ကယားပြည်နယ်ရေကာတာသတင်း။ - NAING NAING SANAY MYANMAR NEWS
Headlines News :

Tuesday, October 2, 2012

ကယားပြည်နယ်ရေကာတာသတင်း။


ကယားပြည်နယ်၊ ဘော်လခဲမြို့နယ် ရွာသစ် ရေကာတာစီမံကိန်း တည်ဆောက်နေမှုဟာ ပွင့်လင်း မြင်သာမှုရှိဖို့ လိုအပ်တယ်လို့ ကရင်နီလူမှု အဖွဲ့အစည်းများ ကွန်ရက်က ရန်ကုန်မြို့ City Star Hotel မှာ ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။


ရွာသစ်ရေကာတာ စီမံကိန်းဟာ သံလွင်မြစ်ပေါ်မှာ တည်ဆောက်နေတာ
ဖြစ်ပါတယ်။

KNPP နဲ့အစိုးရတို့ နှစ်ဖက်ကြား ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး
ဆွေးနွေးပွဲမှာ စီမံကိန်း တည်ဆောက်ရေး လုပ်ငန်းခွင်ကို လေ့လာခွင့်ပြုဖို့ သဘောတူညီ ထားပေမယ့် ဒီနေ့အချိန်ထိ လူမှု အဖွဲ့အစည်းတွေကို
လေ့လာခွင့် မပြုသေးဘူးလို့ ကရင်နီလူမှု အဖွဲ့အစည်းများ ကွန်ရက်က
ပြောရေးဆိုခွင့်ရှိသူ ဦးသော်ရယ်က ပြောပါတယ်။

ရွာသစ်ရေကာတာ စီမံကိန်းအတွက် Datang တရုတ်ကုမ္ပဏီနဲ့ မြန်မာအစိုးရ
တို့ ၂ဝ၁ဝ နှစ်ဆန်းပိုင်းက သဘောတူညီခဲ့ပြီး၊ လျှပ်စစ်ဓာတ်အား မီဂါဝပ် ၆ဝဝ ထုတ်လုပ်ဖို့ လျာထားတယ်လို့ သိရပါတယ်။




No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template