RFA News, 28 September 2012
မြန်မာအပေါ် ချမှတ်ထားတဲ့
စီးပွားရေးပိတ်ဆို့မှုတွေကို အမေရိကန်က ဖယ်ရှားလိုက်ပြီးတဲ့နောက်
နိုင်ငံ့သဘာဝ အရင်းအမြစ်တွေ ထုတ်ယူရေးအတွက် မြန်မာအစိုးရက လုပ်ငန်းလေလံတွေ
ခေါ်ယူနေချိန်မှာ ရုရှားကုမ္ပဏီတွေကလည်း မြန်မာ့ရေနံနဲ့ သဘာဝ
ဓာတ်ငွေ့လုပ်ငန်းမှာ ကဏ္ဍတစ်ရပ် ထူထောင်နိုင်ဖို့ တာစူနေပြီလို့
ရန်ကုန်မြို့ ရုရှသံရုံးက ပြောဆိုကြောင်း Bloomberg သတင်းက ဖော်ပြပါတယ်။
အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုအပေါ် တလျှောက်လုံး ကန့်ကွက်ခဲ့တဲ့
ရုရှနိုင်ငံဟာ အခုလို အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေ ရုပ်သိမ်းလိုက်တဲ့အပေါ်
ကြိုဆိုကြောင်း ရုရှကုမ္ပဏီတွေဟာ မြန်မာ့စွမ်းအင် ၀န်ကြီးဌာနနဲ့
ဆွေးနွေးနေပြီး သတင်းအချက်အလက်တွေနဲ့ နိုင်ငံခြားရင်းမြှုပ်နှံမှု
အခြေအနေတွေကို လေ့လာနေကြကြောင်း၊ ရုရှစွမ်းအင် ကုမ္ပဏီကြီးဖြစ်တဲ့ OGZD ဟာ
မြန်မာနဲ့အတူ ပူးတွဲလုပ်ကိုင်ဖို့ ပြင်ဆင်နေကြောင်း သတင်းမှာ
ဖော်ပြထားပါတယ်။


No comments:
Post a Comment