက ကြိုဆိုကြတာပေါ့။ ဒါပေမယ့် အစိုးရဘက်က လုံးဝမကြိုက် ဘူး။ အဲ့ဒီတုန်းက ဦးစန်းယုတို့ဘာတို့ အပါအ၀င် ၀န်ကြီးတွေ (၁၄)ယောက် လောက်က ဦးသန့်အလောင်းကို ခမ်းခမ်း နားနားနဲ့ ကြိုဖို့ သဘောတူညီချက်ရတယ်။ အဲ့သလို တစ်ယောက်ညီချက်ရပြီး ဦးစန်း ယုက ဦးနေ၀င်းကိုသွားပြောတယ်။ နိုင်ငံ ဂုဏ်ဆောင်ခေါင်းဆောင်တစ်ယောက်ကို ခမ်းခမ်းနားနားကို ကြိုဆိုမယ်ဆိုပြီးတော့ ဒီတော့ ဦးနေ၀င်းကပြောတယ်။ မင်းတို့ လုပ်ချင်လုပ် ငါတော့မလုပ်ဘူးဆိုပြီး ပြော လိုက်တယ်။ သူမလုပ်တော့ အခြေအနေ တွေက အရမ်းဆိုးတယ်။ ပြီးတော့ ဦးသန့် အရေးအခင်းဖြစ်တုန်းမှာ ကျောင်းသား နဲ့ လူထုအော်တာမကောင်းဘူး။ ဘာလဲ ဆိုတော့ ““နေ၀င်စန်းယုကျဆုံးပါစေ၊ တင်ဦးစိန်ဝင်း ကျန်းမာပါစေ၊ ကိုစိန်ဝင်း ဆိုတာ ၀န်ကြီးချုပ်ပါ။ ဘဘအနေနဲ့က လည်း ဦးနေ၀င်းကို ခဏခဏပြောဖူး တယ်။ ကျွန်တော်တို့ ဒီလိုနေရာတွေ၊ ရာ ထူးတွေရလာတာ ကျွန်တော်တို့တော်လို့၊ တက်လို့ ရောက်လာတာမဟုတ်ပါဘူး။ ဗိုလ်ချုပ်တို့ ကျေးဇူးနဲ့ရောက်လာတာပါ။ ကျွန်တော်တို့မှာ ပြောစရာတွေရှိရင် ပြောပါပြင်ပါမယ်။ လိုအပ်ရင် တပ်မတော် က ထုတ်ပစ်ပါလို့တောင် ခဏခဏပြော ခဲ့ဖူးတယ်။
မေး- ဘဘ ကာကွယ်ရေးဦးစီးချုပ်ဖြစ် တဲ့အချိန်တိုင်းပြည်မှာ မာရှယ်လော လည်း ထုတ်ထားတဲ့အချိန်လည်းဖြစ်နေ တော့ ဘဘတပ်ကရဲဘော်တွေက ဦးနေ ၀င်းရဲ့သားကို ဖြိုးဆံပင်ကို ဖြတ်ပြီး တချို့ လွန်တဲ့ စကားတွေပြောခဲ့တာကို ကိုဦးနေ ၀င်းကတော်တော် စိတ်ဆိုးခဲ့တယ်လို့ သိ ရပါတယ်။ အဲဒီ အဖြစ်အပျက်လေးကို လည်း သိပါရစေ။
ဖြေ- အဲဒီတုန်းက ၁၉၇၅ လောက်မှာ စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားတဲ့အချိန် ဒီရန်ကုန်တက္ကသိုလ် သမ ဆံပင်ညှပ်ဆိုင် မှာ ဦးနေ၀င်းရဲ့သား ကိုဖြိုးရဲ့ဆံပင်က ပခုံးနားထိရှည်တယ်။ အဲ့သလို ဆံပင် လာ ညှပ်တာကို ဘဘတပ်က ရဲဘော်တွေက တွေ့ပြီး ဒါလမ်းသရဲပုံတဲ့။ အဲ့ဒါကို တိုတို ညှပ်လိုက်လို့ပြောတယ်။ ဒီတော့ ကိုဖြိုး က သူက သမ္မတကြီး ဦးနေ၀င်းရဲ့သားပါ လို့ ပြန်ပြောတယ်။ အဲ့ဒီမှာ ရဲဘော်တွေ ကလည်း ခု စစ်အုပ်ချုပ်ရေးထုတ်ပြန် ထားတဲ့အချိန်တဲ့။ တိုင်းပြည်ကို မင်းအဖေ သမ္မတကြီးအုပ်ချုပ်နေတာမဟုတ်ဘူးတဲ့။ ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ကြီးတင်ဦး အုပ်ချုပ်နေတာတဲ့။ စစ်တပ်ဆိုတော့ ကိုဖြိုးကလည်းကြောက်တာပေါ့။ အဲ့ဒါ အိမ်ပြန်ရောက်တော့ သူ့အဖေကို တိုင်၊ သူ့အဖေက ဘဘလိုချက်ချင်းခေါ်တော့ တာပဲ။ အဲ့ဒီညမှာအခြေအနေက တော် တော်ဆိုးတယ်။ ဘဘတို့ လူကြီးအိမ်တွေ မှာ လူကြီးအိမ်အချင်းချင်း ဆက်သွယ် ထားတဲ့ စကားပြောစက်ကနေပြီးတော့ ဦးနေ၀င်းအသံကြီး ထွက်နေတာကို အိမ် ကသားက လာပြောလို့ သွားနားထောင် တော့ ဘဘလို့ခေါ်တာဖြစ်နေတယ်။ တင်ဦးကိုေ ခ်ါလိုက် တင်ဦးကိုခေါ်လိုက် ဆိုပြီး အဲ့ဒါနဲ့ ဘဘလည်း ချက်ချင်းသူ့ အိမ်ဘက်ရောက်လာတာပေါ့။ သူ့အိမ် ရောက်သွားတော့ သူဆင်းလတယ်။ နှာ ခေါင်းက နှာရည်တွေထွက်ပြီး မျက်နှာ ကလည်း နီနေတယ်။ စကားလည်း တစ် လုံးမှမပြောဘူး။ မတ်တပ်ပဲရပ်နေတယ်။ သူကမှ ပေးမထိုင်တာ ကိုယ်ကဘယ်လို့ မရမလဲ။ အဲ့ဒါသူက ဟေ့ကောင်ထိုင်တဲ့ ပြီးတော့ ဘဘကို မင်းကြားပြီးပြီလား။ မင်းတပ်ကကောင်တွေငါ့သားကို လုပ် လိုက်တာလေတဲ့။ ဘဘကလည်း အဲ့ဒီ အကြောင်းကို မသိတော့ ဘယ်လုပ်လိုက် လို့ပါလဲဆိုတော့ ငါ့သားဆံပင်သွားညှပ် တဲ့ဟာကို မင်းတပ်က ကောင်တွေက လမ်းသရဲဆိုပြီး ဆံပင်ကိုဖြတ်လိုက်တယ်။ ပြီးတော့ မင်းကောင်တွေပြောသွားတဲ့ စကားကမကောင်းဘူး။ ဒီမှာ မင်းအဖေ သမ္မတကြီးဦးနေ၀င်းအုပ်ချုပ်နေတာမဟုတ် ဘူးတဲ့။ တစ်တိုင်းတစ်ပြည်လုံးကို ဗိုလ် ချုပ်ကြီးတင်ဦးအုပ်ချုပ်နေတာတဲ့။ အဲ့ဒီ စကားအရမ်းဆိုးတယ်တဲ့။ ဘဘကလည်း ဦးနေ၀င်းကို ကျွန်တော်မှာ ဒီစိတ်မျိုးမရှိ ပါဘူး။ သိလည်းမသိခဲ့ပါဘူးလို့ပြော တယ်။ အဲ့ဒီမှာသူက တေးထားတယ်။ နောက်အပြစ်ရှာတယ်။ ဒါပါပဲ။

မေး- ဘဘအပြစ်ရှာတယ်ဆိုတော့ဘယ် ပုံစံမျိုးနဲ့ အပြစ်ရှာခဲ့တာလည်း သိပါရ စေ။
ဖြေ- အမှန်တော့ ဘဘကာကွယ်ရေးဦး စီးချုပ်ဖြစ်တဲ့ အချိန်ကပါ။ ကြာလည်း ကြာပါပြီ။ ဘဘလို ထောက်လှမ်းရေးက လူတွေပဲ လာကန်တော့ကြတာ။ ဘဘတို့ နဲ့ ပတ်သက်ပြီး ထုတ်ပြန်ထားတဲ့ စည်း မျဉ်းအရ ရသမဆ လက်ဆောင်တွေကို အထက်ကို စာရင်းနဲ့တကွ အတိအကျ ပြန်အပ်ရတယ်။ အဲ့ဒီတုန်းက ထောက် လှမ်းရေးက ဘဘကို လာကန်တော့တာ အခင်းပြားလေးပါ။ အဲဒါ ဘဘက ဟေ့ ကောင်တွေ မင်းတို့ပေးတာကို ငါက အထက်ကိုစာရင်းနဲပ ပြန်အပ်ရမှာ။ အဲ့ သလိုပြောတော့ သူတို့က ဒီရေချိုခန်း အခင်းက ဟောင်ကောင်က။ ဒါကြောင့် ဆရာ့ကို ကန်တော့တာပါ။ အထက် လည်းမတင်ပါနဲ့။ ကျွန်တော်တို့ ပြေလည် အောင် လုပ်ပေးမယ်လို့ပြေတယ်။ အဲ့ဒါ ဘဘ အမျိုးသမီးကလည်း သူတို့ပိုက်ဆံ ပေးပြီး ၀ယ်တာနော်ဆိုပြီး နေလိုက်တာ အဲ့ဒါကို ပြန်ပြစ်ရှာပြီး ဦးနေ၀င်းက တင်ဦး မင်းကစည်းမျဉ်းစည်းကမ်းကို ထိ ပါးတယ်။ ထွက်တဲ့ အဲ့သလိုအဖြစ်ရှာခဲ့ တာပါ။

မေး- ပြီးတော့ အဲ့သလို ရာထူးကနေ ဘဘကို ဖယ်ရှားပြီးတော့ နိုင်ငံတော် သစ္စာဖော်ကဖျက်ပုန်ကယ်မှုမှာ ထိန်ချန် မှုကိုကျူးလွန်ခဲ့တယ်ဆိုပြီး ထောင်ဒဏ် (၇)နှစ်အပြစ်ပေးခဲ့တယ်လို့ သိရပါတယ်။ ဘယ်ဟာကို အခြေခံပြီးတော့ ဘဘကို ပုန်ကန်မှုကို ထိန်ချိန်ခဲ့တယ်လို့ စွပ်စွဲခဲ့ ရတာလဲသိပါရစေ။
ဖြေ- သြော်..အဲဒါက ဘဘကိုရာထူး ကနေ ဖယ်ရှားပြီးတော့ တိုင်းမှူးတွေက လာပြီး မခံဘူး။ ချမယ်ဆိုပြီး လုပ်ပါ လေရော။ ဘဘကို သူတို့က ဗိုလ်ချုပ် မခံဘူး။ ကျွန်တော်တို့ချမယ်။ ဒီတော့ ဘဘလည်း မင်းတို့ကလည်းတစ်မျိုး။ အဲ့ဒါ သူတို့ကို ဖျောင်းဖျပြီး ပြန်လွှတ် လိုက်တယ်။ အဲဒါကို ဦးနေ၀င်းကို သိရဲ့ သားနဲ့မပြောဘူး။ ပုန်ကန်မှုကို ထိန်ချန် တယ်ဆိုပြီး ထောင်ခုနစ်နှစ်ချလိုက်တယ်။

မေး- ဘဘကို ဖယ်ရှားခဲ့သလို မ-ဆ-လ ခေတ်က ကျန်အရာရှိကြီးတွေကိုလည်း ဦးနေ၀င်းအနေနဲ့ ဖယ်ရှားခဲ့တာမျိုးရှိပါ သလား။
ဖြေ- သူလုပ်ခဲ့တဲ့အထဲမှာ ဘဘအပြင် ၀န်ကြီးဦးရွှေ၊ ဗိုလ်မှူးကြီးမောင်ရွှေ၊ ဗိုလ် မှူးကြီးစိန်မြ၊ ဗိုလ်မှူးကြီးတန်ယုဆိုင်ပြီး တော့ ဗိုလ်မှူးကြီးစံဝင်း အဲ့ဒီထဲက ဦးရွှေ ဆုရင် အဲဒီတုန်းကသူက သတ္တုတွင်းဝန် ကြီးဌာန၀န်ကြီး သူ့သားက အလုပ်ကိစ္စ နဲ့ ဂျပန်သွားတယ်။ ဂျပန်ကလည်း ၀န် ကြီးသားဖြစ်တဲ့အတွက် သေသေချာချာ ကြိုဆိုတယ်။ သူကလည်း ဟိုရောက် တော့ အလုပ်လလေးဘာလေးလုပ်ဖို့အ တွက်ပေါ့နော်။ သူကလည်း သူ့အစီအစဉ် နဲ့သူအလုပ်လုပ်ဖို့။ အဲ့ဒါ ဂျပန်မှာ နေရာ လေးဘာလေးပဲ စီစဉ်ခိုင်းတာ။ အဲ့သလို သူ့သားလုပ်တာကို ဦးရွှေရဲ့ အရှိန်ကိုသုံး တယ်။ ပြီးတော့ အဲ့ဒါကို ဦးနေ၀င်းက လာဘ်ပေးလာဘ်ယူနွယ်တယ်။ ကိုယ်ရေး ကိုယ်တာနွယ်တယ်၊ အဲ့ဒါမင်းထွက်တဲ့။ ၀န်ကြီးရွှေကို အဲ့သလို စွပ်စွဲပြီး တရားစွဲ။ အဲ့ဒီမှာ တရားရုံးက စစ်ဆေးတော့လည်း ဘာမှအပြစ်မရှိဘူးဆိုတာ ပြောတာပဲ။ တရားရုံးကလုံးဝ အပြစ်မရှိဘူးဆိုတာ ဆုံး ဖြတ်ပြီး အမှုလွှတ်လာတာပဲ။ ဒါပေမယ့် ဦးနေ၀င်းက ပျက်သွားတဲ့ကြိုး ပြန်ဆက် ရင် အဖုအထုံးဖြစ်တယ်။ အဲ့ဒါ မင်းထွက် ဆိုပြီးဖယ်လိုက်တာပဲ။ နောက်တစ်ယောက် က ကိုစံဝင်း ဘဘတို့ မဆလခေတ်တုန်း က ၀န်ကြီးဌာနတွေက အစိုးရတွေဆီက ငွေချေးတဲ့အခါ ပြန်ဆပ်ရင် အမြတ် တစ် ကျပ်ပို့ပေးရတယ်။ တစ်ရာချေးရင် တစ်ရာ့တစ်ကျပ်ပေါ့နော်။ အမြတ်ကြိုက် သလောက်များ။ ဒါပေမယ့် တစ်ကျပ် အောက်တော့ လျှော့လို့မရဘူး။ အဲ့ဒီ တုန်းက ကုန်သွယ်ရေးဝန်ကြီး ဦးစံဝင်း လာမယ့် ဒီဇင်ဘာ ခရစ်စမတ်မှာ ကပွဲ သဘောမျိုးလေးလုပ်ပြီး ပိုက်ဆံရှာမယ် ပေါ့။ အဲ့ဒါကို ၀န်ကြီးများအဖွဲ့ ကက်ဘိ နက်အစည်းအဝေးကို တင်ပြတော့လည်း ခွင့်ပြုတယ်။ အဲ့ဒါလုပ်တာက အင်းယား လိတ်မှာလုပ်တယ်။ အဲ့ဒါသူ့အိမ်နဲ့လည်း နီးတယ်။ အဲဒီမှာ ဒီခရစ်စမတ်ပွဲကိုသူ့ သမီးတွေကို မသွားဖို့သူက တားထား တယ်။ ဒါပေမယ့် သူ့သမီးတွေက သူမသိ အောင် ခိုးထွက်ပြီးလာတာ ဦးနေ၀င်း သိလည်းသိရော သူ့တပည့်တွေခေါ် ဂျစ်ကားနဲ့သွားပြီးတော့ ကပွဲဝိုင်းမှာ ၀ိုင်း ရိုက်ပါလေရော။ သမ္မတနဲ့ လူကြမ်းအဖွဲ့ ဆိုတာ ကြားဖူးမှာပေါ့။ ဦးနေ၀င်းကိုယ် တိုင်ခေါင်းဆောင်ပြီး ၀င်ရိုက်တာတို့ ပစ္စည်းတွေရိုက်ချိုးတာတို့လုပ်။ အဲ့သလို ဖြစ်တုန်းကလည်း လူထုက သိပ်ဘ၀င် မကျခဲ့ဘူး။ နောက်ပိုင်းကျတော့ ဒီကိစ္စ မင်းမှာတာဝန်ရှိတယ်ဆိုပြီး ကိုစံဝင်းကို ဖယ်လိုက်တာပါတဲ့။ ကိုစံဝင်းကိုယ်တိုင် လည်း ၀န်ကြီးများအဖွဲ့ ခွင့်ပြုချက်နဲ့ လုပ်ခဲ့တာပဲလေ။

မေးခွန်းများအား အထက်ပါ အတိုင်း ပြန်လည်ပြောကြားပေးသွားခဲ့ သည်။ ဗိုလ်ချုပ်ကြီး သူရတင်ဦးသည် ၂၆-၂-၁၉၄၆ခုနှစ်မှစတင်ကာ ဒုတိယ ဗိုလ်အဆင့်မှစ၍ တာဝန်အသီးသီး ဒေသအသွယ်သွယ်တာဝန်ထမ်းဆောင်ခဲ့ ပြီး ၁၉၇၆ ခုနှစ် မတ်လ (၆)ရက်နေ့၌ နိုင်ငံတော်ကော်စီ၏ ကြော်ငြာချက်အရ ကာကွယ်ရေးဦးစီးချုပ် အဖြစ်မှ ရပ်စဲခြင်း ခံခဲ့ရပြီး ပြန်လည်တည်တော်လှန်ရန် လာ ရောက်ပြောကြားသော တိုင်းမှူးများအား ဖျောင်းဖျ၍ ငြိမ်းငြိမ်းချမ်းချမ်း နေရန် ပြောဆိုလွှတ်လိုက်သော်လည်း အထက် သို့ တင်ပြခြင်းမရှိခဲ့သည်ဟုဆိုကာ နိုင်ငံ တော်သစ္စာဖောက်ဖျက်မှုအား ထိန်ချိန် ခဲ့သည်ဟု စွဲချက်တင်ပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၄ အရ အလုပ်နှင့်ထောင် ဒဏ် (၇)နှစ်ကျခံစေ၇န် ၁၁-၁-၇၇တွင် ဦးအုံးမောင် တိုင်းတရားသူကြီးအဖွဲ့မှ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သော တရားစီ ရင်ရေးအဖွဲ့မှ အပြစ်ကျခံစေရန် အမိန့် ချခဲ့ပြီး ဗိုလ်ချုပ်ကြီး တင်ဦး၏ အယူခံ တင်သွင်းချက်အားလည်း ဦးစိုးလှိုင် ပြည် သူ့တရားသူကြီးအဖွဲ့ အဖွဲ့ဝင်မှ ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်သော ဗဟိုတရားစီရင် ရေးအဖွဲ့မှ ၂၀-၈-၇၇ တွင်ပယ်ချခဲ့ပြီး အမိန့်နှင့်ပြစ်ဒဏ်များကို အတည်ပြုခဲ့ သည်။

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template