(နေပြည်တော်  အောက်တိုဘာ  ၂)
(၄၈)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ နေ့နှင့် ဆုပေးအပ်ပွဲ အခမ်းအနားကို  နေပြည်တော် ရဲတပ်ဖွဲ့မှ ကြီးမှူး၍ ယမန်နေ့က နေပြည်တော် ကောင်စီနယ်မြေ ဇမ္ဗူသီရိ မြို့နယ်ရှိ ရွှေနန်းတော် ဟိုတယ် Lake View Hall
 ခန်းမ၌ ကျင်းပခဲ့သည်။ အခမ်းအနားတွင် ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး 
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ကျော်ကျော်ထွန်းမှ ပေးပို့သည့် (၄၈) 
နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ သဝဏ်လွှာအား နေပြည်တော် 
ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်အောင်က ဖတ်ကြားခဲ့သည်။ ဆက်လက်၍ ရဲချုပ်၏ 
အမှုထမ်း လက်မှတ်နှင့် ဆုငွေရရှိသူ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ် အဆင့်
 ''ရဲကျင့်ဝတ်'' တတိယဆု ရရှိသူနှင့် သင်တန်း ထူးချွန်ဆု ရရှိသူ၊ မှုခင်းများ
 စွမ်းစွမ်းတမံ ဖော်ထုတ်ဖမ်းဆီး နိုင်မှုဆု၊ ဟိုတယ်ဇုန်တွင် ဖြစ်ပွားခဲ့သော 
ခိုးမှုများတွင် ရဲတပ်ဖွဲ့အား ဝိုင်းဝန်း ကူညီ ဆောင်ရွက် ခဲ့သူ များကို 
နေပြည်တော် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်အောင်က ဆုများ ချီးမြှင့်ခဲ့သည်။
ထို့နောက် နေပြည်တော်  ဒုတိယ
 ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ဇော်ခင်အောင်က နေပြည်တော် ရဲတပ်ဖွဲ့ အဆင့်
 စံပြရဲ ပထမဆု ရရှိသူ ခြောက်ဦး၊ ရဲကျင့်ဝတ် ပထမဆု ရရှိသူ ခြောက်ဦးတို့ကို
 ဆုများ ဆက်လက် ချီးမြှင့်ခဲ့ပြီး ပေးအပ်သော တာဝန် ဝတ္တရားများ ကျေပွန်စွာ 
ထမ်းဆောင်မှု ဆုရရှိသူ ရှစ်ဦးနှင့် နေအိမ်လိုင်းခန်း သန့်ရှင်းရေးဆု ရရှိသူ
 လေးဦးတို့ကိုနေပြည်တော် ရဲတပ်ဖွဲ့ ရဲမှူး (ဦးစီး) ရဲမှူး တင်ဝင်းက 
ဆုများ ချီးမြှင့် ခဲ့သည်။ အဆိုပါ အခမ်းအနားသို့ နေပြည်တော် 
ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်အောင်၊ ဒုတိယ ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး
 ဇော်ခင်အောင်၊ ရဲမှူး (ဦးစီး) ရဲမှူး တင်ဝင်းနှင့် နေပြည်တော် 
ကောင်စီနယ်မြေ အတွင်းရှိ မြို့နယ် ရဲတပ်ဖွဲ့ မှူးများ၊ ဆုရရှိ သူများနှင့် 
ဖိတ်ကြား ထားသူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။



No comments:
Post a Comment