sss

မြောက်ကိုရီယားနဲ့ မြန်မာ ဆက်ဆံရေးအဆုံးသတ်ရန် ကန် အားထုတ်မှု ကန့်ကွက်ခံရ
ဧရာဝတီဘလော့ . ၂၉ ရက်နေ့ စက်တင်ဘာ ၂၀၁၂ 
ကွန်မြူနစ် 
မြောက်ကိုရီယားနိုင်ငံက အရှေ့တောင် အာရှ နိုင်ငံ တနိုင်ငံဖြစ်တဲ့ မြန်မာနဲ့
 ဆက်ဆံရေးကို အဆုံးသတ်ရေး အမေရိကန်က မြန်မာကို တောင်းဆိုမှုကို ယမန်နေ့ 
သောကြာနေ့က ကန့်ကွက်လိုက်ပါတယ်။ 
“စစ်ရေး ဆက်ဆံမှုနဲ့ပတ်သက်ပြီး ပထမဆုံး သံသယဖြစ်တယ်ပြောပြီးတော့ 
အမေရိကန်ဟာ အခုဆိုရင် ကျနော်တို့နဲ့ မြန်မာနဲ့ ဆက်ဆံရေးကို 
မိစ္ဆာမိတ်ဆွေတွေအဖြစ် တံဆိပ်ကပ်ပြီး အဆုံးသတ်ဖို့ မြန်မာကို လူသိရှင်ကြား 
ဖိအားပေးလာခဲ့ ပါတယ်” လို့ မြောက်ကိုရီယား နိုင်ငံခြားရေး ၀န်ကြီးဌာနက 
ပြောရေးဆိုခွင့် ရှိသူက ပြောခဲ့တာကို နိုင်ငံပိုင် ဗဟို သတင်း အေဂျင်စီက 
ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာအပေါ် ဖိအားပေးမှုကို ရှုံ့ချလိုက်ပြီး မိစ္ဆာ မိတ်ဆွေအဖြစ် 
တံဆိပ်ကပ်မှုဟာ အမှန်တော့ အမေရိကန်သာ ဖြစ်တယ် လို့ မြောက်ကိုရီယားက 
ပြန်လည်စွပ်စွဲ ထားပါတယ်။
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စ ဟီလာရီကလင်တန်က သမ္မတ 
ဦးသိန်းစိန်နဲ့ အခု စက်တင်ဘာလ မှာ တွေ့ဆုံတုန်း ကရယ်၊ နောက် 
မြန်မာအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံတဲ့ 
အချိန်တွေမှာတုန်းက မြန်မာ- မြောက် ကိုရီယားဆက်ဆံရေးအပေါ် 
စိုးရိမ်တယ်ဆိုပြီး ထုတ်ပြောခဲ့ပါတယ်။
ပြီးတော့ အရှေ့တောင် အာရှ နိုင်ငံ တနိုင်ငံဖြစ်တဲ့ မြန်မာအနေနဲ့ 
သံသယဖြစ်ဖွယ် မြောက်ကိုရီယား ဆက်ဆံရေးကို ရှင်းရှင်း လင်းလင်း 
ဖြစ်စေခဲ့မယ်ဆိုရင် မစ္စ ကလင်တန်က တချိန်က ဘားမားလို့ လူသိ များတဲ့ 
မြန်မာအပေါ် စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုတွေ ဖြေလျှော့ပေးဖို့ အမေကန်ဘက်က 
ဆန္ဒရှိတယ်လို့ ဆိုထားပါတယ်။


No comments:
Post a Comment