KIA မှ ရထားလမ်းတံတား မိုင်းခွဲဖျက်ဆီး ၊ ရထားခရီးသွား ပြည်သူ ၂၀၀၀ ကျော် ဒုက္ခရောက် - NAING NAING SANAY MYANMAR NEWS
Headlines News :

Sunday, September 30, 2012

KIA မှ ရထားလမ်းတံတား မိုင်းခွဲဖျက်ဆီး ၊ ရထားခရီးသွား ပြည်သူ ၂၀၀၀ ကျော် ဒုက္ခရောက်

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFXysE3wPDaEpMJIc8uFY-R5Ohe-P4zjvplvZJa8HxPDP8KZdVwEfjC8jDrJ9Xemz1SypMN01zQ_xwpFHPYfFRPmDO-LarUT8VFXx8nFo6Us1duhwGBaW4Q9_s5j85MzgG83SnIniJxaTz/s1600/03-1.jpg

စက်တင်ဘာလ(၂၉)ရက်နေ့ည ၈ နာရီ ၄၅ မိနစ်ခန့်တွင် KIA တပ်ဖွဲ့ ၀င်များမှ ရထားလမ်းတံတားတစ်စင်းအား မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရ ပါတယ်။ ထိုတံတားသည် မိုင်းညှင်းမြို့နယ်ရှိ မိုးညှင်းဘူတာနှင့် နမ္မားဘူတာကြားရှိ ရေပေါက်တံတားတစ်ခုဖြစ်ပါတယ်။ တံတားသည် မန္တလေး-မြစ်ကြီးနား ရထားလမ်းပေါ်တွင် တည်ရှိပြီး မန္တလေး -မြစ်ကြီးနား ရထားလမ်းသည် ကချင်ပြည်နယ်အတွက်အဓိကကျသော ဆက်သွယ်ရေးလမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။ KIA တို့မှ ရထားလမ်းမိုင်းခွဲခဲ့မှုကြောင့် ရထားခရီးစဉ်များ အားလုံးရပ်ဆိုင်းထားရကြောင်း သိရှိရပါ တယ်။ 
 
ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ မိုးညှင်းမှ ရထားဝန်ထမ်းတစ်ဦး  ပြောပြတာကတော့``မိုင်းကွဲတာက နမ္မားနဲ့ ညောင်ပင် သာရွာကြားမှာကွဲတာ၊ ရထားမိုင်တိုင်က (၆၄၁/၁၀)နဲ့ (၆၄၁/၁၁)ကြားမှာ၊ တံတား နံပါတ်က(၆၀၆)၊ မိုင်းကွဲတော့ တံတားသံဘောင်က ဘယ်ဘက်ရော ညာဘက်ရော နှစ်ဘက်စလုံးကို တစ်ပေစီလောက် ကားထွက်သွားတယ်၊ ဇလီဖားတုံးက(၅)တုံး ပျက်စီးသွားတယ်၊ မြေထိန်းတဲ့ ကွန်ကရစ်နံရံက အလယ်ပိုင်းမှာ (၂)ပေလောက် ပဲ့ထွက်သွားတယ်၊ သံလမ်းကတော့ တော်တော်လေး ကွေးသွားတယ်၊ အဲ့အချိန် မှာ မြစ်ကြီးနားက ထွက်လာတဲ့ အစုန်(၅၈)က ဒီနေရာကို မရောက်သေးဘူး၊ တော်သေး တယ်လို့ ပြောရမယ်၊ ဒါနဲ့ မြို့သစ်ကလေးဘူတာမှာ ရပ်ထားလိုက်ရတယ်´´လို့ KDN ကို ပြောပြပါတယ်။

KIA တို့၏ ယခုကဲ့သို့ ရထားလမ်းမိုင်းခွဲအားအကြိမ်ကြိမ်ပြုလုပ်ခဲ့ရာ ၂၀၁၁ ဇွန်လမှစတင်၍ လက်ရှိအချိန်အထိ ၅၃ ကြိမ်မြောက် ရှိပြီ ဖြစ်ကြောင်း သိရပါတယ်။

``လွန်လွန်းပါတယ်တော်.. ခဏခဏခွဲဘဲ ခွဲနိုင်လွန်းတယ်.. အခြားနည်းနဲ့ စစ်တပ်ကို တိုက်တာ ကြိုက် သလောက် တိုက်လို့ရတာပဲလေ.. အခုက ပြည်သူတွေ ဒုက္ခရောက်အောင် လုပ်နေတာ.. ဒါသက်သက် လုပ်တာ၊ ပြည်သူတွေကို ရည်ရွယ်ပြီး တိုက်ခိုက်တာ၊ ကျုပ်ကတော့ ကျုပ်ခရီးနှောင့်နှေးသွားလို့ KIA ကို မကျေ နပ်ဘူး၊ သူတို့ကို မေတ္တာပို့ပါတယ်တော်´´ လို့ မြို့သစ်ကလေးဘူတာတွင် ရပ်ထားရသော (၅၈)အစုန် အထူး အမြန်ရထားပေါ်တွင် လိုက်ပါလာတဲ့ အမျိုးသမီးကြီးတစ်ဦးမှ ဒေါသသံအပြည့်နဲ့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ (၅၈)အစုန် အထူး အမြန်ရထားပေါ်တွင် မြစ်ကြီးနားမှ ထွက်ခွာလာသည့် ခရီးသည် စုစုပေါင်း ၂၀၀၀ ကျော်ပါရှိပြီး မြို့သစ်ကလေးဘူတာတွင် ဒုက္ခရောက်လျက်ရှိပါတယ်။
 

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template