ရွှေ(၇)ပိဿ ၊ ကျပ်သိန်းပေါင်း (၆)သောင်းကျော် အလိမ်ခံရ - NAING NAING SANAY MYANMAR NEWS
Headlines News :

Tuesday, October 2, 2012

ရွှေ(၇)ပိဿ ၊ ကျပ်သိန်းပေါင်း (၆)သောင်းကျော် အလိမ်ခံရ


ရွှေအရောင်းအ၀ယ်ဖလှယ် မှုမှ ထွက်ပေါ်လာသည့်အကျိုး အမြတ်များကို ခွဲဝေပေးမည်ဟု မက်လုံးပေးခဲ့သည်ကို ယုံစားမိ သဖြင့် ရွှေချိန် (၇)ပိဿာ၊ ကျပ် သိန်းပေါင်း (၆)သောင်းကျော်၊ အလိမ်ခံခဲ့ရကြောင်းသိရသည်။

ဖြစ်စဉ်မှာ အမှတ်(၁၃/၄၈၁)  ကန်တော်လမ်း၊ မန်းရပ်၊ တောင် ငူမြို့နေ စိန်ရွှေရတနာသန့်စင် ရေးလုပ်ငန်းလုပ်ကိုင်သူ ဦးပီတာ (ခ) ဦးစိန်လင်းနှင့် ဇနီးဒေါ်နီနီ အေးတို့ထံ ပုဂ်္ဂိုလ်ရေးယုံကြည်မှု ဖြင့် လစဉ်အကျိုးအမြတ်ပေး မည်။ မိမိတို့အပ်နှံထားသောရွှေ နှင့်ငွေများကို ပြန်လည်ထုတ်ပေး မည်ဟု သဘောတူလက်မှတ် ရေးထိုးထားသည်ကို ယုံကြည်စွာ ဖြင့် အပ်နှံခဲ့ရာမှ ပြန်လည်ပေး အပ်ခြင်း မရှိတော့သဖြင့် အဆိုပါ ဇနီးမောင်နှံအား (ပ) ၄၄၃/၁၁ ပုဒ်မ (၄၂၀)ဖြင့် အမှုဖွင့်တိုင်ကြား ခဲ့ရသည်ဟု သိရသည်။
ရွှေချိန် (၉၃)ကျပ်သား (၁) ပဲ၊ (၅)ရွေး အလိမ်ခံခဲ့ရသူတောင် ငူမြို့နေ ဦးကင်းအောင်က ““ကျွန် တော်တို့ရဲ့ ယုံကြည်မှုကို အလွဲ သုံးစားလုပ်ပြီး လိမ်လည်သွား တာပါ။ ကျွန်တော်တို့အဖြစ်ကို သင်ခန်းစာယူကြပြီး အယုံမလွယ် ကြပါနဲ့၊ လိမ်တဲ့သူတွေကို ရှောင် ရှားနိုင်အောင် မီဒီယာက တစ် ဆင့်အသိပေးတာပါ””ဟုပြော သည်။ ရွှေချိန် (၁၄၀)ကျပ်သား  အလိမ်ခံခဲ့ရ သူ၊ တောင်ငူမြို့နေ ဦးမြင့်အောင် က ““ဥပဒေက လိမ်လည်သူတွေ ကို ထိရောက်တဲ့ပြစ်ဒဏ်မျိုးပေး မှ ဒီလိုလူတွေ နောင်မလိမ်ရဲမှာ ပါ။ အလွယ်ယုံကြည်မိတဲ့ ကျွန် တော်တို့အဖြစ်ကို ကြည့်ပြီး သင် ခန်းစာ ယူနိုင်ဖို့ မီဒီယာကတစ် ဆင့် အသိပေးရတာပါ။ ပဲခူးတိုင်း (၇)မြို့နယ်က လူကိုးဦး တစ်ပြိုင် နက်တည်း အလိမ်ခံရတာပါ။ ရွှေ ငွေတွေ အလိမ်ခံရတာထက် မိ သားစုတွေရဲ့ ဂုဏ်သိက္ခာ ထိခိုက် နေရတာ ပိုပြီးဆိုးပါတယ်””ဟုပြော သည်။ အဆိုပါအမှုအား ၂၀၁၂ အောက်တိုဘာ(၃)ရက်တွင်တောင် ငူမြို့နယ်တရားရုံး၌ ဆက်လက် စစ်ဆေးမည်ဟု သိရသည်။

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template