KIA တပ်ဖွဲ့ဝင် တစ်ဦးရဲ့ ရင်တွင်းခံစားချက်
ကချင်ပြည်နယ်အတွင်း
၂၀၁၁ ဇွန်လအတွင်း စတင်ဖြစ်ပွားခဲ့သော စစ်ပွဲကြောင့် တိုင်းရင်းသားတွေ အားလုံး စားဝတ်နေရေး
ဒုက္ခနှင့် အသက်ဘေးအန္တရာယ် မလုံခြုံမှုများ ဖြစ်ပေါ်လျက်ရှိတယ်။ ငြိမ်းချမ်းရေး မျက်ကွယ်
ပြုပြီး စစ်ပွဲကို အဆက်မပြတ်ဖန်တီးနေသော KIA အဖွဲ့ကြောင့် ပြည်သူတွေရော စစ်ပွဲအတွင်း
ပါဝင်ခဲ့တဲ့ ကချင် လူငယ်တွေပါသေကြေပျက်စီးမှု၊ ထိခိုက်ဒဏ်ရာရရှိမှုတွေများလားတာကြောင့်
KIA အဖွဲ့ တွင်း လူအင်အား လျော့နည်းမှုပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။
ဒါကြောင့် ရနိုင်သမျှနည်းနဲ့ လူအင်အားဖြည့်တင်းနေရာက
အသက်အရွယ်ကြီးရင့်လို့ နှုတ်ထွက်ခွင့်ပြု ထားတဲ့ လူဟောင်းတွေကို နီးစပ်ရာ KIA တပ်ရင်းတွေမှာ
သွားရောက်ဆက်သွယ်ဖို့ ညွှန်ကြား လာခဲ့ကြောင်း သိရတဲ့အတွက် KIA ကထွက်လာပြီး အေးချမ်းစွာနေထိုင်တဲ့
အဘ ဘရန်နူးရဲ့ သဘောထား ကို မေးကြည့်ခဲ့ပါတယ်..
``
ငါ့တူရယ် အဘတို့လဲ အရင်ထဲက KIA ထဲမှာနေလာတာ သက်တမ်းတစ်ခုလောက်ကြာခဲ့ပါပြီ.. တို့တွေရှိစဉ်
ကာလမှာလဲ ဒုက္ခပေါင်းစုံနဲ့ ခိုင်းတာတွေလုပ်ခဲ့ပြီး မသေလို့ ကျန်နေခဲ့တာပါ။ အခုလဲ စစ်ပွဲတွေကြောင့်
တို့ကချင်လူငယ်တွေ အများကြီး သေကြေ၊ ပျက်စီးခဲ့ရပြီ။ ဒါတင်မက တို့လို အသက်ကြီးနေတဲ့လူတွေကို
သေတွင်းပို့ဖို့ ထပ်လုပ်နေပြန်ပြီ။ တို့တွေ သက်တမ်းတစ်ခုလုံး တိုက်လာခဲ့တာလဲ မပြီးနိုင်ဘူး။
အခုတစ်ခါ သားသမီး လူငယ်တွေကိုပါ ၀မ်ပေါင်နိုင်ငံတော်ထူထောင်မယ်လို့
အကြောင်းပြပြီး နောက်ထပ် မျိုးဆက် သက်တမ်းတစ်ခု ဒုက္ခပင်လယ်ဝေအောင် လုပ်နေပြန်ပြီ။ အေးလေ
အဘကတော့ KIA လူကြီးတွေကို တစ်ခုတော့ပြောချင်တယ်။
သူတို့တွေရဲ့
သား/သမီးတွေ ၀မ်ပေါင်နိုင်ငံတော်အတွက် ဘယ်နေရာကနေ တိုက်ပွဲ ၀င်နေသလဲ.. ဘယ်နေရာမှာ တပ်မတော်နဲ့
တိုက်ပွဲမှာ ပါခဲ့ဘူးသလဲ.. ၀မ်ပေါင်နိုင်ငံတော်အတွက် ဘယ်လူကြီး ရဲ့ သား/သမီး အသက်စွန့်၊
ထိခိုက်ဒဏ်ရာရအောင် တိုက်ပွဲဝင်ခဲ့ဘူးသလားလို့ မေးလိုက်ချင်တယ်။ လူကြီး သား၊သမီးတွေက
စံပြရှေ့ဆောင်တိုက်ပွဲဝင်ရင် တို့သား၊ သမီးတွေ လွှတ်ပေးမယ်၊ မဟုတ်ရင်တော့ ကြိုက်သလိုလုပ်၊
ကိုယ်တိုင် လဲ မသွားဘူး၊ ကလေးတွေလဲ မလွှတ်ပေးနိုင်ဘူးတဲ့´´
KIA တပ်ဖွဲ့ဝင် တစ်ဦးရဲ့ ရင်တွင်းခံစားချက်
No comments:
Post a Comment