ဂျာမနီကွန်ဒေါ အဲလိုင်း ရန်ကုန်သို့ ပြေးဆွဲမည် - NAING NAING SANAY MYANMAR NEWS
Headlines News :

Sunday, September 30, 2012

ဂျာမနီကွန်ဒေါ အဲလိုင်း ရန်ကုန်သို့ ပြေးဆွဲမည်




  ဂျာမနီအခြေစိုက် ကွန်ဒေါလေကြောင်း လိုင်းသည် လာမည့် နိုဝင်ဘာလ ၇ ရက် နေ့မှ စတင်ခါ တစ်ပတ်လျှင် တစ်ကြိမ် ရန်ကုန်မြို့သို့ ဂျာမနီနိုင်ငံ ဖရန့်ဖွတ်မြို့မှ တိုက်ရိုက်ပြေးဆွဲမည်ဟု လေကြောင်းလိုင်း၏ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာ မစ္စတာChristian Mosebachက စက်တင်ဘာလ ၁၈ ရက်နေ့က ပြုလုပ် သည့် ရှင်းလင်းပွဲတွင် ပြောကြားသည်။

“အခုလောလောဆယ်တော့ တစ်ပတ် ကို တစ်ရက်ပဲ စတင်ပြေးဆွဲမှာပါ။ နောက် ပိုင်း လိုအပ်ချက်များလာရင်တော့ အကြိမ်တိုးချဲ့ ပြေးဆွဲဖို့လည်း အစီအစဉ် ရှိပါတယ်။ မြန်မာနိုင်ငံတွင်း တခြား မြို့ကြီးတွေကိုလည်း လောလောဆယ် ပြေးဆွဲဖို့တော့ အစီအစဉ်မရှိ သေးပါဘူး” ဟု ၎င်းက ပြောသည်။
အဆိုပါ ခရီးစဉ်အား ထိုင်ခုံ ၂၆၈ ခုံပါ ဘိုးရင်း ၇၆၇-၃၀၀ အီးအာရ် လေယာဉ် အမျိုးအစားဖြင့် ပြေးဆွဲမည်ဖြစ်သည်။ လေယာဉ်သည် ဖရန့်ဖွတ်မြို့မှ ရန်ကုန်မြို့သို့ တိုက်ရိုက်လာရောက်မည်ဖြစ်ကာ ရန်ကုန်မြို့မှ အပြန်တွင် ထိုင်းနိုင်ငံသို့ ဖူးခက်မြို့မှ တစ်ဆင့် ဖရန့်ဖွတ် မြို့သို့ ပြန်လည်ပြေးဆွဲမည် ဖြစ်သည်။
“၁၉၉၅-၉၆ ခုနှစ်တုန်းက ကွန်ဒေါ အဲလိုင်းအနေနဲ့ ရန်ကုန်ကို စင်းလုံးငှား လေကြောင်းလိုင်း ပြေးဆွဲဖူးပါတယ်။ ဒါပေမယ့် အခုက တော့ အချိန်ဇယားနဲ့ အပတ်စဉ် ခရီးစဉ်အဖြစ် ပထမဆုံး အကြိမ်ပြေးဆွဲတာပါ။ အဓိကလေကြောင်း လိုင်းပြေးဆွဲရခြင်းက မြန်မာ့ ခရီးသွား လုပ်ငန်းလည်း လွန်ခဲ့တဲ့နှစ် အနည်းငယ်ကစပြီး အတော်လေးဖွံ့ဖြိုးတိုးတက်လာ ပါတယ်။
နောက်မြန်မာနိုင်ငံသားတွေလည်း ဥရောပဘက် အထွက်များလာ ပါတယ်။ နောက် စီးပွားဆိုင်ရာနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ခရီးသွား ဧည့်သည်အသွားအလာလည်း အရမ်း များလာတဲ့အတွက် အခုလိုတိုက်ရိုက် လေကြောင်း ခရီးစဉ်ကို စတင်ပြေးဆွဲရ ခြင်းဖြစ်ပါတယ်”ဟု မစ္စတာ Christian Mosebach က ပြောသည်။

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template