အချစ်ရေး အဆင်မပြေသောအခါ အမျိုးသားများသည် အမျိုးသမီးများထက် ပိုမိုထိခိုက်ခံစားရ - NAING NAING SANAY MYANMAR NEWS
skip to main  |
      skip to sidebar
          
        
          
        
အချစ်ရေး အဆင်မပြေသောအခါ အမျိုးသားများသည် အမျိုးသမီးများထက် ပိုမိုထိခိုက်ခံစားရ
 အချစ်ရေး၌ စိတ်မချမ်းသာဘဲ ရှုံးနိမ့်ရသောအခါ အမျိုးသားများသည် 
အမျိုးသမီးများထက် ပိုမိုနာကျင်ခံစားရလေ့ရှိသည်ဟု လေ့လာမှုတရပ် အရ 
သိရကြောင်း ကျန်းမာရေးနှင့် လူမှုရေးဂျာနယ်တွင် ဖော်ပြထားသည်။ 
ကယ်လီဖိုးနီးယား မြောက်ပိုင်း Wake Forest တက္ကသိုလ်မှ ပါမောက္ခ Robin Simon က
 အဆိုပါ သုတေသနလုပ်ငန်းကို ဦးဆောင်ခဲ့ခြင်းဖြစ်ပြီး အသက် ၁၈ နှစ်မှ ၂၃ 
နှစ်အတွင်းရှိ လက်မထပ်ရသေးသော အမျိုးသားနှင့် အမျိုးသမီး ၁၀၀၀ ကျော်ကို 
လေ့လာခဲ့ကြောင်း FOX သတင်းဌာန က ဖော်ပြခဲ့သည်။
 
 လေ့လာမှုမှ ရရှိလာသော အချက်အလက်များကို နှိုင်းယှဉ်ချက်အရ အချစ်ရေးတွင် 
လမ်းခွဲ အဆုံးသတ်သောအခါ အမျိုးသားများသည် အမျိုးသမီးများထက် 
ပိုမိုစိတ်ထိခိုက် ခံစားရကြောင်း သိရသည်။ ထိုအချက်က အမျိုးသားများသည် 
အမျိုးသမီးများထက် ပျော်ရွင်ဖွယ်ကောင်းသောအချစ်ရေးတွင် ပိုမို စိတ်တက်ကြွပျော်ရွင်ကြပြီး၊စိတ်မချမ်းသာစရာအခြေအနေမျိုးတွင်လည်း ပိုမိုကြီးမားသော စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ကြုံတွေ့ရသည်ကို ဖော်ပြလျက်ရှိသည်။
 လူငယ်များအနေဖြင့် အဆင်မပြေသော အချစ်ရေးတွင် မိမိကိုယ်ကို ယုံကြည်မှု 
ပျောက်ဆုံးသည်အထိ ခံစားရလေ့ရှိကြောင်း ပါမောက္ခ Robin Simon က ပြောပါသည်။ 
ဤသုတေသနမှ ထွက်ပေါ်လာသော အံ့အားသင့်ဖွယ်အဖြေမှာ လူငယ် အမျိုးသားတစ်ဦးအတွက် 
ဘဝတွင် အကြီးမားဆုံး ပတ်သက်ရင်းနှီးသူမှာ သူ၏ ချစ်သူဖြစ်ပြီး 
အမျိုးသမီးများအတွက်မူ သူတို့၏ အရင်းနှီးဆုံးသူမှာ ချစ်သူထက်စာလျင် 
သူငယ်ချင်း သို့မဟုတ် မိဘဖြစ်သည်ဟု သိရသည်။   
 
 
 
 
          
      
 
  
 
 
 
  
No comments:
Post a Comment