ကြေးနီစီမံကိန်း ပတ်ဝန်းကျင် ထိခိုက်ပါက ရင်းနှီးမြှပ်နှံမှု ရုပ်သိမ်းနိုင်ကြောင်း ဦးစိုးသိန်းပြောကြား - NAING NAING SANAY MYANMAR NEWS
Headlines News :

Sunday, September 30, 2012

ကြေးနီစီမံကိန်း ပတ်ဝန်းကျင် ထိခိုက်ပါက ရင်းနှီးမြှပ်နှံမှု ရုပ်သိမ်းနိုင်ကြောင်း ဦးစိုးသိန်းပြောကြား


နယူးယောက်၊ စက်တင်ဘာ ၃၀ ဒေသခံများ အပြင်းအထန် ကန့်ကွက်နေသော ကြေးနီတောင် စီမံကိန်းသည် ပတ်ဝန်းကျင် ထိခိုက်မှု ရှိသည်ဆိုပါက ပြန်လည် ရုပ်သိမ်း နိုင်ကြောင်း မြန်မာ့ ရင်းနှီးမြှပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းက အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့တော် တွင် ပြုလုပ်သော မြန်မာ မိသားစုများနှင့် တွေ့ဆုံပွဲတွင် ပြောကြားသည်။


ဒေသခံများ၏ ရေရှည် ဘ၀ အာမခံချက် မရှိခြင်း၊ သဘာဝတ်ဝန်းကျင် စည်းမျဉ်း စည်းကမ်းများကို လိုက်နာမှု အားနည်းခြင်း တို့ကြောင့်ဟုဆိုကာ ဒေသခံများက စီမံကိန်း ရပ်ဆိုင်းရန် တောင်းဆို နေချိန်တွင် သမ္မတကြီး၏ ခွင့်ပြုချက်ဖြင့် ပြန်လည် သုံးသပ်နိုင်ပြီး ထိုသို့ ရုပ်သိမ်း နိုင်ကြောင်း သမ္မတရုံး ၀န်ကြီးလည်းဖြစ်သူ ဦးစိုးသိန်းက ပြောကြားခြင်းဖြစ်သည်။

ယင်းစီမံကိန်းကို လုပ်ဆောင်သော ကုမ္ပဏီများ အနေနှင့် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှု ရှိနိုင်ပြီး လူမှု တာဝန် ယူမှု ပစ်ပယ် ထားခြင်း ကြောင့်လည်း ယင်းသို့သော ပြဿနာများ ဖြစ်ပွားနေရခြင်း ဖြစ်နိုင်ကြောင်း ဦးစိုးသိန်းက သုံးသပ်သည်။


"ဒီပြဿနာ ဖြစ်မယ်ဆိုတာ လွန်ခဲ့တဲ့ တစ်နှစ်နဲ့ ခြောက်လကတည်းက အမြဲပြောနေတယ်။ သို့သော်လည်း ဖြစ်တယ်"ဟု ဦးစိုးသိန်းက ဆိုသည်။


ဒေသခံ များသည် မူလက သက်ဆိုင်ရာ လျှော်ကြေးငွေများကို ကြည်ဖြူစွာ ရယူခဲ့သော်လည်း နောက်ပိုင်းတွင် လျှော်ကြေးငွေ တိုးတောင်းခြင်း စသည့် ပြဿနာများ ရှိလာပြီး စီမံကိန်းကို ရပ်ဆိုင်းရန် တောင်းဆို လာကြောင်း မြန်မာ့ စီးပွားရေး ဦးပိုင်လီမီတက်မှ အကြီးတန်းအရာရှိ ဦးဝင်းကြည်က ပြောဆိုထားသည်။


"ဒီလိုတွေ ဖြစ်လာတယ်ဆိုတာ နိုင်ငံရေး အင်အားစု တွေပါလာလို့ သွေးထိုးလှုံ့ဆော်လို့ဖြစ်ရတာပါ"
ဟု ၄င်းကဆိုသည်။

လုပ်ဆောင် နေသော ကုမ္ပဏီများအနေနှင့် လူမှုတာဝန်ယူမှုကို ကောင်းမွန်စွာ လုပ်ဆောင်ပါက ဒေသခံများ၏ ထောက်ခံမှုရရှိနိုင်ကြောင်း ဦးစိုးသိန်းက သုံးသပ်သည်။


"ကျွန်တော် ထင်တာတာ့ Error (အမှား) ရှိတယ်"ဟု ၎င်းကဆိုသည်။


သမ္မတကြီး၏ အမိန့်ဖြင့် ပြန်လည် သုံးသပ်နိုင်ကြောင်း ဦးစိုးသိန်းက ပြောဆို သော်လည်း ပြန်လည် သုံးသပ်ခြင်း၊ မသုံးသပ်ခြင်း များဆက်လက်ပြုလုပ်မည်ကိုမူ သဲကွဲစွာပြောဆိုခြင်းမရှိပေ။


ယင်းစီမံကိန်းကို မြန်မာ့စီးပွားဦးပိုင်လီမီတက်န
ှင့် တရုတ်လက်နက် ထုတ်လုပ်ရေးကုမ္ပဏီ ဟုဆိုသော ၀မ်ပေါင် တို့ ပူးတွဲလုပ်ကိုင်လျက်ရှိသည်

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template