- NAING NAING SANAY MYANMAR NEWS
skip to main  |
      skip to sidebar
          
        
          
        
စင်ကာပူချန်ဂီလေဆိပ် ကမ္ဘာ့အကောင်းဆုံး လေဆိပ်အဖြစ်ရွေးချယ်ခံရ။
 
 
 စင်ကာပူနိုင်ငံ ချန်ဂီ လေဆိပ်သည်Business
 Traveller အမည်ရှိ ခရီးသွား မဂ္ဂဇင်း စာဖတ် ပရိသတ်များ၏ ထောက်ခံချက်ဖြင့် 
ကမ္ဘာ့ အကောင်းဆုံး လေဆိပ်ဆု အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရကြောင်း၊ ယင်းသို့ 
သတ်မှတ် ခြင်း ခံခဲ့ရခြင်းသည် (၂၅)ကြိမ်မြောက် ဖြစ်ကြောင်း သိရသည်။
 ကမ္ဘာ့ အကောင်းဆုံး လေဆိပ်အတွက် ပေးအပ်သည့် ဆုပေးပွဲ အခမ်းအနားကို စက်တင်ဘာ
 ၁၉ရက်က လန်ဒန်မြို့တွင် ကျင်းပခဲ့ရာ ၄င်းဆုကို ချန်ဂီ လေဆိပ်မှ အမှုဆောင် 
အရာရှိ မစ္စတာ လီစွန်ဟီယမ်က
လက်ခံရယူခဲ့ကြောင်း သိရသည်။
 
 ချန်ဂီ လေဆိပ်မှ ဝန်ထမ်းများသည် 
ခရီးသည်များ၏ လိုအပ်ချက်များကို အလေးထား ဖြည့်ဆည်း၍ အကောင်း ဆုံးဝန်ဆောင်မှု
 များကို ပေးအပ်နိုင်ရန် လုပ်ဆောင်ခဲ့ကြောင်း မစ္စတာ လီစွန်ဟီယမ်က 
ပြောကြားခဲ့ သည်။
 
 ချန်ဂီ လေဆိပ်သည် ကမ္ဘာ့အကောင်းဆုံး လေဆိပ်အဖြစ် ၁၉၈၈ ခုနှစ်တွင် ပထမဆုံးအကြိမ် သတ်မှတ် ခံခဲ့ရ ကြောင်း သိရသည်။
 
 ချန်ဂီ လေဆိပ်သည် နှစ်ပေါင်း ၃၁နှစ် အတွင်း ဆုပေါင်း ၄၁ဝ ရရှိခဲ့ပြီး 
ကမ္ဘာပေါ်တွင် ဆုချီးမြှင့်ခြင်း အခံရဆုံး လေဆိပ်များအနက် တစ်ခု 
ပါဝင်ခဲ့ကြောင်း သိရသည်။  
 
 
 
 
          
      
 
  
 
 
 
  
No comments:
Post a Comment