ချယ်ရီကား ကိစ္စ တရုတ် ကုမ္ပဏီထံ မြန်မာ အစိုးရ ဖြေရှင်းချက် တောင်း 
 
သြစတြေးလျနိုင်ငံတွင် ချယ်ရီ (Chery) ကားအပါအ၀င် တရုတ်နိုင်ငံထုတ်ကားများတွင် အဆုတ်ကင်ဆာဖြစ်စေသော 
အဆုတ်ကင်ဆာရောဂါဖြစ်ပွားစေနိုင်သော Asbestor
Asbestos ဖိုင်ဘာဓာတ် ပစ္စည်းများ အသုံးပြုထားခြင်းကို 
တွေ့ရှိခဲ့သည့် အတွက် မြန်မာနိုင်ငံ အတွင်းရှိ တရုတ်နိုင်ငံလုပ် 
ကားများတွင် အဆိုပါ Asbestos ဖိုင်ဘာဓာတ် ပစ္စည်းများ ပါဝင်ခြင်း ရှိ၊ မရှိ 
ကို တရုတ်နိုင်ငံမှ ကားထုတ်လုပ်သော ကုမ္ပဏီထံ ဖြေရှင်းချက် 
တောင်းခံထားကြောင်း စက်မှုဝန်ကြီး ဌာနမှ ရုံးအဖွဲ့မှူး ဦးသွင်မြင့်မောင်က 
ပြောကြားသည်။
ကားကူရှင်အမိုးနှင့်ဘေးကာများတွင်ထည့်ထားသော
Asbestos Fibers 
အဆုတ်ကင်ဆာ ရောဂါ ဖြစ်စေနိုင် သော Asbestos ဖိုင်ဘာဓာတ်များကို မော်ဒယ် 
အမြင့် ချယ်ရီကားများ တွင်သာ ပါပြီး မြန်မာနိုင်ငံသို့ သွင်းထားသော 
ချယ်ရီကားများမှာ မော်ဒယ် အနိမ့်ကား များသာဖြစ်သဖြင့် အဆုတ် ကင်ဆာ 
ဖြစ်စေနိုင်သော ဓာတ်ပစ္စည်းများ မပါဝင်နိုင်ကြောင်း ၎င်းင်းက The Voice Weekly 
သို့ပြောကြားသည်။
“မြန်မာနိုင်ငံကို သွင်းထားတဲ့ ချယ်ရီကားတွေမှာ အဆုတ်ကင်ဆာ ဖြစ်စေနိုင်တဲ့ 
ဓာတ်ပစ္စည်း သုံးထားလား၊ မသုံးထားလား ဆိုတာ သိရဖို့အတွက် တရုတ်က ကားထုတ်တဲ့ 
ကုမ္ပဏီကို ဓာတ်ခွဲ စမ်းသပ် ခိုင်းထားတယ်။ အဖြေ ရရင် တရားဝင် 
ထုတ်ပြန်သွားမယ်”ဟု ဦးသွင်မြင့်မောင်က ပြောကြားသည်။
ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်အတွင်းမှ စတင်၍ မြန်မာနိုင်ငံတွင် ချယ်ရီကားများ 
အစီးရေ ၂၀၀၀ ကျော် သွင်းထားပြီ ဖြစ်ကြောင်း စက်မှု ဝန်ကြီးဌာနထံမှ သိရှိ 
ရသည်။
ချယ်ရီ (Chery) ကားအပါအဝင် တရုတ်နိုင်ငံထုတ် ကားများတွင် အဆုတ် 
ကင်ဆာဖြစ်စေသော Asbestos ဖိုင်ဘာ ဓာတ်ပစ္စည်းများ အသုံးပြုထားသည်ကို 
တွေ့ရှိရခြင်းကြောင့် သြစတြေးလျ နိုင်ငံတွင် ကားစီးရေ ၂၃ç၀၀၀ ကိုပြန် လည် 
သိမ်းယူလျက် ရှိကြောင်း The Straits Times သတင်းတွင် ဖော်ပြထားသည်။
 
 
No comments:
Post a Comment