- NAING NAING SANAY MYANMAR NEWS
Headlines News :

Saturday, September 1, 2012

ဦးသိန်းစိန် ထောင်ဒဏ်ခံရသူများကို လွတ်ပေးပြီး ရခိုင်များအား ဆက်လက်ထိမ်းသိမ်းထား 

 

 ဦးသိန်းစိန်သည် ရခိုင်ပြည်နယ်အတွင်း
ဇွန်လ (၈) ရက်နေ့က စတင်သည့်
ဘင်္ဂလီများ၏ အကြမ်းဖက် သောင်း
ကျန်းမှုကာလတွင် တိုက်ရိုက်ဆက်နွယ်
နေမှုဖြင့် ၂၄ ရက်နေ့က ထောင်ဒဏ်အပြစ်

ပေးထားသည့် ဘင်္ဂလီများကို ယမန်နေ့က လွှတ်ပေးခဲ့ပြီး ဒေသခံ ရခိုင်အမျိုးသားများကို
မျက်ကွက်ပြု ခွဲခြားဆက်ဆံ ခံနေရကြောင်း မောင်တောမြို့မှ ကျောင်းဆရာတစ်ဦးက
ပြောသည်။

" အကြမ်းဖက်မှု တစ်ခုလုံးကို ကြိုးကိုင်ခဲ့တဲ့ ခင်မောင် (ခ) အဏ္ဏ၀ါဆာဒတ်ကို ထောင်ဒဏ် (၃)နှစ်၊ ခင်မောင်ဆွေ (ခ) တာရတ်ကို (၂)နှစ်နဲ့ ချိုလေးမာခါတုန်ကို ထောင်ဒဏ်(၆)နှစ် သောကြာ (၂၄)

ရက်နေ့က မောင်တောတရားရုံးက ချမှတ်ခဲ့ပါတယ်၊

အဲသူတွေကို နိုင်ငံတော်သမ္မတ အမိန့်နဲ့ဆိုပြီး မနေ့မနက်ပိုင်းက လွတ်ငြိမ်းချမ်းသာခွင့်တဲ့ဆိုပြီး လွတ်ပေးလိုက်ပါတယ်၊ ဘယ်ပုံစံဥပဒေလဲမသိဘူး၊ သူတို့က UNHCRကနှစ်ယောက်နဲ့ INGOက တယောက်ပါ။ " ဟု အမည်မဖေါ်လိုသူ ကျောင်းဆရာက ဝေဖန်ပြောဆိုလိုက်သည်။


ဆက်လက်ပြီး သူက " သောင်းကျန်းသူတွေက ကုလားတွေ၊ ဒါနဲ့ဆက်စပ်ပြီး ဘာမှအပြစ်မလုပ်တဲ့ ရခိုင်အမျိုးသားတွေကို နေရာအနှံမှာ အများကြီး ဖမ်းထားတာတွေရှိတယ်။ ထောင်ဒဏ်သာပေးနေတယ်။ ပြန်လွတ်သူဘယ်သူ့ကိုမှ မတွေ့သေးဘူး။ ရခိုင်ပြည်နဲ့ လူထုတွေ ကျိန်စာသင့်နေသလို ဖြစ်နေတယ်။


သမ္မတလွတ်ငြိမ်းချမ်းသာခွင့်လည်းမရှိ၊ တရားဥပဒေမှာဘက်လိုက်မှုရှိနေတယ်။ UNHCR လည်း ခုလိုဘက်လိုက်ခဲ့လို့ ဒီပြဿနာတွေ ပေါ်ခဲ့ပြီးပြီ၊ ကျွန်တော်တို့ ရခိုင်တွေ မြန်မာပြည်သားဖြစ်တယ်။



ရခိုင်ပြည်မှာနေပြီး အမြဲတမ်း ဘက်လိုက်မှုတွေချဉ်း ခံနေရတာ စိတ်နာဖို့ကောင်းပါတယ်။ နိုင်ငံခြားသားက အပြစ်ရှိတာတောင် သမ္မတလွတ်ငြိမ်းချမ်းသာခွင့် ရတယ်တဲ့လားဗျာ။ နိုင်ငံတကာက အရေးအခင်းအတွင်းမှာ ရခိုင်က ကုလားကိုသတ်ဖြတ်နေတယ်လို့ အကြမ်းဖက်သမားတွေ ပြောဆိုခဲ့တာကို အမှန်အတိုင်းဖြစ်သွားစေတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ " ဟု ဆိုသည်။


ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်သောင်းကျန်းမှုကို ဖန်တီးခဲ့၍ ထောင်ဒဏ်အပြစ်မှ လွတ်ငြိမ်းချမ်းသာခွင့် ရရှိသွားသော အဏ္ဏဝါ ဆာဒတ်အား ပြစ်မှုဆိုင်ရာ ပုဒ်မ ၁၅၃ (က)နှင့် ၅၀၅ (ဂ) ပြစ်မှုနှစ်ခုအတွက် ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ကြောင်း၊ နိုင်ငံခြားငွေလဲလှယ်မှု စည်းမျဉ်းဥပဒေပုဒ်မ ၂၄ (၁) အရ တစ်နှစ်၊ ပြစ်မှုကျူးလွန်ခဲ့သူ တာရက် ကို ဥပဒေပုဒ်မ ၁၅၃ (က)နှင့် ပြစ်မှု ပုဒ်မ ၅၀၅ (ဂ) ပြစ်မှုတစ်ခုကို (၂)နှစ် ထောင်ဒဏ်ဖြစ်သော်လည်း တပေါင်းတည်း ကျခံစေဆုံးဖြတ်မှုကြောင့် ထောင်ဒဏ် (၂)နှစ်၊ ဒေါ်ချိုလေးမာခါတုန် ကို ဥပဒေပုဒ်မ ၁၅၃ (က) အရ (၂)နှစ်နှင့် ဥပဒေပုဒ်မ ၄၃၆/၁၀၉နှင့် နိုင်ငံခြားငွေလဲလှယ်မှု စည်းမျဉ်း သတ်မှတ်ရေး ဥပဒေပုဒ်မ ၂၄(၁) အရ ထောင်ဒဏ် (၁)နှစ် ထောင်ဒဏ်ပြစ်မှုများကို တပေါင်းတည်း ကျခံစေဟု စီရင်ချက်ကြောင့် (၆)နှစ်ချမှတ်ကြောင်း သိရှိရသည်။


ယင်းပဋိပက္ခ ကာလအတွင်း နိုင်ငံတကာ NGO ၀န်ထမ်း ၁၀ ယောက် ဆက်နွယ်မှုများ ရှိခဲ့သည်ဟု သံသယဖြင့် ဖမ်းဆီးထားခဲ့ရာမှ ၃ ဦးကိုထောင်ဒဏ်ချမှတ်ခြင်းဖြစ်ပြီး ကျန်ဝန်ထမ်း ၇ ဦးကို အစောင်ပိုင်းက အဖြတ်လိုက် လွှတ်ပေးခဲ့ကြောင်းနှင့် သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်အရ ထပ်မံလွတ်ပေးလိုက်ခြင်းဖြစ်သည်။


ထောင်ဒဏ်စီရင် ချမှတ်ခံခဲ့ရသူ (၃) ဦးမှာ ယင်းပဋိပက္ခအတွင်း တစ်နည်းနည်းဖြင့် ပါဝင်ပတ်သက် ကြိုးကိုင်မှုများ ရှိခဲ့ကြောင်း ရခိုင်ပြည်နယ် ယင်းအရေးအခင်းနှင့် ပတ်သက်၍ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်၊ ပြည်နယ် ဥပဒေရေးရာ ကော်မတီဥက္ကဋ္ဌလည်းဖြစ်သော ဦးလှသိန်းက VOA သို့ ဖြေကြားချက်အရ သိရသည်။


ထောင်ဒဏ်အပြစ်ပေးခံခဲ့ရသော UNHCR ၀န်ထမ်းများအား စွဲချက်များမှာ ဥပဒေ ပုဒ်မ ၁၅၃(က)အရ လူမျိုးစုတစ်ဖွဲ့နှင့် တစ်ဖွဲ့အကြား ရန်တိုက်ပေးခြင်း၊ ဥပဒေ ပုဒ်မ ၅၀၅(ဂ)အရ အများပြည်သူများ အကျိုးစီးပွားပျက်ပြားစေမှုကို ဖြစ်စေသောပြစ်မှု၊ ခိုက်ရန်ဖြစ်ပွားအောင် ရန်တိုက်ပေးမှုများ အပါအ၀င် ဥပဒေ ပုဒ်မ ၄၃၆/၁၀၉ အရ မီးဖြင့်ဖြစ်စေ၊ ပေါက်ကွဲစေတတ်သော ပစ္စည်းဖြင့်ဖြစ်စေ ဖြစ်ပေါ်လာအောင် အားပေးအားမြှောက်ပြုမှုနှင့် မီးရှို့ဖျက်ဆီးမှုများ ဖြစ်မြောက်အောင် လုပ်ဆောင်မှုများဖြင့် စွဲချက်ခဲ့ကြောင်း သူကရှင်းပြခဲ့သည်။


မြန်မာအစိုးရက ထောင်ဒဏ်ချမှတ်လိုက်သော UNHCR ၀န်ထမ်း ၃ ဦးမှာ ရခိုင်ပြည်နယ်နေ မူဆလင်ဘာသာဝင်များဖြစ်ကြောင်းနှင့် မောင်တောမြို့နယ်တွင် တာဝန်ထမ်းဆောင်နေသော ၀န်ထမ်းများဖြစ်ကြောင်း ပြောသည်။


သက်ဆိုင်ရာက ထောင်ဒဏ်ချမှတ် ခံခဲ့ရသူများအပေါ် အသေးစိပ်စီစစ်ကာ စစ်ဆေးမေးမြန်းမှုများ အတန်ကြာပြုလုပ်ပြီး စီရင်ချ ချမှတ်ခဲ့ခြင်းဖြစ်သော်လည်း ဦးသိန်းစိန်က အလွယ်တကူ လွတ်ပေးခြင်းအပေါ် အရေးအခင်းတွင် ကျဆုံးသွားခဲ့သူများ၏ မိသားစုဝင်များ၊ မောင်တောနှင့် ဘူးသီးတောင်မြို့နှင့် တခြားမြို့များမှ ရခိုင်လူထုများ မကြေနပ်မှုများ ဖြစ်ကြကြောင်း ကျောင်းဆရာက သုံးသပ် ရှင်းပြသည်။


ထို့ပြင် ရခိုင်ပြည်နယ် ပဋိပက္ခနှင့် ဆက်နွယ်မှုများရှိသည့်အပြင် ဦးသိန်းစိန် လွတ်ပေးလိုက်သည့် ၀န်ထမ်းများနှင့် တိုက်ရိုက် ဆက်နွယ်မှုရှိသော ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကော့စ်ဘဇားခရိုင်အတွင်းမှ မူဆလင်ဘာသာရေး အစွန်းရောက် ခေါင်းဆောင် (၁၀)ဦးအား အာမခံဖြင့် လွှတ်ပေးလိုက်ကြောင်း သိရှိရသည်။


ယင်း ကော့စ်ဘဇားခရိုင်အတွင်းမှ ၁၀ ဦးမှာ ပန်းဝါမြို့ဗလီအုပ်၊ ကော့စ်ဘဇားမြို့ဗလီအုပ်၊ ကော့စ်ဘဇားမြို့ရှိ အီစ္စလာမ်မိတ်ဆေးရုံအုပ်၊ အီစ္စလာမ်မိတ်ဘဏ်အုပ်၊ နီလာမြို့ဗလီအုပ်နှင့် အီစ္စလာမ်မိတ်အဖွဲ့အစည်းနှစ်ခုမှ ခေါင်းဆောင်ကြီးများဖြစ်ကြသည်။


ကုလသမဂ္ဂ အနေဖြင့် ဦးသိန်းစိန် အမိန့်အာဏာဖြင့် လွတ်ပေးခဲ့သော ကုလ၀န်ထမ်းများအတွက် ကြိုဆိုကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး တွဲဘက်ပြောခွင့်ရ Faran Haq က ယမန်နေ့က ပြောဆိုလိုက်သည်။


လွတ်မြောက်သော ဦးခင်ရွှေမှာ ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် WFP၏ ၀န်ထမ်းတဦးဖြစ်ကြောင်း၊ ထောင်ဒဏ်သုံးနှစ် ချမှတ်ခံရသော ဦးခင်မောင်ဟာ UNHCR ကုလသမဂ္ဂ မဟာမင်းကြီးရုံး၏ ၀န်ထမ်းဖြစ်ကြောင်းနှင့် ထောင်ဒဏ်ခြောက်နှစ်ချမှတ်ခံရသူ ဒေါ်ချိုလေးမာခါတုန်မှာ CSSEP အမည်ရှိ ရပ်ရွာလူထုဖွံ့ဖြိုးရေး စီမံချက်က ၀န်ထမ်းများ ဖြစ်ကြသည်။


ကျောင်းဆရာက " မနေ့က မောင်တောလူထုတွေ အရမ်းစိုးရိမ်ခဲ့ကြပါတယ်၊ ကြောက်စိတ်တွေလွမ်းပြီး ရုတ်ရုတ်သဲသဲတောင် ဖြစ်ခဲ့တဲ့ မိသားစုတွေ ရှိခဲ့တယ်။ လွတ်သွားတဲ့သူတွေက လူကြီးတွေဆိုတော့ အကြမ်းဖက်မှုတွေကို ထပ်ကာဖန်တီးပြုလုပ်နိုင်တယ်လို့ ယူဆကြ တယ်။

 ပြီးတော့ ဒီလိုလုပ်တာက ကုလားတွေကို အရေးအခင်းဖြစ်ခဲ့တာ အမှန်ဘက်သို့ရောက်စေပြီး ဒေသခံတွေကို အမှားသို့ တွန်းပို့ရာ သက်ရောက်သွားပါတယ်၊ အရင်ကတည်းက ဒီမှာအခြေချနေချင်တဲ့သူမရှိဖြစ်နေချိန်မှာ ပို့ဆိုးသွားတဲ့ အခြေအနေရှိပါတယ်။ " ဟု ဆက်လက် ရှင်းသည်။

အရေးအခင်းကာလ ပထမဆုံး ဓါတ်၊ ဗီဒီယိုနှင့် သတင်းအမှားများ နိုင်ငံတကာသို့ ပေးပို့မှုနှင့် အကြမ်းဖက်ကို အဓိကဆောင်ရွက်ခဲ့သော ဒေါက်တာ ထွန်းအောင်(နရုဟောက်)အား လွတ်ပေးမည့်သတင်းများ မောင်တောတွင် ဖြစ်ပေါ်နေကြောင်း သိရှိရသည်။


ရခိုင်ပြည်နယ်အတွင်း ဇွန်လ ၈ ရက်နေ့က စတင်ခဲ့သည့် ပဋိပက္ခတွင် နေအိမ်စုစုပေါင်း (၂၈၂၅)အိမ်၊ သေဆုံးသူ ၁၀၀ ဦးခန့်၊ ဒဏ်ရာရရှိခဲ့သူ (၃၈)ဦး၊ ဘုန်းတော်ကြီးကျောင်း (၉) ကျောင်း၊ ဗလီကျောင်း (၇) ခု၊ ဒုက္ခသည်စခန်း (၃၇) နေရာရှိခဲ့ကြောင်းနှင့် ဒုက္ခသည် စုစုပေါင်း (၉၀၀၀၀) ခန့်ရှိခဲ့ကြောင်း သိရှိရသည်။


Arakan Times

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template