ရခိုင်ဒေသ ကျွဲ၊ နွား ပျာက်ဆုံးမှု ပိုများလာ - NAING NAING SANAY MYANMAR NEWS
Headlines News :

Tuesday, October 2, 2012

ရခိုင်ဒေသ ကျွဲ၊ နွား ပျာက်ဆုံးမှု ပိုများလာ



ရခိုင်ဒေသအတွင်း မတည်ငြိမ်မှုများဖြစ်ပေါ်ခဲ့ပြီးနောက် ပုဏ္ဏားကျွန်း၊ ကျောက်တော် ရသေ့တောင်၊ ပေါက်တော မြို့နယ်များတွင် ဒေသခံလယ်သမားများ၏ ခိုင်းကျွဲ ခိုင်းနွားများမှာ လွန်ခဲ့သည့်လမှစ၍ ဆက်တိုက်ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။


ရသေ့တောင်မြို့နယ် လောင်းချောင်းတိုက်နယ်တွင် မိုးရာသီစိုက်ပျို်းချိန်ပြီးဆုံးသည်နှင့် ကျွဲနွားများကိုမယူ တောင်တန်းပေါ်တင်ပြီး ထိန်းကျောင်းလေ့ရှိရာ ယခင်က ပျောက်ဆုံးမှုမရှိသော်လည်း ယခုလပိုင်းအတွင်းမှာ ကျွဲနွားအကောင် နှစ်ဆယ်ကျော်ပျောက်ဆုံးခဲ့သည်။

'' အရင်က ကျနော်တို့်ရဲ့ ကျွဲနွားတွေကို မယူမြစ်ထဲမှာရှိတဲ့ သရက်ပြင်ကျွန်းပေါ်ကိုတင်ပြီး လွှတ်ကျောင်းစနစ်နှင့် ထိန်းကျောင်းခဲ့တယ်။ တချို့က ရွာအနီး စားကျက်တွေမှာ လွှတ်ပေးထိန်းကျောင်း ထားကြတယ်။ အချို့က မေယုတောင်ပေါ်သို့တင်ပြီး လွှတ်ကျောင်းတာမျိုးရှိခဲ့ပါတယ်။ အခုအခါ သရက်ပြင်ကျွန်းမှာလဲ ပုစွန်မွေးကန် အဖြစ်ပြုလုပ်ထားတယ်။ ရွာအနီးအနားက ကျွဲနွားစားကျက်မှာလဲ လူနေအိမ်တွေတိုးချဲု တည်ဆောက်ပြီး သီးနှံစိုက်ခင်း လုပ်ငန်းတွေ လုပ်ကိုင်ထားတာကြောင့် ကျွဲနွားတွေ အတွက်အစာ ရှားပါးလာပြီး နောက်ဆုံးတော့ မေယုတောင်တန်းအပေါ်ကိုတင်ပြီး ထိန်းကျောင်းရတဲ့ အခြေအနေထိ ကျရောက်လာရာကနေ ကျွန်တော်တို့ ကျွဲနွားတွေ အခုလို မကြာခဏ ပျောက်ဆုံးမှုနှင့် ရင်ဆိုင်နေရတာပါပဲ။ " 

ဟု ရသေ့တောင်မြို့နယ် သရက်ချောင်းကျေးရွာမှ လယ်သမား ဦးလှထွန်းတင်က ဆိုသည်။
အလားတူ ပေါက်တောမြို့နယ် ငပြီကျွန်းကျေးရွာအုပ်စု များအတွင်းတွင်လည်း လွန်ခဲ့သည့် ဇွန်၊ ဇူလိုင် လများအတွင်း ကျွဲနွားခိုးယူခြင်း ခံရမှုများရှိခဲ့ပြီး ကျောက်တော်မြို့နယ်နှင့် ပုဏ္ဏားကျွန်းမြိုနယ်တို့တွင်လည်း ယင်းကဲ့သို့ ပျောက်ဆုံးမှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။

" ကျနော်တို့ ရခိုင်လယ်သမားတွေက ဒီနေ့အထိ ကျွဲ၊ နွားတွေပဲ အားကိုးနေရတာပါ။ အခုကျွဲတွေ၊ နွားတွေ အားလုံးအခိုးခံနေရတော့ လာမယ့်နှစ် ဘာနဲ့လယ်ထွန်ရတော့မှာလဲ။ သက်ဆိုင်ရာက အလေးထားဆောင်ရွက် ပေးဖို့လိုနေပြီဗျာ။ " ဟု ပေါက်တောမြို့နယ်၊ ငပြီကျွန်းမှ လယ်သမားတစ်ဦးက စိတ်ပျက်လက်ပျက် ပြောသည်။

ရခိုင်လယ်သမားများ၏ ကျွဲ၊ နွားများ ပျောက်ဆုံးနေသည့် ဒေသများမှာ ဘင်္ဂလီများနေထိုင်ရာ ရွာများအနီးတွင်ဖြစ်နေပြီး၊ သက်ဆိုင်ရာအာဏာပိုင်များထံ ကျွဲနွားများပျောက်ဆုံးနေခြင်းအား တိုင်ကြားထားသော်လည်း စုံစမ်းစစ်ဆေးဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်းသိရသည်။

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template