လက်ပံတောင်းတောင်နှင့် ချင်းတွင်းအလှသဘာဝ ကာကွယ်ထိန်းသိမ်းရေး နှီးနှောဖလှယ်ပွဲကျင်းပ - NAING NAING SANAY MYANMAR NEWS
Headlines News :

Sunday, September 30, 2012

လက်ပံတောင်းတောင်နှင့် ချင်းတွင်းအလှသဘာဝ ကာကွယ်ထိန်းသိမ်းရေး နှီးနှောဖလှယ်ပွဲကျင်းပ



                                         ၂၀၁၂ခုနှစ်စက်တင်ဘာလ၃၀ရက်ကရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင်ကျင်းပသည့် လက်ပံတောင်းတောင်နှင့်ချင်းတွင်းအလှသဘာဝကာကွယ်ထိန်းသိမ်းရေး နှီးနှောဖလှယ်ပွဲတွင်   ကိုမင်းကိုနိုင် စကားပြောကြားနေစဉ်။
  ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က လက်ပံတောင်းတောင်နဲ့ ချင်းတွင်းအလှ သဘာဝ ကာကွယ်
ထိန်းသိမ်းရေး နှီးနှောဖလှယ်ပွဲကို ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပခဲ့ပြီး လက်ပံတောင်းတောင် ကြေးနီတူးဖော်ရေး စီမံကိန်း လုံးဝရပ်ဆိုင်းဖို့ သမ္မတ ဦးသိန်းစိန်ကို စုပေါင်းလက်မှတ်ထိုး တင်ပြတောင်းဆိုမယ့် လှုပ်ရှားမှုတစ်ခုကိုလည်း အဲဒီအခမ်းအနားမှာ တပြိုင်နက်တည်း ကျင်းပခဲ့ပါတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအပေါ် ထားရှိတဲ့ ဒေသခံပြည်သူတွေရဲ့ သဘောထားဆန္ဒတွေကို လွှတ်တော်ထဲရောက်အောင် ၈၈ မျိုးဆက် ကျောင်းသားတွေက ကူညီဆောင်ရွက်ပေးမယ်လို့ အဲဒီအခမ်းအနားမှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောကြားသွားပါတယ်။
ဒီကနေ့ အခမ်းအနားကို လက်ပံတောင်းတောင်ဒေသ ၀က်မှေးကျေးရွာသူ မသွဲ့သွဲ့ဝင်း၊ ကြေးနီစီမံကိန်းမှာ တာဝန်ထမ်းဆောင်ဖူးတဲ့ စီမံကိန်း အင်ဂျင်နီယာ ဦးအောင်ကျော်ဇံ စတဲ့ ဒေသခံတွေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တွေ ဖြစ်တဲ့ ဦးဝင်းမျိုးသူ၊ ဒေါ်ဒေ၀ီသန့်ဇင် စတဲ့ပုဂ္ဂိုလ်တွေက ကြေးနီစီမံကိန်းကြောင့် လက်ရှိဖြစ်ပေါ်နေတဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပျက်ဆီးနေမှုတွေ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဖြစ်ပေါ်လာမယ့် ဘေးဒုက္ခ အန္တရာယ်တွေကို ဟောပြော ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီအခမ်းအနားကို လူ ၁,၀၀၀ နီးပါး တက်ရောက်ခဲ့ကြပြီး တက်ရောက်သူအားလုံးက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝရပ်ဆိုင်းရေးအတွက် စုပေါင်း လက်မှတ်ထိုးခဲ့ကြပါတယ်။

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template