- NAING NAING SANAY MYANMAR NEWS
Headlines News :

Tuesday, August 14, 2012

ဘင်္ဂလီအရေးလား လူ့အခွင့်အရေးလား - အပိုင်း (၆)


ရခိုင်ပြည်နယ် ကျောက်တော်မြို့ အခင်းဖြစ်ပွားရာ နေရာများတွင် လုံခြုံရေးဆောင်ရွက်နေသော မြန်မာစစ်သားများ (ဓါတ်ပုံ - VOA)
ဆောင်းပါးရှင် - ဗိုလ်မှူးကျော်ကျော်ခိုင်
ဘင်္ဂလီအရေးလား လူ့အခွင့်အရေးလား - အပိုင်း (၅) ကို ဒီနေရာတွင် နှိပ်၍ ပြန်လည် ဖတ်ရှုနိုင်ပါသည်။
အခု ဘင်္ဂလီအရေးနဲ့ ပတ်သက်တဲ့ ဆောင်းပါးကို စာရေးသူ ရေးသားရာမှာ ရည်ရွယ်ချက်က မောင်တော ဘူးသီးတောင်ဒေသမှ ဘင်္ဂလီများရဲ့ အကြံအစည် လုပ်ဆောင်ချက်တွေဟာ တိုင်းရင်းသား ရခိုင်လူမျိုးနဲ့ မြန်မာနိုင်ငံတစ်ခုလုံးအပေါ်မှာ အန္တရာယ်ရှိနိုင်တာကြောင့် (သံသယမဟုတ်ပါ) ပြည်သူအများသိရှိနိုင်စေဖို့ မြန်မာနိုင်ငံသားတဦးရဲ့ အမျိုးသားရေးတာဝန်အတိုင်း မှန်မှန်ကန်ကန်နဲ့ တင်ပြခဲ့တာဖြစ်ပါတယ်။ ရှုထောင့်တစ်ခုတည်းကနေ ဆွဲရေးတာမျိုးလည်း မဟုတ်သလို အခု အရေးအခင်းဖြစ်ပေါ်လာမှ ထရေးတဲ့ဆောင်းပါးမျိုးလည်း မဟုတ်ပါဘူး။ ယခင်နှစ်များစွာကပင် မြန်မာပြည်အနှံ့ တာဝန်ထမ်းဆောင်ခဲ့စဉ်ကတည်းက နယ်မြေဒေသ observation လုပ်ပြီး သိရှိထားချက်များအပေါ် အခြေခံကာ ရေးသားတင်ပြထားခြင်းဖြစ်ပါတယ်။ ယခုအခါမှာ ပြည်သူလူထုအားလုံး ဘင်္ဂလီတွေရဲ့စိတ်ဓါတ် အမူအကျင့် အပြုအမူများကို မျက်မြင်ကိုယ်တွေ့ သိရှိခဲ့ကြရပြီးဖြစ်ပါတယ်။ ပြည်တွင်းဘင်္ဂလီခေါင်းဆောင်ပိုင်း၊ နိုင်ငံတကာ ဘင်္ဂလီခေါင်းဆောင်ပိုင်း၊ တဘက်နိုင်ငံနှင့် ဘူးသီးတောင် မောင်တောဒေသခံ ဘာသာရေးခေါင်းဆောင်များ၊ ရွာစဉ်လှည့်နေသော မော်လဝီများ၏ လှုံ့ဆော်သွေးထိုးမူများကြောင့် လက်ရှိအခြေအနေအရတော့ သူတို့အားလုံးသည် ဦးနှောက်အဆေးခံထားရသည့်သူများ ဖြစ်နေတာကိုလည်း တွေ့ရပါတယ်။ လူသားအဖြစ် လူသားဆန်ဆန် စာရေးသူအနေနှင့် မြင်ပါသော်လည်း ထိုလူသားများကား မြန်မာနိုင်ငံနှင့် ပြည်သူလူထုအပေါ် တချိန်မှာ ဒုက္ခပေးနိုင်မည့် အန္တရာယ်လူသားများ ဖြစ်လာနိုင်ချေရှိနေသဖြင့် စာရေးသူ ဤမျှသတိပေးရေးသားနေခြင်း ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်းရှိ ပဋိပက္ခ ဖြစ်ပွားရာ နေရာများ
ဘင်္ဂလီတွေရဲ့ အကြောင်းတွေကို မှန်မှန်ကန်ကန် ထုတ်ဖေါ်ကြတဲ့အခါမှာ၎င်း၊ ဘင်္ဂလီတွေရဲ့ လုပ်ဇာတ်ထွင်လိမ်လည်မူတွေနဲ့ ရက်စက်ယုတ်မာမူတွေကို ပြောဆိုကြတဲ့အခါမှာ၎င်း၊ သူတို့ဘက်ကလည်း ယခုအခါ ကမ္ဘာမှာမျက်လှည့်ပြနေတဲ့ သူတို့ရဲ့ဗီဇအတိုင်း သူတို့အကြောင်းအား ရေးသူပြောသူ ဖေါ်ထုတ်သူတွေကို ယဉ်ကျေးမှုမရှိသလိုလို လူ့အခွင့်အရေး နားမလည်သလိုလို တဘက်သတ် ရေးနေသလိုလို ဘာသာရေးတိုက်ပွဲလိုလို ပြန်လည်တုံ့ပြန်ကြပါတယ်။ ဒီိနေရာမှာလည်း ကြားဖြတ်တင်ပြချင်တာတစ်ခုက ဒီနေ့ကမ္ဘာမှာ ပြောပြောနေတဲ့ လူ့အခွင့်အရေးနဲ့ သူတို့ပြောနေလိုချင်နေတဲ့ လူ့အခွင့်အရေး မတူဘူးဆိုတာကိုလည်း သဘောပေါက်စေချင်ပါတယ်။ ဥပမာ မလေးဝန်ကြီးချူပ် Najib Razak ရဲ့စကားလေးကို တင်ပြပါမယ်။ “လူ့အခွင့်အရေးများကို အစ္စလာမ်တရားတော် ဘောင်အတွင်းမှ သတ်မှတ်ပြဌာန်းခြင်းကို ထောက်ခံ” ကြောင်းလည်း ပြောကြားပါတယ်။ “Pluralism၊ Liberalism အစရှိတဲ့ အနောက်တိုင်းဝါဒများဟာ အစ္စလာမ်တရားတော်နဲ့ ဆန့်ကျင်နေပြီး အဲဒီဝါဒတွေကို တိုက်ခိုက်ဖို့ရာ မလုပ်မနေရတာဝန်” ဖြစ်တယ်လို့လည်း ထပ်လောင်းပြောသွားပါတယ်။ ဒါကြောင့်လည်း ဘင်္ဂလီတွေရဲ့အကြောင်းကို တင်ပြရတဲ့အခါမှာ လူမျိုးရေး ဘာသာရေးလိုလို ဖြစ်သွားတတ်တဲ့အတွက် သတိထားပြီးတော့ အတတ်နိုင်ဆုံး ချောမွေ့အောင် ရေးသားတင်ပြခဲ့ပါတယ်။
စာရေးသူအနေနဲ့တော့ ဘာသာရေး လူမျိုးရေးကို အဓိကမထားပဲ သူတို့ဘာတွေလဲ၊ ဘာတွေလုပ်ခဲ့ကြလဲ၊ ယခုဘာတွေလုပ်နေကြသလဲ၊ နောင်မှာ ဘာတွေကြံစည်လုပ်ကြဦးမှာလဲ၊ မြန်မာနိုင်ငံတော်နဲ့ အမျိုးဘာသာအတွက် ဘယ်လို အန္တရာယ်တွေပေးနိုင်သလဲ ဆိုတာတွေကို ကြိုတင်မျှော်တွေးပြီး အဓိကထား ရေးသားတင်ပြပါတယ်။ လှံဖျား ပုဇဉ်းနား ကျီးကန်းချေးပါတာ မဟုတ်ပါဘူး။ သနပ်ခါးကျောက်ပြင်တစ်ခုကို ကြည့်ပါ။ သနပ်ခါးတုံးနှင့် ပွတ်တိုက်သွေးပြီး ကျောက်ပြင်ရဲ့ မျက်နှာပြင်ဟာ အစားခံနေရတာကိုတော့ ချက်ခြင်းမမြင်နိုင်ပါ။ ကျောက်မျက်နှာပြင် အစားခံနေရတာကိုလည်း ဒီလိုမမြင်နိုင်တော့ ပြောလည်း ယုံချင်မှယုံကြမှာဖြစ်ပါတယ်။ နှစ်ပေါင်းများစွာကြာမှ ကျောက်ပြင်ရဲ့ နဂိုက မို့မောက်နေတဲ့ မျက်နှာပြင်ဟာ တတိတိနဲ့ အတိုက်စားခံရပါများသောကြောင့် အလယ်က ချိုင့်သွားတာကိုမြင်ရမှ ကျောက်ပြင်ကို အစားခံရတာသိနိုင်ပါတယ်။ ကျောက်ပြင်မကောင်းတော့ရင် အသစ်ဝယ်လိုက်ရုံပေါ့။ ဒါပေမယ့် လူမြိုလူစားခံရတာကျတော့ အသစ်ဝယ်ပေးလို့မရပါဘူး။ အခုကိုပဲ အင်္ဂလိပ်ခေတ်က ရိုဟင်ဂျာလို့ စာရင်းမရှိတဲ့ လယ်ကူလီနဲ့ ဝင်လာတဲ့ ဘင်္ဂလီတွေက မောင်တော ဘူးသီးတောင်မှာ ၉၀% ကျော် ရှိနေပြီဖြစ်ပါတယ်။ အချို့ဆို အရေးအခင်းဖြစ်လို့ ရခိုင်တိုင်းရင်းသားတွေ အနိုင်ကျင့်ခံရတော့မှ ကျောက်ပြင်စားသွားတာ မြင်မိကြတော့တယ်။ သတိပေးချင်တဲ့ အချက်လေးတစ်ခုပါ။
ဘင်္ဂလီအရေးလား လူ့အခွင့်အရေးလား - အပိုင်း (၇) ကို လာမယ့် တနင်္လာနေ့ ၁၃.၈.၂၀၁၂တွင် စည်းလုံးခြင်းရဲ့ အင်အား ဝက်ဘ်ဆိုဒ် www.photayokeking.org မှ ဆက်လက်တင်ဆက်ပေးသွားပါမည်။

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template