သြဂုတ် (၃၁)
ပြီးခဲ့တဲ့
  သြဂုတ်လ(၃၀)ရက်နေ့က KIA တပ်မဟာ(၂)လက်အောက်ခံ တပ်ရင်း(၅)မှ KIA တပ်ဖွဲ့ဝင်
  များသည် မိုးညှင်းမြို့အရှေ့ဘက် လခြမ်းတောင်ရွာအနီးတွင်  
မိုင်းထောင်ခြင်းများ ပြုလုပ်ရာမှ အခန့်မသင့်၍ မတော် တဆ မိုင်းပေါက်ကွဲကာ  
KIA တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။ 
မြန်မာအစိုးရစစ်တပ်တွေ
  မိုးညှင်းမြို့ ပတ်ဝန်းကျင်မှာ လှုပ်ရှားသွားလာနေကြောင်းနဲ့ ရွာတွေမှာ KIA
  အမာခံ အဖွဲ့ဝင်များရှိ/မရှိ ၀င်ရောက်စစ်ဆေးနေမှုအား သတင်းရရှိ၍  
လာရောက်မိုင်းထောင်တာဖြစ်တယ် လို့ လခြမ်း တောင်ရွာခံတစ်ဦးထံမှ  
သိရှိရပါတယ်။
KIA
  တပ်ဖွဲ့တွေအနေနဲ့ နည်းလမ်းမျိုးစုံအသုံးပြုကာ လူသစ်စုဆောင်းလျက်ရှိပြီး  
စုဆောင်း ရရှိတဲ့ ဒေသ ခံတွေ ကို အခြေခံစစ်သင်တန်းနှင့် မိုင်းသင်တန်းတွေ  
သင်ကြားပေးတယ်ဆိုပေမဲ့ တကယ့်လက်တွေ့ မှာတော့ သေနတ်ပစ်တတ်ရုံနဲ့  
မိုင်းတွေ့ဘူးရုံလောက်သာ သင်ကြားပေးခဲ့တာကြောင့် ယခုလို ဖြစ်စဉ် များနှင့် 
 ကြုံတွေ့ နေရတာဘဲ ဖြစ်ပါတယ်။
အလားတူ
  ၂၀၁၁ ခုနှစ် ဒီဇင်ဘာ(၁၈)ရက်နေ့တွင် မိုးကောင်းမြို့နယ် ထိုးပူနှင့်  
ဆားမှော်အကြား မိုင်တိုင်အမှတ် ၆၇၈/၁၁ နှင့် ၁၂ အကြားရှိ ရထားလမ်းအား  
မိုင်းထောင်ဖောက်ခွဲစဉ် KIA တပ်ဖွဲ့ဝင်နှစ်ဦး မိုင်းပေါက်ကွဲကာ  
သေဆုံးခဲ့ရပါတယ်။ KIA အဖွဲ့မှ မြန်မာအစိုးရ စစ်တပ် ဘက်မှ ဖောက်ခွဲ  
ဖျက်ဆီးခြင်းဖြစ်သည်ဟု သတင်းအမှား များထုတ်လွှင့်ကာ ပြောဆိုခဲ့သော်လည်း  
ရထားလမ်းဘေး တွင် သေဆုံးနေသော KIA ယူနီဖောင်းဝတ် စစ်သား နှစ်ဦးမှာ KIA  
အဖွဲ့၏ လုပ်ရပ် များဖြစ်ကြောင်း ဒေသခံကချင်လူမျိုးများ မြင်တွေ့နိုင်စေရန် 
 ထာဝရဘုရား သခင်မှ ဒဏ်ခတ် ခဲ့ခြင်းဖြစ်ပါသည်။
 http://kachindailynews.blogspot.com/2012/08/kia_7556.html



No comments:
Post a Comment