- NAING NAING SANAY MYANMAR NEWS
Headlines News :

Saturday, September 22, 2012

KIA မှ ၀ရာဘွမ်တွင် သူနာပြုဆရာမများအား ဆေးဝါးကုသရေးမွမ်းမံသင်တန်းဖွင့်ပေး





ကေအိုင်အေအဖွဲ့ ဗဟိုဌာနချုပ်(လိုင်ဇာ)မှ သူနာပြုဆရာမ နည်းပြ(၂)ဦး သည် ကေအိုင်အေ တပ်မဟာ (၃) နဲ့ လက်အောက်ခံတပ်ရင်းတွေမှာရှိတဲ့ ကျန်းမာရေးဆေးပေးခန်း တာဝန်ခံ ဆရာမများ စုစုပေါင်း (၂၀) ဦး တို့ကို ၀ရာဘွမ်ရှိ ဆေးပေးခန်းတွင် ဆေးဝါးကုသရေးနှင့် ကျန်းမာရေးဆိုင်ရာ သင်ခန်းစာများပို့ ချပေး ခဲ့ကြောင်း သိရပါ သည်။ 


အဆိုပါသင်တန်းကို စက်တင်ဘာလ(၁၀)ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီးတော့ စက်တင်ဘာလ (၂၀) ရက်နေ့မှာ သင်တန်း ပြီးဆုံးလို့ သင်တန်းတက်ရောက်ခဲ့တဲ့ သူနာပြုဆရာမတွေဟာ သက်ဆိုင်ရာ တပ်ရင်းတွေ ကို ပြန်သွားကြောင်း သိရပါတယ်။ 

KIA နဲ့ အစိုးရတပ်များအကြား တိုက်ပွဲများကြာမြင့်လာတာနဲ့အမျှ နှစ်ဖက်အထိအခိုက် အကျ အဆုံး တွေများ     လာ ခဲ့ပါတယ်။ KIA အဖွဲ့ဝင်တွေအနေနဲ့  ငွေကြေးမထောက်ပံ့မှုတွေ လက်နက်ခဲယမ်း မပြည့် စုံမှုနဲ့ ဆေးဝါးရိက္ခာ ပြတ်တောက်မှု ဒဏ် တွေကို ကြုံတွေ့နေရပါတယ်။

အခုလိုသင်တန်းမွမ်းမံ ထပ်မံပေးရတဲ့ ရည်ရွယ်ချက်ကတော့ “သူနာပြုဆရာမအရေအတွက် မလုံလောက်တဲ့အခြေအနေမှာ ဒဏ်ရာရတဲ့ စစ်သည် အရေအတွက် ပိုမိုများပြားလာတဲ့အတွက် ရှိပြီးသား သူနာပြုဆရာမများအနေနဲ့ ကုသနည်းတွေကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ လျင်လျင်မြန်မြန် လုပ်ဆောင်နိုင်စေဖို့ပဲ ဖြစ်တယ်လို့” အဆိုပါသူနာပြုသင်တန်းဆင်းပွဲမှာ နည်းပြဆရာမ တစ်ဦး မှ ပြော ကြား သွားခဲ့ပါတယ်။

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template