အင်းစိန်မြို့နယ်တွင် အပြန်အလှန်စကားများရာမှတဆင့် လူသတ်မှုဖြစ်ပွားခဲ့ - NAING NAING SANAY MYANMAR NEWS
Headlines News :

Tuesday, October 2, 2012

အင်းစိန်မြို့နယ်တွင် အပြန်အလှန်စကားများရာမှတဆင့် လူသတ်မှုဖြစ်ပွားခဲ့



အင်းစိန်မြို့နယ်တွင် အပြန်အလှန်စကား
များရာမှ တဆင့် လူသတ်မှုတစ်ခု
ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၂၈ရက်နေ့ ည ၁၁နာရီ ၂၀အချိန်၊ အင်းစိန်မြို့နယ်၊ ကမ်းနားလမ်း
အလယ်ရပ်ကွက်၊ လှိုင်မြစ်လမ်းရှိ ကုန် စုံဆိုင်တစ်ဆိုင်ရှေ့လမ်းမပေါ်တွင်

အောင်ကိုကို၊ ၂၆နှစ် နှင့် ညီဖြစ်သူ ချစ်ကို၊ ၂၀နှစ် (ကုန်စုံဆိုင်လုပ်သား)
တို့မှာ အရက်အတူထိုင်သောက်နေစဉ် လှိုင်မြစ်လမ်းအတိုင်း အရက်မူး
ကာလမ်းလျောက်လာသည့် အမျိုးသားသုံးဦးတို့နှင့် အပြန်အလှန်စ ကားများကြပြီး
အောင်ကိုကိုအား အဆိုပါ အမျိုးသားသုံးဦးမှ ၀ိုင်းဝန်းထိုးကြိတ်ကြကာ အမျိုးသား
တစ်ဦးမှ အသင့်ယူလာသောဓားနှင့် ထိုးခဲ့သဖြင့် အောင်ကိုကိုမှာ ၀ဲဘက်ရင်အုံတွင် ထိုးသွင်းဒဏ်ရာတစ်ချက် ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း
သိရသည်။

အဆိုပါဖြစ်စဉ်မှ ကျူးလွန်ခဲ့သူ အမျိုးသားသုံးဦးအနက်မှ တစ်ဦးကိုသာ ဖမ်းဆီး

စစ်ဆေးနေကြောင်း သိရှိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံးခဲ့သူ အောင်ကိုကို၏ ဖခင် ဖြစ်သူ ဦးအောင်

သန်းက ''အခုချိန်မှာ ကျွန်တော့်အနေနဲ့ ဥပဒေအတိုင်းပဲ ဆက်သွားပါမယ်။
အခုမိထားတဲ့ တစ်ယောက်က အဓိကတရားခံ မဟုတ်ပါဘူး။

ကျွန်တော့်ရဲ့ သားကို ဓားနဲ့ထိုးခဲ့တဲ့ အဓိကတရားခံက အခုချိန်ထိ လွတ်မြောက်နေ

ဆဲပဲလို့ သိရပါတယ်။

ဒီကိစ္စကို အမြန်ဆုံးဖြစ် အောင် ဖိဖိစီးစီးလုပ်ပေးပါလို့ တောင်းဆိုချင်ပါတယ်''

ဟု ပြောကြားခဲ့သည်။

''ဒီဖြစ်စဉ်မှာ ကျူးလွန်ခဲ့တဲ့သူ သုံးယောက်အနက် တစ်ယောက်ကို ဖမ်းမိ

ထားပါတယ်။ ကျန်တဲ့ နှစ်ယောက်ကို ဖမ်းဆီးရမိဖို့အတွက် ဆက်လက်စုံစမ်းဆောင်
ရွက်နေပါတယ်''ဟု အင်းစိန်မြို့နယ်၊ရဲစခန်းမှ မြို့နယ်မှူးဖြစ်သူ ဒုရဲမှူးမြင့်သိန်းက
ပြောကြားခဲ့သည်။

အင်းစိန်ရဲစခန်း (ပ) ၁၃၈၆/ ၂၀၁၂ ပုဒ်မ ၃၀၂/ ၁၁၄ ဖြင့်လည်းကောင်း အမှုဖွင့်ပြီး

အမှုစစ်မှ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template