ဝန်ခံစရာရှိတာ ၀န်ခံ၊ ပြင်စရာရှိတာပြင်၊ လူထုကိုဦးတည် ဒါဆိုရင် 
အမျိုးသားဒီမိုကရေစီ အ ဖွဲ့ ချုပ် ကျဆုံးစရာ မရှိပါဘူး။ 
အမျိုးသားဒီမိုကရေစီအဖွဲ့  ချုပ်အောင်မြင်ဘို့ လိုတယ်။ 
အမျိုးသားဒီမိုကရေစီအ ဖွဲ့ ချုပ်ဟာ ပြည်သူလူထုရဲ့ အကျိုးကို လိုလားတဲ့ အဖွဲ
တရားဥပဒေစိုးမိုးရေးဆိုတာ တရားစီရင်နေတဲ့ ကိစ္စတစ်ခုတည်းမဟုတ်ဘူး၊ 
တရားဥပဒေနဲ့ အညီ မိမိထံအပ်နှံ ထားသော လုပ်ပိုင်ခွင့်ကို ဥပဒေက 
ပေးအပ်ထားသောအခွင့်အဏာအတိုင်း အပိုအလိုမရှိကျင့်သုံးရန်ဖြစ် သည်။ 
ဝန်ထမ်းတိုင်း၊ ပြည်သူပြည်သားတိုင်းက မိမိအခွင့်အရေးနဲ 
့လုပ်ပိုင်ခွင့်တွေကို ဥပဒေက အပ်နှင်းထားသည့် အာဏာအတိုင်းအပိုအလိုမရှိ 
ကျင့်သုံးရေးဖြစ်တယ်။
တရားဥပေဒေ စိုးမိုးရေးဆိုတာ တရားမျှတသော၊ လူထုကို အကာအကွယ်ပေး သော 
တရားဥပဒေပေါ်ပေါက်လာရေး၊ တရားမမျှတသော၊ ပြည်သူလူထုရဲ့ လုပ်ပိုင်ခွင့်၊ 
လုပ်နိုင်ခွင့်ကို ထိန်း ချုပ် ကန့် သတ်ထားသော ဥပဒေများကို ဖျက်သိမ်းရေးပါ။
တရားဥပဒေစိုးမိုးရေးဆိုတာ လူနှစ်ဦး (သို့ ) အဖွဲ့ အစည်းနှစ်ခု (သို့ ) 
လူနှင့်အဖွဲ့ အစည်း အငြင်းပွား၊ အချင်းများ လာရင် 
ပြဌာန်းထားတဲ့တရားဥပဒေအတိုင်း လွတ်လပ်စွာ အစီရင်ခံပိုင်ခွင့်ပါပဲ။ 
ရာထူးကြောင့်ဖြစ်စေ၊ ဂုဏ်အရှိန် အ၀ါကြောင့်ဖြစ်စေ၊ငွေကြောင့်ဖြစ်စေ ဥပဒေကို
 ချိုးဖောက်ကျူးလွန်နေတာမျိုးတွေ ရှိနေရင် တရားဥပဒေ စိုးမိုးတယ်လို့ မခေါ် 
နိုင်ဘူး
တရားဥပဒေ စိုးမိုးမှုနေရာတိုင်းမှာ၊ တိုင်းပြည်ရဲ 
့ထောင့်တိုင်းမှာဖြစ်ပေါ်လာအောင်၊ အဖွဲ့ ချုပ်တင်မက၊ လူတစ်ဦး 
ချင်းစီကဆောင်ရွက်သွားလို့ ရတယ်။ ဥပဒေပြဌာန်းချက်တွေကို လေ့လာမယ်။ နီးစပ်ရာ
 ဆွေးနွေးမယ်။ တရားမျှတမှုမရှိဘူးလို့ သတ်မှတ်ရင် ပြင်သင့်ကြောင်း ထောက်ပြ 
ပြောဆို ဝေဘန်ကြမယ်။
ကိုယ်နေထိုင်တဲ့ပတ်ဝန်းကျင်မှာ တရားမမျှတမူ ၊ 
ဥပဒေချိုးဖောက်ကျူးလွန်နေတာတွေ့ ရင် ၊ နီးစပ်ရာ တိုင်ပင်ပြီး 
ဝိုင်းဝန်းကာကွယ်ကြမယ်။ ဒီကနေ့ ဟာ အရင်ကထက် ပြည်တွင်းမီဒီယာတွေ အတိုင်းအတာ 
တစ်ခု ထိလွတ်လပ်နေတာမို့ သူတို့ နဲ့ ပူးပါင်းဆောင်ရွက်နိုင်တယ်။ 
ကိုယ့်ကိုကိုယ် အရပ်သား သတင်းထောက်လို အသုံး ပြုလို့ ရတယ်။
နေရာနဲ့ တာဝန်ကို သင်က မရွေးချယ်ပါနဲ့ ၊ သင့်အနားက လုပ်ဖော်ကိုင်ဖက်တွေက ရွေးချယ်ပေးပါလိမ့်မယ်။
No comments:
Post a Comment